Thursday, January 22, 2015

အဖွဲ့ဝင်ဟောင်းမပါသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်သစ်ဖွဲ့စည်းဖို့ နမ့်ခမ်းမြို့ခံများစုပေါင်းလက်မှတ်ထိုးတောင်းဆို


သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မြို့ခံများစုပေါင်းလက်မှတ်ထိုးပြီး အဖွဲ့ဝင်ဟောင်းမပါသည့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်သစ်ဖွဲ့စည်းပေးရန် မူစယ် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ စာတစ်စောင်ပေးပို့ခဲ့ကြောင်း သတင်းရရှိ သည်။
နမ့်ခမ်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို အဖွဲ့ဝင်ဟောင်းအားလုံး မပါဝင်စေပဲ အသစ်ဖွဲ့စည်းပေး ရန် ယခုလ ၁၆ ရက်နေ့၌ တင်ပြထားသည်ဟု နမ့်ခမ်းမြို့ခံများ ဦးဆောင်စာတင်ပေးခဲ့သူ စိုင်းအောင်မြင် ကဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲကော်မရှင်အဖွဲ့အသစ်ဖွဲ့စည်းရာတွင် ၂၀၁၀ရွေး ကောက်ပွဲကော်မရှင်မှ အဖွဲ့ ဝင်ဟောင်းများ ပြန်လည် ထည့်သွင်းဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ရွေးချယ်ထားပြီးဖြစ်သည်ဟုဆိုသဖြင့် ထိုသူ များသည် မြို့ခံများက လေး စားယုံ ကြည်သော သူများမဟုတ်သောကြောင့် လက်မခံနိုင်ကြောင်းကို ခရိုင်အဆင့်ထိ စာတင်ရကြောင်း စိုင်းအောင်မြင်က ပြော သည်။

“၂၀၁၀ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဟောင်း ရ ဦးရှိပါတယ်။ အဲဒီထဲက ၂ ဦးကို ခုအသစ်ပြန်လည် ဖွဲ့စည်းလိုက်တဲ့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့မှာ ပြန် လည် ပါဝင်နေတာလို့ ကျနော်တို့သိရပါတယ်၊ အဲ့အဖွဲ့ဝင်ဟောင်းအားလုံးက ၂၀၁၀ ရွေးကောက်ပွဲရလဒ်ပြဿနာကို မဖြေရှင်းပေးတဲ့ သူတွေဖြစ်ကြပါတယ် ” - ဟု ၄င်းကဆိုသည်။

ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံတွင်လက်မှတ်ရေးထိုးပေးပို့ခဲ့သော ဒေသ ခံ ၄၀၀ ကျော်မှာ နမ့်ခမ်းမြို့ လယ်သမား အဖွဲ့နှင့်နိုင်ငံရေးစိတ်ဝင် စားသော သျှမ်းလူငယ်အဖွဲ့မှဖြစ်ကြကြောင်း နမ့်ခမ်းမြို့ ခံများဦးဆောင်အဖွဲ့ဝင် စိုင်းလှဖေ ကဆို သည်။

“စာကတော့ ခရိုင်ကော်မရှင်အဖွဲ့ထံ ဇန်နဝါရီလ ၁၆ ရက် ကတည်းက တင်ထားတယ်၊ခုထိတော့ အကြောင်းပြန်စာမရ ရှိသေးဘူး” ဟု ၄င်းက သျှမ်းသံတော်ဆင့်အားပြောသည်။

နမ့်ခမ်းမြို့ခံများအား ဦးဆောင်စာတင်ပေးသော အဖွဲ့ဝင်များမှာ စိုင်းအောင်မြင်၊စိုင်းလှဖေ၊ စိုင်းစံလှ၊ စိုင်းဆိုင်ဝမ်း နှင့် နန်းအေးမြ တို့ဖြစ်ကြပါသည်။

Panglong(Burmese)

No comments:

Post a Comment

My Blog List