Tuesday, February 24, 2015

ကမ္ဘာပတ် နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် မန္တလေးသို့ မတ်လ ၁၀ ရက်နေ့ ဆိုက်ရောက်မည်


ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာပတ်မည့် နေရောင်ခြည်စွမ်းအင်တခုတည်းဖြင့် ပျံသန်းနိုင်သည့် Solar Impulse 2-Si2 သည် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မတ်လ ၁၀ ရက်နေ့တွင် ဆိုက်ရောက် မည် ဖြစ်ကြောင်း သတင်းရရှိသည်။

Si2 ဖြင့် မိုင်ပေါင်း ၂၂၀၀ ကို ၅ လတာ ပျံသန်းမည့် အဆိုပါခရီးစဉ်ကို မတ်လဆန်းတွင် အဘူဒါဘီ မြို့မှ စတင်ထွက်ခွါမည်ဖြစ်ပြီး၊ လေးခုမြောက်ရပ်နားရာအဖြစ် အရှေ့တောင်အာရှ နိုင်ငံများအနက် မြန်မာနိုင်ငံ တွင်သာ ရပ်နားမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ရပ်နားနိုင်ရန်အတွက် ပြည်တွင်းမှ First Myanmar Investment Co.Ltd (FMI)နှင့် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော Schindler ၊ ABB တို့မှ ပူးပေါင်းထောက်ပံ့ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ဆိုလာလေယာဉ် မန္တလေးမြို့၌ ဆိုက်ရောက်စဉ်ကာလအတွင်း တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ တထောင်ခန့်သည် ပညာရပ်ဆိုင်ရာများကို လေ့လာခွင့်ရရှိမည်ပြီး၊ လေယဉ်မှူးများနှင့်တွေ့ဆုံကာ Renewable Energy ဆိုင်ရာ ဗဟုသုတများရရှိနိုင်ရန် လေ့လာခွင့်ပေးသွားမည်ဖြစ်ကြောင်း Solar Impulse ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆိုလာလေယာဉ်သည် ဆွစ်ဇာလန်လူမျိုး လေယာဉ်မောင်းသူများဖြစ်သော Bertrand Piccard နှင့် Andre Borschberg တို့နှစ်ဦး ၁၂ နှစ်နှစ်ကြာ လေ့လာတီထွင်ခဲ့ပြီးနောက် အကောင်အထည် ပေါ်လာခြင်းဖြစ် သည်။ 

အဆိုပါ လေယာဉ်သည် အာရေးဗျ ပင်လယ်၊ အိန္ဒိယ၊ မြန်မာ၊ တရုတ်၊ ပစိဖိတ်သမုဒ္ဒရာ၊ အမေရိကန်၊ အတ္တ လန်တိတ် သမုဒ္ဒရာနှင့် ဥရောပတောင်ပိုင်း သို့မဟုတ် အာဖရိကမြောက်ပိုင်းတို့ကို ဖြတ်၍ပျံသန်း မည်ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းမေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List