Friday, February 27, 2015

လာမည့်နှစ်တွင် ဆွစ်ဇာလန်က မြန်မာကို သုံးဆတိုး ထောက်ပံ့မည်


ဆွစ်ဇာလန်က မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းရေး မဟာဗျူဟာ အရ ၂၀၁၆ ခုနှစ်နဲ့ နောက်ပိုင်းအ တွက် ထောက်ပံ့ငွေ သုံးဆအထိ တိုးမြှင့်သွား မှာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၁၁.၆ သန်း ထောက်ပံ့ခဲ့ပြီး အခု အမေရိကန်ဒေါ်လာ ၃၄.၈ သန်းထောက်ပံ့သွားမယ်လို့ ဆွစ်ဇာလန်သံရုံးက ထုတ်ဝေတဲ့ မဟာဗျူဟာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် သီးခြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တခုကိုလည်း ဆွစ်ဇာလန်နိုင်ငံ စီးပွားရေးရာ ဌာနက လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီမဟာဗျူဟာအရ အခြေခံလိုအပ်ချက်နဲ့ ရပိုင်ခွင့်တွေ မရကြသူတွေ၊ ဆင်းရဲဒုက္ခမျိုးစုံ ကြုံနေရသူတွေ၊ စစ်မက်ဒဏ်ခံနေရတဲ့ ပြည်သူတွေ။ ပြီးတော့ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းက လူနည်းစု တိုင်းရင်းသား မျိုးနွယ်တွေနဲ့ အမျိုးသမီးတွေကို ဦးတည်တာပါ။

ထောက်ပံ့မှုတွေကိုတော့ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ဒေသတွေ ဖြစ်တဲ့ ကယား၊ ကရင်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်း အရှေ့ပိုင်း၊ တနင်္သာရီတိုင်း မြောက်ပိုင်းမှာ ပြုလုပ်နေတာဖြစ်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ လွှတ်တော်က ၂၀၁၂-၁၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အသုံးစရိတ်ရန်ပုံငွေအဖြစ် လူမှု အဖွဲ့ အစည်းငြိမ်းချမ်းရေး လုပ်ငန်းတွေ မြှင့်တင်ဆောင်ရွက်ဖို့အတွက် အမေရိကန်ဒေါ်လာ သန်း ၃၅၀၊ နည်းပညာ၊ ဘဏ္ဍာရေးနဲ့ လူသားချင်းစာနာတဲ့ အကူအညီ ရန်ပုံငွေ ၂၀၁၃-၁၆ ခုနှစ် အတွက် အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံကို ခွင့်ပြုခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List