Monday, January 19, 2015

မိဘများ၏ အကောင်းဆုံးအမွေမှာ သားသမီးများ ဘ၀တစ်လျှောက်လုံး ကဲ့ရဲ့ရှုတ်ချခံရမည့်လုပ်ရပ်များ ရှောင်ရှားခြင်းဟု ဒေါ်အောင်ဆန်းစုကြည်ပြော



မိဘများထံမှ သားသမီးအတွက် အကောင်းဆုံး အမွေမှာ မိဘများအနေဖြင့် သားသမီးများ ဘ၀တစ်လျှောက် လုံး ကဲ့ရဲ့ရှုတ်ချခံရမည့် လုပ်ရပ်မျိုးကို ရှောင်ရှားဆောင်ရွက်ခြင်းပင်ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။

ဗိုလ်ချုပ်နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် လူထုဟောပြောပွဲ အဖြစ် ဇန်န၀ါရီ ၁၇ ရက်က ရမည်းသင်းမြို့နယ် တွင် ပြုလုပ်သည့် ဟောပြောပွဲ၌ ဗိုလ်ချုပ် အောင်ဆန်း၏သမီး ဒေါ်အောင် ဆန်းစုကြည်က ယင်းကဲ့သို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။

မိမိသားသမီး၊ မိသားစုအ တွက်သာ စဉ်းစားတတ်သော မိဘများအနေဖြင့် သားသမီးများအား အကောင်း ဆုံး အမွေပေး လိုပါက မိမိလုပ်ရပ်ကြောင့် သား သမီးများ ဘ၀တစ်လျှောက် ကဲ့ ရဲ့ရှုတ်ချခံရမည့် မျက်နှာ ပူစေ သော လုပ်ရပ်မျိုးကို ရှောင်ရှား ဆောင်ရွက်ခြင်းသည် အကောင်းဆုံး အမွေပေးခြင်းဖြစ်ကြောင်း ပြော သည်။

ထို့အပြင် ပါတီများ စည်းရုံးရေးပြုလုပ်ရာတွင် ငွေကြေးဖြင့် စည်းရုံးခြင်းသည် ခဏတာအောင်မြင်မှုကိုသာ ရရှိနိုင်သဖြင့် ရေရှည်အောင်မြင်လို ပါက ယင်းနည်းလမ်းကို မသုံးစွဲ သင့်ကြောင်းလည်း ဒေါ်အောင်ဆန်း စုကြည်က ဇန်န၀ါရီ ၁၇ ရက်က နေပြည်တော် ပျဉ်းမနား မြို့ ကင်ပွန်းတန်းကွင်းတွင် ပြုလုပ်သော ဟောပြော ပွဲ၌ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

‘‘ငွေပေးပြီး စည်းရုံးတယ် ဆိုတာ ခဏတာ အောင်မြင်မှု သာ ဖြစ်နိုင်တယ်။ ရေရှည်မှာ အောင်မြင်မှုရမှာ မဟုတ်ဘူး။ ကျွန်မတို့က ဘာလုပ်ချင်တာလဲ ဆိုတော့ နိုင်ငံသူ၊ နိုင်ငံသားတိုင်း လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စ တွေကို လုပ်နိုင်တဲ့ အရည်အချင်းတွေ မြှင့်တင်ပေးခြင်းအားဖြင့် စည်းရုံးချင်ပါတယ်’’ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။

ပြည်သူများအနေဖြင့်လည်း အခြားမည်သည့် အဖွဲ့အစည်းကို မှ အားကိုးနေခြင်းမပြုဘဲ မိမိတို့ အရည်အချင်း အင်အားကိုသာ အားကိုးသည့် ပြည်သူများဖြစ်ရန် လိုအပ်ကြောင်း ၎င်းက တိုက် တွန်းပြောကြားသည်။

‘‘နောက်ဆုံးပြည်သူတွေက မိမိတို့ အရည်အချင်းကိုပဲ အားကိုး။ လက်နက်က အင်အား မဟုတ်ဘူး။ ငွေက အင်အား မဟုတ်ဘူး။ အရည်အချင်းက အင်အား၊ အရည်အချင်းအင်အားကို အားကိုးတဲ့ ပြည်သူတွေ ရှိပြီဆိုရင် ကျွန်မတို့တိုင်းပြည် အနာဂတ်စိတ်ချရပြီ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြောကြား သည်။

ဇန်န၀ါ၇ီ ၁၇ ရက် တစ်နေ့တည်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ ရမည်းသင်းမြို့နယ်နှင့် ပျဉ်းမနား မြို့နယ်တို့၌ ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀) ပြည့် အထိမ်းအမှတ် လူထုဟော ပြောပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ကျင်းပခဲ့ပြီး ပျဉ်းမနားမြို့တွင် ပြုလုပ်သောပွဲ၌ လူဦးရေနှစ်သောင်းခန့် တက် ရောက် ခဲ့ကြသည်။

ရမည်းသင်းမြို့တွင် နံနက် ၈ နာရီခန့်က ပြုလုပ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် လူထုဟောပြောပွဲတွင် မိုးရွာသွန်းမှုကြောင့် လူဦးရေ ရာဂဏန်းသာ တက်ရောက်နိုင်ခဲ့သည်။


7Day News Journal

No comments:

Post a Comment

My Blog List