Monday, February 23, 2015

ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတ်လဒုတိယပတ်တွင် စတင်ရန် သဘောတူ


လေးလကျော်အတွင်း ဆွေးနွေးပွဲမပြုလုပ်နိုင်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ် ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) တို့သည် မတ်လလယ် တွင် ပြန်လည်တွေ့ဆုံရန် သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
‘‘မတ်လ ၁၂ ရက်ဝန်းကျင်မှာMPC (မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန) မှာ UPWC နဲ့ NCCT ဆွေးနွေးပွဲ လုပ်မယ်လို့ သူတို့ဘက်က ရက်ချိန်းပေးတယ်’’ဟု မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင် ရေးဗဟိုဌာနမှ အကြီးတန်းအကြံ ပေးဦးလှမောင်ရွှေကပြောသည်။
 
NCCT ခေါင်းဆောင် သုံးဦးဖြစ်သော ဦးနိုင်ဟံသာ၊ ဖဒိုစောကွယ်ထူးဝင်း၊ ဗိုလ်ချုပ်ဂွန်မော်နှင့် မြန်မာ့ငြိမ်း ချမ်းရေးစင်တာမှ တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့၌တွေ့ဆုံဆွေးနွေး ခဲ့ပြီး NCCT ဘက်မှ ရက်ချိန်းပေးလိုက်ခြင်းဖြစ်သည်။


ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မ တီနှင့် ဆွေးနွေးပွဲမတိုင်မီ NCCTအဖွဲ့ မှ ခေါင်းဆောင်များ၏ အစည်းအဝေးကို ဖေဖော်ဝါရီ ၂၇ ရက်နှင့် ၂၈ ရက်တွင် ထိုင်း နိုင်ငံ ချင်းမိုင်မြို့ ၌ ဆွေးနွေး ကြမည်ဖြစ်သည်။


‘‘NCA (တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးစာချုပ်)ကိစ္စ စစ် ဘက်ဆိုင်ရာကိစ္စအခန်း (၄) တို့၊ အခန်း (၅)တို့ပါမယ်။ အခုဖြစ်နေ တဲ့ စစ်ပွဲတွေရပ်ဆိုင်းနိုင်ဖို့ လျော့ ချနိုင်ဖို့ ဆွေးနွေးမယ်’’ဟု NCCT ဒုတိယ အဖွဲ့ခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်းကပြောသည်


UPWC နှင့် NCCT အဖွဲ့တို့သည် ၂၀၁၄ အောက်တိုဘာတွင်တွေ့ဆုံရန် သဘောတူထား ခဲ့ကြသော် လည်း ကေအိုင်အေဌာနချုပ်အနီး ဗိုလ်သင်တန်းကျောင်းပစ်ခတ်ခံရပြီး နောက်ပိုင်း ဆွေး နွေးပွဲမပြုလုပ်နိုင် ခဲ့ပေ။


UPWC နှင့် NCCT တို့၏ (၇)ကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပနိုင်ရန် တာဝန်ရှိသူများ ဖေဖော်ဝါရီ ၂၁ ရက်က ချင်းမိုင်မြို့တွင် ဆွေးနွေးနေကြစဉ် (ဓာတ်ပုံ − Nyo Ohn Myint)

7Day Daily

No comments:

Post a Comment

My Blog List