Tuesday, February 24, 2015

အွန်လိုင်းအခြေပြု အမုန်းစကားတိုက်ဖျက်ရန် ဂူဂယ်နှင့် ဖေ့စ်ဘွတ်ကို ပြင်သစ်သမ္မတ တိုက်တွန်း


ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန်ဒီက အွန်လိုင်းအခြေပြု အမုန်းစကားတိုက်ဖျက်ရေး ဆောင်ရွက်ကြဖို့ ဂူဂယ်နဲ့ ဖေ့စ်ဘွတ် အင်တာနက်ကုမ္ပဏီတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီိ ၂၃ ရက်နေ့က တိုက်တွန်းလိုက်ပါ တယ်။ မြို့တော်ပါရီက ဂျူးအုပ်စုတစုကို မိန့်ခွန်းပြောရင်း တိုက်တွန်းခဲ့တာပါ။

ဧပြီလက ညီလာခံတခုမှာလဲ အွန်လိုင်းပေါ်က အမုန်းစကား ပြန့်ပွားမှုကို ဘယ်လို တိုက်ရမယ်ဆိုတာ အဓိက အင်တာနက်က်ကုမ္ပဏီတွေနဲ့ သဘောတူဖို့ ပြင်သစ်သမ္မတက ဖိအားပေး ပြောဆိုခဲ့ဖူးပါတယ်။

လူမျိုးရေးခွဲခြားမှု၊ ဂျူးနဲ့ ဆီမိုက်အနွယ်ဝင်လူမျိုးတွေကို ဆန့်ကျင်မှုတွေပါတဲ့ စာသားတွေကို တားမြစ်ဖို့ သဘောတူညီချက်ရရေးအတွက် ဧပြီလက စပြီး ညှိနှိုင်းခဲ့တယ်။ အင်တာနက် ကုမ္ပဏီကြီးတွေရဲ့ ခေါင်းဆောင်တွေနဲ့ တိကျရှင်းလင်းတဲ့ လမ်းညွှန်ချက်ကို သတ်မှတ်ပြီး အကောင်အထည်ဖော် ထိန်းချုပ်သွား မယ်လို့ ပြင်သစ်သမ္မတက ပြောပါတယ်။

ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန်ဒီကတော့ “ဇန်နဝါရီလက မြို့တော်ပါရီက အစ္စလာမ္မစ် အကြမ်းဖက် သမားတွေရဲ့ တိုက်ခိုက်မှုတွေအတွင်း သေဆုံးသူ ၁၇ ယောက်ထဲမှာ ဂျူးလူမျိုး ၄ ဦး ပါပါတယ်။ ဗလီတွေနဲ့ ဂျူးဘုရားကျောင်းတွေမှာ လုံခြုံရေးတွေကို လိုအပ်သရွေ့ ထပ်တိုးချထားမှုတွေ ဆက်ရှိနေမယ်အပြင် နိုင်ငံ အတွင်း ဂျူးနဲ့ ဆီမိုက်အနွယ်ဝင်တွေကို ဆန့်ကျင်ရေးဝါဒအတွက် နေရာမရှိခဲ့ဘူး။ ဒီအရေးကို ထိန်းချုပ်ဖို့ သူအစိုးရက မလွဲမသွေ ဆောင်ရွက်မယ်။”လို့ ပြောပါတယ်။

ဒါအပြင် စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ စာရင် အမုန်းစကား အမှုကိစ္စတွေကို ရာဇဝတ်မှုတရားရုံးတွေက ပိုပြီး ကိုင်တွယ်သင့်တယ်လို့ ပြင်သစ်သမ္မတက ဆက်ပြောပါတယ်။

DVB

No comments:

Post a Comment

My Blog List