Wednesday, February 25, 2015

မူးယစ်မှု သေဒဏ်စီရင်ချက် ပြည်ပက ၀င်မစွက်ရန် အင်ဒို သမ္မတ သတိပေး





မူးယစ်ဆေးအမှုအတွက် သေဒဏ်ပေးတဲ့ကိစ္စမှာ ပြည်ပ နိုင်ငံတွေ ၀င်မစွက်ကြဖို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ၀ီဒိုဒိုက သတိပေး လိုက်ပါတယ်။

သြစတြေးလျ၊၊ ဘရာဇီးနဲ့ ပြင်သစ်တို့က အကြိမ်ကြိမ် မေတ္တာရပ်ခံနေပေမယ့် အပြစ်ကျူးလွန်တဲ့ လူ ၁၁ ယောက်ကို သေဒဏ်ချမယ့်ကိစ္စဟာ နှောင့်နှေးသွားဖို့ မရှိဘူးလို့ သူက ပြောပါတယ်။

သေဒဏ်ပေးတဲ့ကိစ္စဟာ အင်ဒိုနီးရှားရဲ့ ဥပဒေအရ ဆောင်ရွက်တဲ့ အချုပ်အခြာ အာဏာကိစ္စ ဖြစ်တယ်လို့ ၀ီဒိုဒိုက သတင်းထောက်တွေကို ပြောပါတယ်။

သေဒဏ်ကိစ္စနဲ့ ပတ်သက်လို့ ပြင်သစ်၊ ဘရာဇီးလ်နဲ့ နယ်သာလန်နိုင်ငံတို့က ခေါင်းဆောင်တွေနဲ့ တယ်လီ ဖုန်း စကားပြောခဲ့တယ်လို့လည်း ပြောပါတယ်။

သေဒဏ်ကျခံရမယ့် ရာဇ၀တ်သား ၁၁ ယောက်မှာ သြစတြေးလျနိုင်ငံသား ၂ ယောက်လည်း ပါဝင်ပါတယ်။

သေဒဏ်ကိစ္စကြောင့် သက်ဆိုင်တဲ့နိုင်ငံတွေနဲ့ အင်ဒိုနီးရှားတို့ကြားက ဆက်ဆံရေးမှာ အဖုအထစ်ဖြစ်နေ သလို  သြစတြေးလျက သံအမတ်ကြီးကို ပြန်ခေါ်ဖို့ စဉ်းစားနေတယ်လို့ ပြောပါတယ်။

ဘရာဇီးလ်နဲ့ နယ်သာလန်တို့ကတော့ အရင်လက သူတို့ နိုင်ငံသား ၂ ယောက်ကို မူးယစ်ဆေးဝါးအမှု နဲ့ သေဒဏ်ပေးတဲ့နောက်မှာ သံအမတ်တွေကို ပြန်ခေါ်ခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List