Monday, January 19, 2015

ဥဒေါင်းကို အမျိုးသား အထိမ်းအမှတ်ငှက် သတ်မှတ်နိုင်ရေး ဆောင်ရွက်မည်


ဥဒေါင်းငှက်ကို မြန်မာ နိုင်ငံ၏ အမျိုးသားအထိမ်းအမှတ် ငှက်အဖြစ် သတ်မှတ်နိုင်ရန် ငှက် ထိန်းသိမ်းရေးဆောင်ရွက်နေသူ များက သစ်တောဦးစီးဌာနသို့ တင်ပြမည်ဟု သတင်းရရှိသည်။နိုင်ငံ တိုင်းတွင် အမျိုးသား အထိမ်းအမှတ်ပန်း၊ ငှက်များ သတ်မှတ်ထားရှိရာ မြန်မာနိုင်ငံတွင် အမျိုးသား အထိမ်းအမှတ်  ပန်းသာရှိသေးသဖြင့် မြန်မာနိုင်ငံ ၏ အမျိုးသားအထိမ်းအမှတ်ငှက် အဖြစ် သတ်မှတ်နိုင်ရန် သစ်တောဦးစီးဌာနသို့ တင်ပြသွားမည်ဟု မြန်မာငှက်နှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအသင်း မှ ဒု ဥက္ကဋ္ဌ ဒေါက်တာသိန်းအောင်က ပြောသည်။
အမျိုးသားငှက်အဖြစ် သတ်မှတ်နိုင်ရန် ငှက်ထိန်းသိမ်းရေး ပညာရှင်များ၊ ဇီဝမျိုးစုံမျိုးကွဲထိန်း သိမ်းရေး လုပ်ဆောင်နေသူများ၊ တက္ကသိုလ် ပါမောက္ခ များပါဝင် သည့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်း  ရေးဆိုင်ရာ ဆွေးနွေး ပွဲတွင်ထည့် သွင်းဆွေးနွေးခဲ့ပြီး ၎င်းတို့၏ သဘောထားမှတ်ချက်များကို စုစည်းတင်ပြ သွားမည်ဟု ဆိုသည်။

‘‘ကျွန်တော် တစ်ယောက် တည်း မဟုတ်ဘဲနဲ့ အားလုံးရဲ့ သဘောထားနဲ့ ဒါကတော့ ရွေး သင့်ပါတယ်ဆိုပြီး သစ်တောကို ပို့မယ်။ ချက်ချင်းလုပ်ချင်လည်း လုပ်၊ ငြင်းချင်လည်းငြင်း သူတို့ သဘောပဲ။    ဒါပေမဲ့ တစ်ချိန်မှာ လုပ်ရမှာတော့ သေချာတယ်’’ဟု ဒေါက်တာသိန်းအောင်က ပြော ကြားသည်။

ဥဒေါင်းငှက်သည် မြန်မာ နိုင်ငံအလယ်ပိုင်းဒေသများ၊ ရှမ်း မြောက်ပိုင်း၊ ရခိုင်ရိုးမတို့တွင် နေ ထိုင်ကျက် စားပြီး မျိုးသုဉ်းရန်စိုး ရိမ်နေရသော ငှက်မျိုးစိတ်အဖြစ် သတ်မှတ်ခံထားရသည်။

ဥဒေါင်းငှက်ကောင်ရေကို ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် ကာကွယ်ရေးအသင်း(BANCA)က မြန်မာနိုင် ငံအလယ်ပိုင်းဒေသ များတွင် ၂၀၁၃ မှ ၂၀၁၄ အတွင်း စာရင်းကောက်ယူခဲ့ရာ ကောင် ရေ ၂၀ ကျော်သာ ကျန်ရှိသည်ကို တွေ့ရှိခဲ့ကြောင်း BANCA မှ ဒေါက်တာ သီရိဒေ၀ီအောင်က ပြောသည်။

ဥဒေါင်းငှက်သည် မြန်မာ နိုင်ငံအပါအ၀င် ကမ္ဘာပေါ်တွင် ၁၀ နိုင်ငံ၌သာ တွေ့ရှိရပြီး အ ကောင်အရေ အတွက်မှာ နှစ် ပေါင်း ၂၀ အတွင်း မျိုးသုဉ်းလုနီး ခြိမ်းခြောက်ခံနေရသော မျိုးစိတ် မှ မျိုးသုဉ်းလုနီးပါးမျိုးစိတ်၊ ထိုမှ တစ်ဖန် မျိုးသုဉ်းရန်စိုးရိမ်နေရ သော မျိုးစိတ်အထိ နှစ်အနည်း ငယ်အတွင်း ပြောင်းလဲသွားခဲ့ ကြောင်း သိရသည်။

7Day News Journal

No comments:

Post a Comment

My Blog List