Thursday, February 26, 2015

မြန်မာပြည်မှာ ခရီးစဉ် တစ်ထောက်ရပ်နားမယ့် နေရောင်ခြည် စွမ်းအင်သုံးလေယာဉ် Solar Impulse 2 ရဲ့ နည်းပညာများ



ကမ္ဘာတစ်ပတ် ပျံသန်းမယ့် နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်Solar Impulse 2 (Si2) က မြန်မာနိုင်ငံကို မတ်လ ၁ဝ ရက်မှာ ဆိုက်ရောက်ရပ်နားမှာ ဖြစ်ပါတယ်။ ခရီးစဉ် တစ်လျှောက်မှာ လေးခုမြောက် ရပ်နားမှု အဖြစ် မြန်မာနိုင်ငံ မန္တလေးမြို့မှာ ရပ်နားမယ်လို့ သတ်မှတ်ထားပါတယ်။
အခုလို မြန်မာနိုင်ငံတွင် ဆိုက်ရောက် ရပ်နားနိုင်ဖို့အတွက် ပြည်တွင်းမိတ် ဖက် အဖွဲ့အစည်းဖြစ်သည့် First Myanmar Invest-ment Co., Ltd.(FMI) နှင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများဖြစ်တဲ့ Schindler နှင့် ABB တို့က ပါဝင်ပူးပေါင်းကူညီခဲ့ကြပါတယ်။

Si2 ရဲ့ ကမ္ဘာတစ်ပတ်ခရီးစဉ်ဟာ မိုင်ပေါင်း ၂,၂ဝဝ ရှိမှာဖြစ်ပြီး အချိန်ငါးလ တာအတွင်း ပျံသန်းနေမှာ ပါ။ လောင်စာ စွမ်းအင်သုံးတာမဟုတ်ဘဲ နေရောင်ခြည်စွမ်းအင်နဲ့ နေ့ရောညပါ ပျံသန်းနိုင်အောင် Si2 ကို ဘယ်လို ဖန်တီးထားသလဲဆိုတာကို ရှာဖွေဖော်ပြလိုက်ပါတယ်။ Solar Impulse 2 ရဲ့ အသေးစိတ် အချက်အလက်များ

Si2 လေယာဉ်ကို ကာဗွန်ဖိုက်ဘာနဲ့ ပြုလုပ်ထားပါတယ်။ လျှပ်စစ်မော်တာ လေးလုံးတပ်ဆင်ထားပြီး ဒီ မော်တာတွေ အလုပ်လုပ်ဖို့အတွက်ကို တောင်ပံတစ်ခုလုံးမှာ တပ်ဆင်ထားတဲ့ ဆိုလာဆဲလ်ပေါင်း ၁၇, ဝဝဝ ကနေ ရောင်ခြည်စွမ်းအင်ကို ရယူပြီး ပါဝါပေးမှာဖြစ်ပါတယ်။ အတောင်အလျားက ၇၂ မီတာရှိမှာ ဖြစ် ပါတယ်။ အရွယ်အစားက ဘိုရင်း ၇၄၇ ဂျက်လေ ယာဉ်ထက်တောင် ကြီးမားပါတယ်။ ဒါပေမဲ့ အလေး ချိန်ကတော့ ကားတစ်စီးစာလောက် ပဲရှိတယ်လို့ ဆိုပါတယ်။ အမြင့်ပေ ၂၇,ဝဝဝ မှာ တစ်နာရီကို ကီလိုမီ တာ ၁၄ဝ နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။ လေယာဉ်ရဲ့ကိုယ်ထည်မှာ တပ်ဆင်ထားတဲ့ ဆိုလာဆဲလ်တွေက လေ ယာဉ် ပျံသန်းနိုင်ဖို့ နေရောင်ခြည်စွမ်းအင်ကို ရယူပေးနေမှာပါ။

လေယာဉ် ဘယ်လို ပျံသန်းမလဲ

ပေါ့ပါးတဲ့ကိုယ်ထည်ကြောင့် ပျံသန်းဖို့ ဖြစ်နိုင်ပါ့မလားလို့ တွေးကြပါလိမ့် မယ်။ လေယာဉ်ကို ကွေ့ဖို့ဆိုရင် သာမန်လေယာဉ်တွေထက် အချိန်ပိုယူရပါမယ်။ ဒါပေမဲ့ လေယာဉ်ပျံသန်းနိုင်ဖို့ အကြိမ်ကြိမ်စမ်းသပ်ခဲ့ပြီး ပါပြီ။ ရှေ့မှာ Solar Impulse 1 က ၂၆ နာရီကြာပျံသန်းမှုနဲ့ စံချိန်တင်ထား ခဲ့ပါတယ်။ လေယာဉ်မှူးရဲ့ လုံခြုံမှု အတွက်လည်း ထည့်သွင်းစဉ်းစား ထားပါတယ်လို့ ဆိုပါတယ်။

နေရောင်ခြည် စွမ်းအင်သုံး အကြာရှည်ဆုံး ပျံသန်းမှု

နေရောင်ခြည်စွမ်းအင်သုံး လေယာဉ် ပျံသန်းမှုမှာ Si2 ရဲ့ပျံသန်းမှုက အကြာရှည်ဆုံး ပျံသန်းမှုအဖြစ် မှတ်တမ်းဝင်တော့မှာ ဖြစ်ပါ တယ်။ နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်ဖြစ်တဲ့ Solar Impulse 1 က ဥရောပ ကိုဖြတ်ပြီး ၂၆ နာရီကြာပျံသန်းမှုနဲ့ စံချိန်တင်ထားခဲ့ပါတယ်။

ဒီတစ်ခါပျံသန်းမှုကတော့ ငါးလတာ ကြာမြင့်မှာဖြစ်ပြီး ကမ္ဘာတစ်ပတ် ပျံသန်းပြမှာပါ။ အတ္တလန္တိတ်နဲ့ ပစိဖိတ်သမုဒ္ဒရာတွေကို ဖြတ်ကျော် ပျံသန်းဖို့အတွက် နေ့ရော ညပါ ငါးရက်အထိ ပျံသန်းရလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

နာရီ ၅ဝဝ စိန်ခေါ်မှု

လယာဉ်မောင်းသူနှစ်ယောက်ဟာ အလှည့်ကျလေယာဉ်ကို ထိန်းချုပ်သွားမှာပါ။ လေယာဉ်မောင်း အခန်း ကျဉ်းထဲက တစ်ကိုယ်တော် နာရီ ၅ဝဝ က စိန်ခေါ်မှုပါပဲ။ လေယာဉ်မောင်းတွေအတွက် ရေချိုးခန်းရောပါ ရဲ့လား။ ရေချိုးခန်းမပါပေမယ့် လေယာဉ်မောင်းထိုင်ခုံရဲ့အောက်မှာ အိမ်သာတော့ ထည့်သွင်း တည် ဆောက်ထားပါတယ်လို့ ဆိုပါတယ်။ နာရီ ၅ဝဝ စိန်ခေါ်မှု က စိတ်ဝင်စားစရာပါပဲ။

စွမ်းအင် ချွေတာနိုင်မှု

စွမ်းအင်ပြဿနာကို နည်းပေါင်းစုံနဲ့ ဖြေရှင်းနေကြချိန်မှာ နေရောင်ခြည်စွမ်းအင်သုံးလေယာဉ်က စွမ်းအင်ချွေ တာမှုအတွက် ပြယုဂ် တစ်ခု ဖြစ်ခဲ့ပါတယ်။ နေရောင်ခြည် စွမ်းအင်သုံးလေယာဉ်က အစပြုလို့ ကမ္ဘာ့စွမ်း အင်ရဲ့ ၅ဝ ရာခိုင်နှုန်းကို ချွေတာနိုင်လိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် Si2 မြန်မာနိုင်ငံ၊ မန္တလေးမြို့မှာ သုံးရက်တာ ဆိုက်ရောက်ရပ်နား မှာ ဖြစ် ပါတယ်။ လေယာဉ် ရပ်နားစဉ်မှာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေကို ပညာရပ်ပိုင်းဆိုင် ရာ လေ့လာချိန်များသာမက လေယာဉ်မှူးတွေနဲ့ တွေ့ဆုံပြီး စွမ်းအင်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို လေ့ လာနိုင်ဖို့ စီစဉ်ထားတယ်လို့ FMI က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အများပြည်သူကိုလည်း လေ့လာခွင့်ပေးသွားမယ်လို့ ဆိုထားပါတယ်။ ဒီလေယာဉ်က မတ်လ ၁ဝ ရက်မှာ မြန်မာနိုင်ငံ ကို ရောက်လာဖို့ လျာထားသတ်မှတ်ပါတယ်။ ရာသီဥတု အခြေအနေအပေါ် မူတည်ပြီး ရက်အပြောင်းအလဲတော့ ဖြစ်နိုင် ပါတယ်။ ပြည်တွင်း ရောက်လာတဲ့အခါမှ သေသေချာချာ လေ့လာကြ ရအောင်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List