Thursday, February 26, 2015

ကိုးကန့်ခေါင်းဆောင်အဖြစ် ရွေးချယ်ထားသူရှိသောကြောင့် ဖုန်ကြားရှင် အဖွဲ့အား သောင်းကျန်းသူဟုသုံးနှုန်းခြင်းဟု ဦးရဲထွဋ် ပြော


လောက်ကိုင်ဒေသတွင် ဖြစ်ပွားနေသော ဖုန်ကြားရှင်အဖွဲ့နှင့် အ စိုးရ တပ်မတော်၏ တိုက်ပွဲတွင် ဖုန်ကြား ရှင်အဖွဲ့အား အစိုးရအနေဖြင့် သောင်း ကျန်းသူဟု ခေါ်ဝေါ်သုံးစွဲနေခြင်းမှာ လက်ရှိ ကိုးကန့်ခေါင်းဆောင် အဖြစ် ရွေးချယ်ထားသူရှိသောကြောင့် ယခုလို သုံးနှုန်းရခြင်းဖြစ်ကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိ သူ ပြည်ထောင်စု ဝန်ကြီးဦးရဲထွဋ်က ပြောသည်။
ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် သည် ရန်ကုန်မြို့ရှိ အမေရိကန်စင်တာ တွင် ဖွင့်လှစ်နေသော ရွေးကောက်ပွဲ ကဏ္ဍ သတင်းရေးသားနည်းသင်တန်း သို့ ဖေဖော်ဝါရီ ၂၅ရက်က လာရောက် ၍ ဟောပြောပို့ချရာတွင် ယင်းသို့ပြော ဆိုခဲ့ခြင်းဖြစ်သည်။

''ဖုန်ကြားရှင်က ရဲဝန်ထမ်းတွေ ကိုသတ်ပြီးတော့ ပြည်ပကို ထွက်ပြေး သွားတယ်။ ပြီးတော့ ပြန်လာပြီး ကျွန် တော့်ကို ရပ်ကွက်ထဲကို ဝင်ရောက်ခိုး ယူ၊ ဓားပြတိုက်သလိုတွေ အခုလုပ် နေတယ်။ သူက ကိုးကန့်ခေါင်းဆောင်ပါ ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ ကိုးကန့် ဒေသကို အုပ်ချုပ်တဲ့ ကိုးကန့်ခေါင်း ဆောင် ကို ဒေသခံတွေက ရွေးချယ်တင် မြှောက်ထားတာရှိပါတယ်။

ဒါကိုသူက အခုလို တိုက်ပွဲတွေဆင်နွှဲနေတာဟာ သောင်းကျန်းသူလို့ ခေါ်ဝေါ်သုံးစွဲ တာပါ''ဟု ပြည်ထောင် စုဝန်ကြီးဦးရဲ ထွဋ်က ဆိုသည်။

လက်ရှိမြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၆ဖွဲ့ရှိသည့်အနက် ပြည်တွင်းတွင် ဖြစ် ပွားနေသော ကေအိုင်အေနှင့် အစိုးရတပ်မတော်၏ တိုက်ပွဲသည် အိမ်တွင်းရှိ ညီအစ်ကိုအချင်းချင်းသာ ရန် ဖြစ်နေခြင်းဖြစ်၍ သောင်းကျန်းသူအဖြစ် သုံးစွဲပြောဆိုရန် မဖြစ်နိုင်ဘဲ ဖုန်ကြားရှင်အနေဖြင့် ပြည်ပြေး တစ်ဦးဖြစ်သလို တရားဝင်ခန့်အပ်ထားသော ကိုးကန့်ခေါင်းဆောင်ရှိနေသော ကိုးကန့် ဒေသအား တိုက် ခိုက်နေသူဖြစ်ခြင်း ကြောင့် သောင်းကျန်းသူဟု သုံးစွဲရ ခြင်းဖြစ်သည်ဟု ၄င်းကရှင်းပြသည်။

‪#‎TheYangonTimes‬

No comments:

Post a Comment

My Blog List