Friday, February 27, 2015

အလုပ်သမားသပိတ်ကြောင့် တစ်ရက်လျှင် ကျပ်သိန်းလေးဆယ်ဖိုးခန့် ဆုံးရှုံးခဲ့ရဟု စက်ရုံထုတ်ပြန်


အလုပ်သမားများ သပိတ်မှောက်ခဲ့သည့် ၁၅ ရက် တာကာလအတွင်း စက်ရုံဘက်မှ တစ်ရက်လျှင် ကျပ်သိန်း ၄၀ ကျော်ဖိုး ဆုံးရှုံးနစ်နာခဲ့ကြောင်း ရွှေပြည်သာစက်မှုဇုန်ရှိ E-Land Myanmar အထည်ချုပ်စက်ရုံက ကြေ ညာသည်။
ဆန္ဒပြအလုပ်သမားများ သည် ဖေဖော်ဝါရီ ၂ ရက်ကတည်း က စက်ရုံဝင်ထွက်ပေါက်များကို ပိတ်ဆို့ ခဲ့ခြင်းဖြစ်ပြီး အလုပ်လုပ် ကိုင်လိုသော အလုပ်သမားများ ကိုလည်း စက်ရုံအတွင်းသို့ ဝင် ထွက်ခွင့်မပြု ခဲ့ကြောင်း ကုမ္ပဏီ ဘက်ကပြောဆိုခဲ့ကာ စက်ရုံလည် ပတ်မှုရပ်တန့်ခဲ့ရကြောင်း၊ ယင်း ကာလအတွင်း ကျပ်သိန်း ၆၀၀ ကျော်ဖိုးဆုံးရှုံးနစ်နာခဲ့ကြောင်း E-Land Myanmar အထည်ချုပ် စက်ရုံက ဖေဖော်ဝါရီ ၁၆ ရက်စွဲ ဖြင့် ကြေညာခဲ့
သည်။

ရွှေပြည်သာစက်မှုဇုန်ရှိ E-Land Myanmar အထည်ချုပ် စက်ရုံမှ အလုပ်သမားများသည် အခြားစက်ရုံ များဖြစ်သည့် Red Stone၊ Ford Glory၊ Costec စသည့်အထည်ချုပ်စက်ရုံများမှ အလုပ်သမားများနှင့်အတူ လုပ်ခ လစာတိုးမြှင့်ရေးအတွက် ဆန္ဒ ထုတ်ဖော်နေကြခြင်းဖြစ်သည်။

တောင်းဆိုချက်များကို လိုက်လျောမပေးပါက ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့သို့ ချီ တက် ဆန္ဒပြ မည်ဟု အလုပ်သမားများဘက်က ကြွေးကြော်ခဲ့ ပြီးနောက် အစိုးရအရာရှိများက အလုပ်ရှင်နှင့် အလုပ်သမား အကြား ကြားဝင်စေ့စပ်ပေးခဲ့ သော်လည်း အလုံးစုံပြေလည်မှု မရခဲ့ပေ။ နှစ်ဖက်စေ့စပ်ညှိနှိုင်းမှု ပျက် သွားပြီးနောက် စက်ရုံရှေ့ပိတ်ဆို့ဆန္ဒပြခဲ့သည့် အလုပ်သမားများအား အစိုးရက သတိပေးကာ သပိတ်စခန်း များ ဖြိုခွဲခြင်း၊ အလုပ်သမားခေါင်းဆောင်များ ကို ဖမ်းဆီးခြင်းများပြုလုပ်ခဲ့ သည်။

‘‘အစိုးရက အလုပ်သမား တွေပြေလည်သွားပြီဆိုပြီး စာ ထုတ်တယ်။ မပြေလည်သေးဘဲ ဆန္ဒပြနေတဲ့ သူတွေက အများကြီး ရှိသေးတယ်။ လစာတိုးပေးတယ် သာပြောတယ် တစ်ဖက်က ရက် မှန်ကြေး ကိုပြန်လျှော့ တယ်’’ဟု ဆန္ဒပြအလုပ်သမားတစ်ဦးက ပြောသည်။

အစိုးရက သတ်မှတ်ပေးပြီး နောက် ဆန္ဒပြအလုပ်သမားများ သည် E-Land Myanmar အထည်ချုပ်စက်ရုံ ဝင်ပေါက်ပိတ် ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း ခဲ့ပြီး ဝင်ပေါက်နှင့် ဝေးရာနေရာများတွင် သပိတ်စခန်းဆက် လက် ဖွင့်ထားသည်။

စက်ရုံအလုပ်သမားများ ဆန္ဒဖော်ထုတ်စဉ် (ဓာတ်ပုံ−ကျော်ဇင်သန်း)
7Day Daily

No comments:

Post a Comment

My Blog List