မြန်မာဘာသာနဲ့ ဂျီးမေလ်းကို အသုံးပြုနိုင်ပြီလို့ အင်တာနက် ၀န်ဆောင်မှုတွေ ပေးနေတဲ့ ဂူဂဲလ်က ဖေဖော် ၀ါရီ ၂၅ ရက်က ကြေညာပါတယ်။ ဒီအတွက် ဂျီမေလ်းကို ဘာသာ ၇၄ ခုနဲ့ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်မှာ မြန်မာ လူ ၅ သိန်းခန့် အင်တာနက်ကို အသုံးပြုနိုင်ခဲ့ပြီး လက်ရှိမှာတော့ ၂.၆ သန်း အထိ တိုးတက်လာတယ်လို့ သူက ပြောပါတယ်။
ဘာသာရဲ့ သိမ့်မွေ့မှုကို ဖမ်းဆီးပြီး ဘာသာပြန်တာတွေကို တိကျလိုက်လျော့ ညီထွေ ပြည်စုံအောင် လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။
၂၀၁၃ ဧပြီ ကလည်း ဂူဂဲလ် ရှာဖွေရေး အင်ဂျင်ကို မြန်မာနဲ့ လုပ်ဆောင်ခဲ့သလို မကြာခင်ကလည်း မြန်မာ ဘာသာနဲ့ ဂူဂဲလ်မှာ ဘာသာပြန်နိုင်ပြီ ဖြစ်ပါတယ်။
DVB
No comments:
Post a Comment