Friday, February 27, 2015

ခေါင်းဖြတ်မှုကျူးလွန်သည့် အိုင်အက်စ်မျက်နှာဖုံးဝတ် ဗြိတိန်နိုင်ငံသားဖြစ်ဟု ဆို


အနောက်နိုင်ငံသားတွေကို တဦးပြီးတဦး ခေါင်းဖြတ်သတ်နေတဲ့ မျက်နှာဖုံး ၀တ် အိုင်အက်စ်အစွန်းရောက် ဂျီဟတ်ဒီ ဂျွန် (Jihadi John) ဆိုသူဟာ ဗြိတိန်နိုင်ငံသား၊ မိုဟာမက် အမ်ဝါဇီ (Mohammed Emwazi) ဆိုသူ လို့ သိရှိထားကြောင်း ဗြိတိန် ထောက်လှမ်းရေးတွေက ပြောပါတယ်။
လန်ဒန်မြို့အနောက်ပိုင်းကလို့ ယုံကြည်ထားပြီး အရင်က လုံခြုရေး၊ စစ်ဆင်ရေး အကြောင်းပြ ချက်တွေကြောင့် သူ့ရဲ့နာမည်ကို မထုတ်ဖော်ခဲ့ တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လက အမေရိကန် သတင်းထောက် ဂျိမ်းစ်ဖော်လေ (James Foley) ကို ခေါင်းဖြတ် သတ်ဖြတ်တယ်ဆိုတဲ့ ဗွီဒီယိုမှာ ပထမဆုံး ပါဝင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်သတင်းထောက် စတီ ဗင် ဆော့လုဖ် (Steven Sotloff)၊ ဗြိတိန်လူမှုဝန်ထမ်း ဒေးဗစ်ဟိန်းစ် (David Haines)၊ ဗြိတိန်အငှား ယာဉ်မောင်း အယ်လန်ဟဲနင် Alan Henning နဲ့ အမေရိကန် လူမှုဝန်ထမ်း Peter တို့ကို ခေါင်းဖြတ်သတ်ဖြတ် မှု ဗွီဒီယိုတွေမှာ ပါဝင်ခဲ့ တာပါ။

၂၀၀၆ ခုနှစ်က ဆိုမာလီနိုင်ငံကို သွားရောက်ခဲ့လို့ ဗြိတိန်ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်စောင့်ကြည့်ခံခဲ့ရသူ စာရင်းမှာ ပါဝင်သူ၊ အယ်ရှာဘတ်အဝ ကမ်းဖက်အဖွဲ့ကို ငွေကြေးထောက်ပံ့ကူညီသူတဦးနဲ့လည်း ဆက်နွှယ်မှုရှိ ခဲ့တယ်လို့ ဆိုပါတယ်။

DVB

No comments:

Post a Comment

My Blog List