Wednesday, January 21, 2015

ခွပ်ဒေါင်းပျိုတို့၏ ရာဇသံ ရန်ကုန်သို့ ပျံလာပြီ


မန္တလေးမှ ရန်ကုန်သို့ ချီတက်လာသော ကျောင်းသားထု သပိတ်စစ်ကြောင်းသို့ ဝင်ရောက် ပူးပေါင်းရန် အနယ်နယ်အရပ်ရပ်မှ ကျောင်းသားများ ချီတက်လာ နေကြပြီ ဖြစ်သည်။ မန္တလေးမြို့မှ ဗကသနှင့် တကသကျောင်းသား ၁ဝဝ ကျော်က အိမ်တော်ရာဘုရားဝင်းအတွင်းမှ ဇန်နဝါရီလ ၂ဝ ရက် နံနက် ၉ နာရီ အချိန်တွင် စတင်ထွက်ခွာလာပြီး ထားဝယ်၊ ပခုက္ကူ၊ မုံရွာ ကျောင်းသားတို့ကလည်း ပူးပေါင်းပါဝင် ရန်ချီတက် လာကြခြင်းဖြစ်သည်။
မန္တလေးမြို့မှ ဗကသနှင့် တကသ တို့သည် ကျောက်ဆည်၊ မြင်းခြံ၊ ပခုက္ကူ၊ မကွေး၊ ပြည် စသည့်မြို့များ အားဖြတ်၍ ရန်ကုန် အတွင်းသို့ ဝင်ရောက် မည် ဖြစ်ရာ လမ်းခုလတ်တွင် ပူးပေါင်းကြမည် ဟုချီတက် လာသော ကျောင်းသား ထုစစ်ကြောင်းတွင်ပါဝင်သူကိုပိုင် ရဲသူက ပြောသည်။

ထို့အတူ ရန်ကုန်မြို့တွင်ကျန် ရှိမည့် ကျောင်းသားသမဂ္ဂ အဖွဲ့ ဝင်များမှာလည်း သပိတ်မှောက် ကျောင်းသား များ၏ နေထိုင်ရေး၊ စားသောက်ရေး၊ အလှူငွေများ အတွက် ပြင်ဆင်နေပြီး ချီတက် လာသော ကျောင်းသားထု စစ် ကြောင်းအား ရန်ကုန်မြို့ အဝင် တစ်နေရာတွင် စောင့်ဆိုင်းကြ မည် ဖြစ်ကာ ထိုမှတစ်ဆင့် ပူးပေါင်း၍ ရန်ကုန်မြို့အနှံ့ ဆန္ဒပြချီတက်၍သပိတ်စခန်း ရှိရာသို့ ချီတက်ကြ မည်ဟု ၄င်းက ဆက်ပြောသည်။

ကျောင်းသားများ ဆန္ဒပြထွက် ခွာလာချိန်တွင် အရပ်ဘက်လူ့အ ဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပမှ အဖွဲ့ အစည်းတို့က ထောက်ခံ ကြောင်း စာများထုတ်သည့်အပြင် တက်ကြွလှုပ်ရှားသူများကလည်း ဝိုင်းရံပေး မည်ဟု ပြောကြသည်။

”ကျွန်တော်တို့ ကျောင်းသား  ထုစစ်ကြောင်းက မြို့တွေကိုဖြတ်မယ်၊ ဒီဖြတ်တဲ့မြို့မှာရှိတဲ့ကျောင်းသားတွေ နဲ့ အရပ်ဘက်အဖွဲ့အစည်း အချို့က လည်း ကျွန်တော်တို့နဲ့အတူ လာပူးပေါင်းကြမှာပါ၊ ကျွန်တော် တို့ဆီကို ဒီလိုအသိပေးလာပါ တယ်”ဟု ကိုပိုင်ရဲသူကဆိုသည်။

ပူးပေါင်းရန် ထွက်ခွာလာသော မုံရွာတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့မှ ကိုဝေမိုးနိုင်က ပိုမိုပြင်း ထန်သော သပိတ်ဖြစ်သွားရန် ပူး ပေါင်ြး ခင်းဖြစ်ကြောင်း ပြောသည်။

စစ်ကြောင်းသို့ဝင်၍ ပူးပေါင်း မှုတို့အပြင် သက်ဆိုင်ရာတက္ကသိုလ် တို့တွင်လည်း လှုပ်ရှားဆန္ဒပြမှုများ လည်းရှိကြမည်ဟု ပူးပေါင်းအဖွဲ့ တို့ ကပြောကြပြီး၊ တက္ကသိုလ်အချို့ တို့တွင် စတင်ဆန္ဒပြနေကြသည်။

ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဦးမင်းလွင်ဦးက ”ကျွန်တော်တို့ ကျောင်သားထုစစ် ကြောင်း ကတော့ ထားဝယ်က နေထွက်မယ်၊ ကြားထဲမှာဖြတ် သွားမယ့် မော်လမြိုင်နဲ့ အခြား မြို့တွေကိုအကြောင်း ကြားထားပါ တယ်”ဟု ပြောသည်။

စစ်ကြောင်းများ၏ ခရီးလမ်း ဆုံးသည် ရန်ကုန်သို့ဖြစ်ပြီး အားလုံးက ရန်ကုန်သို့ရောက်ရှိရန် ၁၅ ရက်ဟု သတ်မှတ်ထားကြသည်။

ဆန္ဒပြကျောင်းသားတို့ကို ဖြတ်သန်းရာဒေသတစ်လျှောက်ရှိ နိုင် ငံရေး အကျဉ်းသားဟောင်းတို့ စောင့်ရှောက် ကြပါရန် နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့က စာထုတ်ထားသည်။

လက်ရှိတွင် ထားဝယ်မြို့နယ် ကျောင်းသားသမဂ္ဂအဖွဲ့နှင့်အတူ ထားဝယ်မြို့နယ်ရှိ ၈၈ ကျောင်းသားဟောင်း များအဖွဲ့မှ ၂ဦးတို့ သည် လမ်းတစ်လျှောက် ကျောင်း သားများ၏ကျန်းမာရေးကို စောင့် ရှောက်ရန် ဆိုသည့် အကြောင်းပြ ချက်ဖြင့်လိုက်ပါလာနေသည်။

ထို့အပြင် ကျောင်းသားထု သပိတ်အတွင်း မပါဝင်ခဲ့သည့် မှော်ဘီနည်းပညာ ကျောင်းသားသမဂ္ဂမှ ကိုသြသျှန်ခ က ”ကျွန် တော်တို့အနေနဲ့ ပူးပေါင်းပါဝင်ဖို့ ကိုဒီတစ်ပတ်မှာ လုပ်မယ့်အစည်း အဝေးမှာ တင်ပြသွားမယ်၊ ပြီးမှ ပဲ ဘယ်လိုဆက်လုပ်မယ်ဆိုတာ ကို ပြောနိုင်မှာပါ”ဟု ပြောသည်။ ကျောင်းသားထု သပိတ်အ တွင်းသို့မဝင်ရောက်ခဲ့ခြင်းမှာ အင် ဂျင်နီယာကောင်စီဥပဒေအား ကန့်ကွက်ရန် ပြု လုပ်နေသော ကြောင့် မပါ ဝင်ဖြစ်ခဲ့ခြင်း ဖြစ် ကြောင်း ၄င်းက ဆက်ပြောသည်။

ဒီမိုကရေစီပညာရေးစနစ်ကို ဖော်ဆောင်နိုင်မည့် အမျိုးသား ပညာရေးမူဝါဒများ၊ ဥပဒေများပေါ်  ပေါက် လာရေးအတွက် ကျောင်း သားထု၏   ရွေးချယ်မှုဖြင့် ဖွဲ့စည်း ထားသည့် ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီကသက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းအဖြေရှာ ရန် အချက် ၁၁ ချက် ပါသော ကြေညာချက် တစ် စောင်ကိုထုတ်ပြန်ခဲ့ပြီး ထိုအချက် များထဲတွင် ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၂ဝ ရာခိုင်နှုန်း သတ်မှတ်နိုင်ရေး၊ အခမဲ့ပညာရေးစနစ်ကို အလယ်တန်းအ ဆင့်ထိ တိုးမြှင့်ရေး၊ လက် ရှိကျင့်သုံးနေသော စာမေးပွဲစနစ်၊ တက္ကသိုလ် ဝင်ခွင့်စနစ် ပြင်ဆင်ရေး စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက ပြု လုပ်ခဲ့သည့်ကျောင်းသားထု အရေး ပေါ်အစည်းအဝေးမှ အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်သ ပိတ်မှောက်ရန် ဆုံးဖြတ်ချက်အရ အစိုးရကို ရက် ၆ဝ အတွင်းညှိနှိုင်းရန် ရာဇသံပေး ထားသော်လည်း အကြောင်းမပြန်သည့်အတွက် ယခု ကဲ့သို့ သပိတ်မှောက်ခြင်းများ ပြု လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ဇေဝေယံ၊ ခက်ဆစ်
Popular Myanmar News Journal

No comments:

Post a Comment

My Blog List