တပ်မတော်နှင့် ကေအိုင်အေတို့ကြား ဖားကန့်ဒေသတွင် တိုက်ပွဲများဖြစ်ပွားနေသော ကြောင့် ဖားကန့် မြို့ပေါ်နှင့် ပတ်ဝန်းကျင်ဒေသများရှိ ဒေသခံများစစ်၏ဆိုးကျိုးများစတင်ရင်ဆိုင် လာရပြီဖြစ်သည်။ကချင်ပြည် နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနှင့် အဖွဲ့ကို ကေအိုင်အေက တားဆီးစစ်ဆေး ကာလုံခြုံရေးလိုက်ပါ သွားသောရဲ တပ်ဖွဲ့ဝင်သုံးဦးကို ကေအိုင်အေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော ဇန်န၀ါရီ ၁၄ရက်မှ စတင်ကာ ဇန်န၀ါရီ ၁၉ရက်အထိ ဖားကန့် ဒေသတွင် နေ့စဉ်ဆက်တိုက် ပေါက် ကွဲမှုဖြစ်ခဲ့သည်။ ပေါက်ကွဲ မှုရှစ်ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီးလူ သုံးဦးဒဏ်ရာရ ခဲ့သည်။
အစိုးရ တပ်မတော်က လုံခြုံရေးယူထား သည် ဆိုသော်လည်း ညမိုးချုပ်ပါ က လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်များ ကိုပင် စခန်းအပြင်မထွက်ရဲသည်အထိ ဆိုးရွားသည့်အခြေအနေတွင် ဒေသခံပြည်သူများမှာ ကျီးလန့်စာစား ဘ၀ ကိုရောက်နေပြီ ဖြစ်သည်။
‘‘ဖားကန့်မှာတော့ တကယ် ကျီးလန့်စာစားဖြစ်နေပြီ။ ညနေ စောင်းရင် တဒုန်းဒုန်းတဒိုင်းဒိုင်း နဲ့ပေါ့ဗျာ။ ညနေစောင်းတာနဲ့ မြို့ ထဲမှာ လူမရှိတော့ဘူး။ မိုင်းတွေ ကလည်း မြို့ပေါ်မှာတောင် ကွဲ နေတာဆိုတော့ အခြေအနေတွေက လွန်တယ်ဗျာ’’ဟု ဖားကန့်မြို့ မှ တိုင်းရင်းသားဆက်ဆံရေး ကော်မတီဝင် ဦးဒါရှီလဆိုင်း က ပြောသည်။
မြို့တွင်းပေါက်ကွဲမှုများမှာ ရဲစခန်းများကို ဦးတည်တိုက်ခိုက် ခြင်းဖြစ်ကြောင်း ရဲအရာရှိများက သုံးသပ် ထားသော်လည်း အများ ပြည်သူသွားလာရာနေရာများ တွင်လည်း ပေါက်ကွဲမှုဖြစ်ကာမ ပေါက်ကွဲသေးသော မိုင်းများ လည်း ရှာဖွေတွေ့ရှိခဲ့သည်။ဖား ကန့်မြို့မရဲစခန်း၊ သတင်းရဲတပ် ဖွဲ့ရုံးနှင့် လုံးခင်းရဲစခန်းတို့တွင် လက်ပစ်မိုင်းနှင့် ဆွဲမိုင်းများနေ့စဉ် လို ပေါက်ကွဲခဲ့ပြီး မြို့မရပ်ကွက် တံတားအနီး၌ နှစ်ရက်ဆက် ပေါက် ကွဲခဲ့သည်။
‘‘ပေါက်ကွဲမှုမှာ ကျွန်တော့် အမျိုးသမီးမိုင်းထိသွားတယ်။ တ ခြားအမျိုးသမီး တစ်ယောက်က မျက်စိကို မိုင်းစမှန်သွားလို့ ဒဏ် ရာမသက်သာသေးဘူး။ စိတ်မ ကောင်းဘူးဗျာ’’ဟု လုံးခင်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦးကဆိုသည်။
‘‘ကျောင်းသား၊ကျောင်းသူ တွေအတွက်ကလည်း စိုးရိမ်စရာ လေးတွေရှိလာပြီ။ လမ်းတွေလည်း ပိတ်နေ ဦးမယ်ဆိုရင် ဒီမှာ နေထိုင်တဲ့ ပြည်သူတွေရဲ့ စား သောက်ကုန်တွေကလည်း တ ဖြည်းဖြည်းရှားလာနိုင်တဲ့ အနေအ ထားရှိတယ်။ ခုအခြေအနေက ကုန်ဈေးနှုန်းတက်လာတာအသာ ထား၊ အောက် ပိုင်းကတက်လာ တဲ့ အသား၊ ငါးဆိုရင်မရှိသ လောက်ဖြစ်နေတာ။ အခုဖြစ်ခဲ့တဲ့ တစ်ရက်၊ နှစ်ရက်ရဲ့ ဂယက်ရိုက်မှုပေါ့’’ဟု ဖားကန့်မြို့နယ် အမျိုးသားဒီမို ကရေစီပါတီဝင်တစ်ဦး က ပြောသည်။
ဖားကန့်-မိုးကောင်း-မြစ် ကြီးနားလမ်းပိုင်းပိတ်ဆို့နေသော ကြောင့် ဒေသ တွင်းစီးပွားရေးလုပ် ငန်းများအပေါ် သက်ရောက်မှု ရှိခဲ့ပြီး အထူးသဖြင့် ဖားကန့််မြို့ တွင် အထိနာခဲ့သည်။သတ္တုတူး ဖော်ရေးလုပ်ငန်းများနှင့် ဆက် နွှယ်ကာ သိန်းချီရရှိသည့် အလုပ် သမားများအတွက် လုပ်ငန်းများ ရပ်ဆိုင်းလုနီး ဖြစ်နေသော ကြောင့် စားသောက်ကုန်ရောင်းချ ရမှုတွင် ထက်ဝက်နီးပါး လျော့ သွားကြောင်း ဖားကန့်မြို့ မြို့မရပ် ကွက်မှ ကုန်ခြောက်ပိုင်ရှင်တစ်ဦး ကပြောသည်။
ဖားကန့်သို့ နေ့စဉ်သတင်း စာပို့နေသည့် စာအုပ်ဆိုင်ပိုင်ရှင် လူငယ်တစ်ဦးက တိုက်ပွဲကြောင့် လမ်းပန်း ဆက်သွယ်ရေးပိတ်ဆို့ ကာ အမှာပေးထားသည့် သတင်း စာနှင့် ဂျာနယ်ဖိုး ကျပ်သိန်းနှင့်ချီ၍ ဆုံးရှုံး သွားကြောင်းပြောသည်။
ကိုယ်ပိုင်လုပ်ငန်းလည်ပတ် ရန် အရှိန်ရခါစအခြေအနေတွင် ရင်ဆိုင်လိုက် ရသောအခြေအနေ နှင့်ပတ် သက်၍ ‘‘ကိုယ်တွေပြော လို့ရတဲ့အမျိုးမှ မဟုတ်တာ။ ကြိုက်သလောက်တိုက်ကြပစေ တော့။ လမ်းတွေပိတ်၊ ဖုန်းတွေ ပိတ်၊ အကုန် ပိတ်နေရင် မနေနိုင် တဲ့တစ်နေ့ ဒီမှာမနေရုံပဲရှိတော့ တယ်’’ဟု စိတ်ပျက်စွာ ရင် ဖွင့် ပြောဆိုသည်။
စစ်ပွဲကြောင့် ဖားကန့်မြို့ပေါ်ကျောင်းများ ပိတ်ထားခြင်းမ ရှိသေးသော် လည်း ကေအိုင်အေ ၏အဓိကအခြေ စိုက်စခန်းဖြစ် သော အောင်ဘာလေရွာ တွင်ရှိနေသည့် မူလတန်းနှင့်အလယ်တန်း ကျောင်းများအားလုံး ပိတ်ထား ရ ကြောင်း သတင်းရရှိသည်။ အောင်ဘာလေရွာမှ ကျောင်းသားများကို အစိုးရတပ်ထိန်းချုပ် မှု အောက်တွင် ရှိနေသည့် ကံစီးရွာ ၌ ယာယီကျောင်းဖွင့်၍ စာသင် ရန် စီစဉ်နေကြောင်းလည်း ဖားကန့်မြို့ နယ်အုပ်ချုပ်ရေးမှူးဦး တင်ဆွေမြင့်ကပြောသည်။
‘‘လုံခြုံရေးအခြေအနေရ စစ် တပ်က ဟိုဘက်ရွာကလူတွေ ဒီဘက်မလာခိုင်းဘူး။ သို့သော် လည်း ကျောင်း သူ၊ ကျောင်းသား တွေ ငိုယို၊ မိဘတွေငိုယိုပြီးတဲ့အခါမှာ ဘယ်လိုမှမတတ်နိုင်ဘဲ ခြေလျင်လျှောက်လာ တဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ဒီဘက်ကမ်းမှာစာသင်ဖို့အတွက် စီစဉ်ဖို့ရှိတယ်ကြားတယ်’’ဟု ကချင်ပြည် နယ်သဘာပတိအဖွဲ့ဝင် ဦးဒါရှီလဆိုင်းက ပြောသည်။
အဆိုပါရွာတွင်ရှိနေသည့် စစ်ဘေးသင့်သူများကို စားနပ်ရိ က္ခာပို့ရန်နှင့် ဖားကန့်ရှိ ဒုက္ခသည် စခန်းများ သို့ ပြောင်းရွှေ့ထားခွင့် ပေးရန် တပ်မ(၆၆)သို့ ဇန်န၀ါရီ ၁၇ရက်က တောင်းဆိုခဲ့သော်လည်း လက်မခံ ခဲ့ကြောင်း ဦးဒါရှီ လဆိုင်းကပြောသည်။
‘‘ကျွန်တော်တို့ ဆက်သွယ် လို့ရတဲ့အနေအထားအရဆိုရင် စားနပ်ရိက္ခာပြတ်လပ်သွားတဲ့အ နေအထားရှိ တယ်’’ဟုဆိုသည်။
တပ်မတော်အရာရှိများထံ တောင်းဆိုသည်ကို အကြောင်းမ ပြန်သော်လည်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေး မှူးက စစ်ဘေးသင့် သူများရှိရာနေရာသို့ ဆန်၊ ဆီ၊ဆား ရိက္ခာများပို့ပေးရန် ကတိပေးခဲ့ကြောင်းသိရသည်။ မြို့နယ်အုပ် ချုပ်ရေးမှူးဦးတင်ဆွေမြင့်က အစိုးရအဖွဲ့အစီအစဉ်ဖြင့် ဇန်န၀ါရီ၁၈ရက်က စစ်ဘေးသင့်ရွာ များသို့ ဆန်၊ ဆီ၊ ဆားကဲ့သို့ စားနပ်ရိက္ခာများပို့ခဲ့ကြောင်းပြောသည်။ သို့သော် လိုအပ်ချက်များစွာ ရှိနေ ကြောင်း ထိုရွာတွင် ရှိနေသည့် သင်း အုပ်ဆရာ တော်များ၏ သတင်းပေးမှုကို ကိုး ကား၍ ဦးဒါရှီလ ဆိုင်းကပြော သည်။
တိုက်ပွဲကြောင့် စစ်ရှောင် ဒုက္ခသည်များအကာအကွယ်မဲ့ နေချိန်မှာပင် ဇန်န၀ါရီ ၁၉ရက်မှ စကာ တရုတ်ပြည် ဘက်မှ ဆောင်းလေအေးများထိုင်းပင်လယ်ကွေ့ မှတစ်ဆင့်ဝင်ရောက်လာသော ကြောင့် အဆိုပါဒေသတွင် အအေးလွန်ကဲသည့် ရာသီကို တစ်ပတ် ခန့်ရင်ဆိုင်ရနိုင်ကြောင်း မိုးလေ၀ သပညာရှင်ဒေါက်တာထွန်းလွင် က သတိပေးထားသည်။ လက်ရှိ အချိန်၌လည်း အောင်ဘာလေ ရွာမှ ပြေးလာသည့်ရွာသားနှစ် ထောင်ခန့် မှာ ထိန်းချုပ်ထားသည့် ကံစီးရွာတွင် ပိတ်မိနေကာ ရာသီ ဥတုအလွန်အေးနေသောကြောင့် အ၀တ်အစား မလောက်ငမှုနှင့် အိပ်စရာနေရာပင်အခက်အခဲဖြစ် နေကြောင်းသတင်းရရှိသည်။
ကချင်ငြိမ်းချမ်းရေးအကျိုး တော်ဆောင်အဖွဲ့မှ ခရစ်ယာန် ဂိုဏ်းပေါင်းစုံဥက္ကဋ္ဌဦးဘီတူးဂျာ ကလည်း အောင် ဘာလေရွာမှ စစ်ရှောင်လာကာ ကံစီးရာတွင် စု ပြုံနေသည့် ဒေသခံများကိုအန္တ ရာယ်ကင်းသည့်နေရာ တစ်ခုသို့ အမြန်ဆုံးပို့ဆောင်ရန် လိုအပ်နေ ကြောင်းတိုက်တွန်းသည်။
‘‘ကံစီးရွာကတော့ အခုလုံခြုံမှုအပြည့်မရှိဘူး။ ဖားကန့်မြို့နယ်ဘက်ကို ကံစီးရွာမှာ ရှိနေကြတဲ့ အောင် ဘာလေဘက်က တိမ်း ရှောင်လာတဲ့ ဒုက္ခသည်တွေကို စိတ်ချရတဲ့နေရာ ကျွန်တော်တို့ အသင်းတော်နဲ့ လူမှုအဖွဲ့အစည်း တွေက ထားချင်တယ်’’ဟု ဦးဘီ တူးဂျာကပြောသည်။
ဖားကန့်-မိုးကောင်း-မြစ် ကြီးနားလမ်းပိုင်းကို တပ်မတော် က ဇန်န၀ါရီ ၁၆ရက်တွင် ဖွင့်လှစ်ပေးခဲ့သော် လည်း ၁၇ရက် တွင် ဖားကန့်-မိုးကောင်းလမ်းရှိ တံတားလေးစင်း မိုင်းခွဲဖျက်ဆီး ခံခဲ့ရပြီး ဒေသတွင်းကား လမ်း ဆက်သွယ်ရေးများပြတ်တောက် သွားသောကြောင့် ကားများရာနှင့် ချီ၍ ပိတ်မိနေကြောင်းဒေသခံသ တင်းထောက်တစ်ဦးကပြော သည်။ ‘‘သူတို့ အပိတ်ခံထားရတာ လေး၊ ငါးရက်ရှိပြီ။ ဒီမှာအရမ်း အေးတယ်။ တချို့ဆို စရိတ်လုံးဝ ပြတ်နေပြီ။ အခုရက်က အရမ်း ကြာလာပြီ။ ဒုက္ခတွေအရမ်း ရောက်နေပြီ။ အများစုက ဘုန်း ကြီးကျောင်းတွေမှာ စားနေရ တယ်’’ဟု သတင်းပို့သည်။
‘‘ဖားကန့်က စိုက်ပျိုးရေး ထွက်ကုန်ထွက်တဲ့နေရာမဟုတ် ဘူး။ ဒီလိုသာ လမ်းတွေပိတ်နေ မယ်ဆိုရင် သီးနှံ၊ အသား၊ငါးပြတ် လပ်ပြီး ဒုက္ခရောက်တော့မယ်’’ ဟု ဖားကန့်မြို့နယ် လုံးခင်းကျေး ရွာဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။
‘‘ကုန်စည်တွေက အောက် ပိုင်းက လာမှရမှာလေ။ ဟင်းသီး ဟင်းရွက်ကတော့ ရွာနီးချုပ်စပ်မှာ ရှာလို့ရသေး တယ်။ ဒါတောင် တိုက်ပွဲတွေ ဒီထက်ပိုဆိုးလာရင် ခြံထဲတောင် ဆင်းရဲကြမှာမဟုတ်ဘူး။ အခုစားနေကြ တာက အရင် လှောင်ထားတဲ့ဟာတွေ။ လမ်း တွေပွင့်ဖို့အရေးကြီးနေပြီ’’ဟု ရေယာဉ်ပိုင်ရှင် ဦးမင်းစိုးကပြော သည်။
ကချင်ပြည်နယ်သဘာပတိ အဖွဲ့ဝင် ဦးဒါရှီလဆိုင်းကလွတ် လပ်ရေးနေ့သ၀ဏ်လွှာနှင့်ကချင် ပြည်နယ်နေ့ အခမ်းအနားတွင် သမ္မတဦးသိန်းစိန်ပြောသည့် စ ကားများအရ ငြိမ်းချမ်းရေးဖော် ဆောင်ရေးအတွက် ကေ အိုင်အေ နှင့် ကေအိုင်အိုပါ လာမည့်ပြည် ထောင်စုနေ့တွင် လက်မှတ်ထိုး ရန်ကြိုးစားမည်ဟုပြောကြား ထား သော်လည်း နှစ်ဖက်တပ်များယခု ကဲ့သို့ တိုက်ပွဲများဖြစ်ပွားနေသည် မှာ မဖြစ်သင့်ကြောင်းသုံးသပ် သည်။ ထို့အပြင် ဒုက္ခကြုံနေရသည့် စစ်ဘေးသင့်ပြည်သူများကို ငဲ့ညှာကာ တိုက်ပွဲများရပ်တန့်စေ လိုကြောင်း တိုက်တွန်းသည်။
ကချင်ငြိမ်းချမ်းရေးအကျိုး တော်ဆောင်ဦးဘီတူးဂျာက‘‘ဒီအ ချိန်တွေမှာ ငြိမ်းငြိမ်းချမ်းချမ်းဖြစ် ဖို့အရေးကြီး တယ်’’ဟုဆိုကာ တိုက်ပွဲများရပ်တန့်ရန် တိုက်တွန်းသည်။
7 day

No comments:
Post a Comment