Friday, February 27, 2015

နိုင်ငံပိုင် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများအတွက် နိုင်ငံတော်မှ ဘတ်ဂျက်များ အကုန်အကျခံကာ အရှုံးခံ ထုတ်ဝေနေခြင်းမှာ မဖြစ် သင့်ကြောင်း လွှတ်တော်ပြန်ကြားရေးဆိုင်ရာ ကော်မတီ တင်ပြ


နိုင်ငံပိုင် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများအတွက် နိုင်ငံတော်မှ ဘတ်ဂျက်များ အကုန်အကျခံကာ အရှုံးခံထုတ်ဝေနေခြင်းမှာ မဖြစ်သင့်ကြောင်း လွှတ်တော်ပြန်ကြားရေးဆိုင်ရာ ကော်မတီဝင် ဦးခိုင်မောင်ရည် က ဖေဖော်ဝါရီ ၂၆ ရက်တွင် လွှတ်တော်၌ ဆွေးနွေးခဲ့သည်။
အစိုးရဝန်ကြီးဌာန အသီးသီး၏ ၂ဝ၁၅-၂ဝ၁၆ ခုနှစ် ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း လုပ်ငန်းများနှင့် ပတ်သက် ၍ မူဝါများကိုလွှတ် တော်ကိုယ်စားလှယ် အသီးသီးမှ ဆွေးနွေး ပြောကြားရာတွင် ပြည်သူ့လွှတ်တော်၊ အား ကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံဖြိုးတိုးတက်မှု ကော်မတီအဖွဲ့ဝင် ဦးခိုင်မောင်ရည်က ယခုကဲ့သို့ ထည့်သွင်းဆွေးနွေးခဲ့ ခြင်းဖြစ်သည်။

ဦးခိုင်မောင်ရည်က “ပြန်ကြားရေးဝန် ကြီးဌာနရဲ့ ရည်ရွယ်ချက်ထဲမှာ မြန်မာ့ အလင်း နဲ့ကြေးမုံသတင်းစာများ ကို အများပြည်သူ ဝန်ဆောင်မှု သတင်းစာ များအဖြစ် ပြောင်းလဲအကောင်အထည်ဖော်ရန်ဆိုတာ ပါပါတယ်။

အများပြည်သူဝန်ဆောင်မှု သတင်းစာတွေအဖြစ် ပြောင်းလဲတဲ့အခါ မှာ နိုင်ငံတော်က အရှုံးခံပြီး ပြောင်းလဲရ မယ်ဆိုတာမျိုး မဖြစ်သင့်ဘူး လို့ မြင်ပါတယ်။ ဝန်ဆောင်မှု၊  အခြားဝန်ဆောင်မှုတွေ၊ ကြော်ငြာကဏ္ဍတွေ ရရှိပြီးတော့ နိုင်ငံတော်က ဘတ်ဂျက်တွေ ကုန်ကျရမယ်ဆိုတဲ့ ကိစ္စမှာ ဒါပြန်လည်စဉ်းစားဖို့ လိုအပ်မယ်လို့ ကျွန်တော် အကြံပြုလိုပါတယ်” ဟု ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဦးခိုင်မောင်ရည်က “နောက် တစ်ခုက ပြန်ကြားရေးဝန်ကြီး ဌာနရဲ့ ရည်ရွယ်ချက်မှာ အမြဲတမ်း အတွင်းဝန်ရုံး ဖွဲ့စည်းရန်နှင့် ယင်းတို့ဖွဲ့စည်းနိုင်ရန် မြန်မာရုပ်ရှင် မြှင့်တင်ရေးဦးစီးဌာနကို ဖျက်သိမ်းပြီး ပြန် ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အောက်တွင် ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲအဖြစ် တစ်ခုဖွဲ့စည်းရန်ပါပါ တယ်။ အမြဲတမ်းအတွင်းဝန်ရုံး ဖွဲ့စည်းရန် ဆိုတဲ့ စကားရပ်ပါပါတယ်။

ယင်းတို့ဖွဲ့စည်းနိုင်ရန် မြန်မာ့ရုပ်ရှင်မြ§င့်တင် ရေးဦးစီးဌာနကို ဖျက်သိမ်းပြီး ဒီအမြဲတမ်း အတွင်းဝန်ရုံး ဖွဲ့စည်းရန်နဲ့ မြန်မာ့ရုပ်ရှင်မြှင့်တင်ရေး ဦးစီးဌာနကို ဖျက်သိမ်းတယ်ဆိုတာ ဒီဆက်စပ်မှု ဒီနေရာမှာ သီးခြား ခွဲဖို့ လိုအပ်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် ဝေးလံခေါင်သီသော ဒေသဖြစ်သည့် စစ်တွေမြို့၌ ပြန်ကြားရေး ဝန်ကြီးဌာန၏ ကိုယ်ပွားသတင်း စာတိုက် ဆောက်လုပ်မှု အတွက် ဘတ်ဂျက်ငွေ သန်း ၁၆ဝ ခွင့်ပြုခဲ့ သော်လည်း ယင်းအတိုင်းအတာအတိုင်း ထပ် တူတည်ဆောက်မည့် မုံရွာမြို့ ကိုယ်ပွားသတင်း စာတိုက်သည် စစ်တွေကိုယ်ပွားသတင်းစာတိုက် ထက် ကုန်ကျစရိတ်ပိုများနေသည့်အတွက် စိစစ်ကာ စစ်တွေကိုယ်ပွား သတင်းစာတိုက် ကုန်ကျစရိတ်အ တိုင်း သန်း ၁၆ဝ ကို ခွင့်ပြုပေးခဲ့ကြောင်း သို့သော် ပြန်ကြားရေး ဝန်ကြီးဌာနမှ လွှတ်တော်သို့ စာတစ်စောင်ပေးပို့ရာတွင် မုံရွာကိုယ်ပွားသတင်းစာတိုက်အား ဘတ်ဂျက်လျော့ချခြင်း မပြုရန်နှင့် မဖြစ်မနေ လျှော့ချရန်လိုပါက စီမံကိန်းတစ်ခု လုံးအား လာမည့် ၂ဝ၁၅ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခြင်း ကို ပယ်ဖျက်ဖြတ်တောက် သွားပါရန် အကြောင်းကြားလာသည့်အတွက် လုပ်ငန်းတစ်ခုလုံးကို လျှော့ ချဖြတ်တောက်မည်ဖြစ်ကြောင်း ဦးခိုင်မောင်ရည် က ထည့်သွင်း ဆွေးနွေးခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List