Friday, February 27, 2015

ဖေဖေ ချစ်ကောင်းနဲ့ မေလမှာ ဖျော်ဖြေပွဲလုပ်မယ်ဆိုတဲ့ အိမ့်ချစ်

မြန်မာ့ဂီတထူးချွန်ဆု ပေးပွဲ ၂၀၁၄ တွင် ပရိသတ် အကြိုက်ဆုံးဆုရရှိခဲ့သည့် အိမ့်ချစ် က ဖခင်ဖြစ်သူ ချစ်ကောင်းနှင့် တွဲ၍ မေလတွင် ဖျော်ဖြေပွဲပြု လုပ်ရန် စီစဉ်ထားကြောင်း ပြောသည်။ ‘‘လောလော ဆယ်တော့ မေလ ၉ ရက် အမျိုးသားဇာတ်ရုံမှာ လုပ်ဖို့ လျာထားတယ်။ နေရာ သေချာပြီဆိုရင်တော့ အဲဒီ ရက်မှာလုပ်ဖြစ်ဖို့သေချာပါတယ်’’ဟု အိမ့်ချစ်ကပြောသည်။
မတ်လအတွင်း၌ ကိုရီးယား နိုင်ငံတွင် ပြုလုပ်မည့် 7 Ladies Show ၌ ပါဝင်ဖျော်ဖြေမည်ဖြစ်ပြီး ယခုရက်ပိုင်း တွင်လည်း မန္တ လေးနှင့် ပဲခူးမြို့များသို့ ဖျော်ဖြေရေးခရီးသွားရန်ရှိကြောင်း အိမ့် ချစ်ကပြောသည်။

‘‘သင်္ကြန်ကတော့ ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်မှာပဲရှိမယ်။ နောက်ပြီး မေလထဲမှာ သြစတြေး လျဖျော်ဖြေရေး သွားဖို့ရှိပါတယ်’’ ဟု အိမ့်ချစ်ကပြောသည်။

ပရိသတ်အကြိုက်ဆုံးအနု ပညာရှင်ဆုမှ ရရှိသည့် ရွှေနှစ် ကျပ်သားနှင့် ညီမျှသည့် ငွေများ အနက်မှ အလှူငွေ ကျပ်ငါးသိန်းကို လားရှိုးမြို့တွင် ရောက်ရှိနေ သော စစ်ဘေးရှောင်ပြည်သူများ၊ တိုက်ပွဲများကြောင့် ကျဆုံး သွားသော တပ်မတော်သားများ၏ မိသားစုဝင်များနှင့် တိုက်ပွဲဝင်တပ်မတော်သားများအတွက် ရွှေသံ စဉ်ဖောင်ဒေးရှင်းမှ တစ်ဆင့် လှူဒါန်းခဲ့ပြီး အခြားနေရာများ၌ လည်း လှူဒါန်းမည်ဟု အိမ့်ချစ်ကပြော သည်။

7Day News Journal

No comments:

Post a Comment

My Blog List