Friday, February 27, 2015

အမျိုးသားစွမ်းအင်မူဝါဒ ပြည့်စုံမှုမရှိဟု အရပ်ဘက် အဖွဲ့အစည်းများ ပြောကြား


သမ္မတရုံးကအမိန့်ကြော် ငြာစာဖြင့် ထုတ်ပြန်လိုက်သည့် အမျိုးသားစွမ်းအင် မူဝါဒမှာ အများပြည်သူ၏ ဆန္ဒကို စစ်တမ်းအ ဖြစ် ကောက်ယူပြီး လုပ်ဆောင် ခြင်းမရှိသဖြင့် ပြည့်စုံသည့်မူဝါဒမဟုတ်ကြောင်း ဖေဖော် ၀ါရီ ၂၆ ရက်က အင်းလျားလိတ်ဟိုတယ်၌ ကျင်းပပြုလုပ်သည့် မြန်မာ့စွမ်း အင်အနာဂတ် ညီလာခံတွင် အ ရပ်ဘက် လူ့အဖွဲ့အစည်းများက ပြောသည်။
၂၀၁၅ ဇန်န၀ါရီ ၆ ရက်က ထုတ်ပြန်လိုက်သည့် အမျိုးသားစွမ်းအင်မူဝါဒမှာ လက်ရှိ အရပ်ဘက် အဖွဲ့ အစည်းများ ဆောင်ရွက်နေသည့် လူထုအခြေပြု စွမ်းအင် မူဝါဒနှင့် ကိုက်ညီမှု မရှိသောကြောင့် မူဘောင် ပြန်လည်ရေးဆွဲ သင့်ကြောင်း spectrum မှ မြန်မာနိုင်ငံကိုယ်စားလှယ် ဒေးဗစ်အလန်က ပြော သည်။

‘‘လူထုက အောက်ခြေမှာ လုံ  လောက်တဲ့ စွမ်းအင်မရသေးဘူး။ ကိုယ်ထူ ကိုယ်ထ ကျင့်သုံးနေရ တယ်။ မဟာဓာတ်အားလိုင်းကြီး တွေက ကောင်းကင် ပေါ်က ဖြတ် သွားတယ်။ ဒီနေ့ထိ ရွာတွေမှာ မီး မရသေးဘူး။ အစိုးရကဆွဲတဲ့ မူ ဘောင်ထဲမှာ ဒါတွေက တိတိကျ ကျ ပါမလာဘူး’’ ဟု ထားဝယ်မြို့ နယ် အရပ်ဘက်အဖွဲ့ အစည်းတစ် ခုမှ အမျိုးသမီးတစ်ဦးက ဆိုသည်။

ထို့ကြောင့် ဖေဖော်ဝါရီ ၂၅ ရက်နှင့် ၂၆ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် စွမ်းအင်အနာဂတ် ညီလာခံမှ ရရှိလာသည့် သဘောထားမှတ်ချက်များ၊ တောင်းဆိုချက်များကို နိုင်ငံတော် သမ္မတရုံးမှ သမ္မတရုံး ၀န်ကြီး ဦး စိုးသိန်း အပါအ၀င် စွမ်းအင်ဝန် ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာနသို့ ပို့ဆောင်သွား မည်ဖြစ်ကြောင်း အဆိုပါ ညီလာခံတွင် ဆုံးဖြတ် သည်။

၂၀၁၅ ဇန်န၀ါရီ ၆ ရက်က နိုင်ငံတော်  သမ္မတရုံးမှ ထုတ်ပြန်လိုက်သည့် အမျိုးသား စွမ်းအင်မူဝါဒတွင် အချက်ကိုးချက်ပါဝင်ပြီး အသေးစိတ် ယေဘုယျကျသည့် မူဝါဒမျိုး မဟုတ်ဘဲ အပေါ်ယံဟန်ပြ ထုတ်ပြန်သည့် မူဝါဒသာဖြစ်ပြီး အနာဂတ်တွင် စွမ်းအင်လောင်စာကို စီးပွားရေးဆန်ဆန် ထုတ်လုပ်ရန် ဦးစားပေးထားသည့် မူဝါဒမျိုးဖြစ်ကြောင်း အရပ်ဘက် လူ့အဖွဲ့အစည်းများက ထောက်ပြသည်။

ယခု မူဘောင်မှာ လုံးဝပြည့် စုံသည်ဟု ပြော၍မရသော် လည်း ထပ်မံပြီး ကျေးလက်နေ ပြည်သူ စွမ်းအင် လိုအပ်ချက်ရှိနေသောဒေသများ အတွက်လည်း လို အပ်သည့် အချက်အလက်များဦးစားပေးထည့်သွင်းပြီး မူဘောင် အသစ်များ ထပ်တိုးလုပ်ဆောင် ရန် လိုအပ်ကြောင်း သတ္တုနှင့် သ ယံဇာတ ကော်မတီဥက္ကဋ္ဌ ဦးလှ ဆွေက ဆိုသည်။

7Day News Journal

No comments:

Post a Comment

My Blog List