Tuesday, January 20, 2015

လွှတ်တော်ကိုယ်စားလှယ်များ လစာတဖြည်းဖြည်းတိုးပေးရန် သမ္မတက မှတ်ချက်ပေးသော်လည်း လွှတ်တော်ကပယ်ချ


လွှတ်တော်ကိုယ်စားလှယ်များအား ချီးမြှင့်ငွေ (လစာ)ကျပ် ၁၀ သိန်းတိုး မြှင့်ပေးရေး ကိစ္စကို သမ္မတက လက်ခံခြင်းမရှိဘဲ တစ်ပြိုင်တည်းတိုးမြှင့်ခြင်း အစားဖြည်းဖြည်းချင်းတိုးမြှင့်ရန် သဘောထားမှတ်ချက်ပေး ပို့ခြင်းကို ဥပဒေကြမ်း ပူးပေါင်းကော်မတီကပယ်ချခဲ့ကြောင်း သတင်းရရှိသည်။
အထက်ပါ သဘောထား မှတ်ချက်အား လွှတ်တော်က အတည်မပြုဘဲ မူလသတ်မှတ်ထားသောပြည်ထောင် စုလွှတ်တော်ကိုယ်စားလှယ်များအား တစ်လလျှင် ကျပ် ၁၀ သိန်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ရှိ လွှတ်တော် ကိုယ်စားလှယ်များအား ကျပ်ငါးသိန်း ချီးမြှင့်ငွေများ တိုးမြှင့်ပေးရေးကိုသာ  ထပ်မံအတည်ပြု သင့်ကြောင်း ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသည့် ဥပဒေကြမ်း ပူးပေါင်းကော်မတီက သဘော ထား မှတ်ချက်ပေးထားသည်။

ယခုလ ၁၉ရက်တွင်ပြုလုပ် သည့် (၁၂) ကြိမ်မြောက်ပြည် ထောင်စုလွှတ်တော်အစည်းအဝေး၌ အထက်ပါ ကိစ္စနှင့် ပတ်သက်၍ သမ္မတက သဘောထားမှတ်ချက်ပေးပို့လာပြီး ၎င်းကိစ္စကိုလွှတ်တော်တွင် ဆွေးနွေး မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်းက ပြောသည်။

လွှတ်တော်၏ သဘော သဘာဝအရ ဥပဒေကြမ်းများ အတည်ပြုရာတွင် ဥပဒေကြမ်း ကော်မတီများ၏ သဘောထား မှတ်ချက်များမှာ အရေးပါပြီး ၎င်းတို့ပေးသည့်သဘောထား အတိုင်းပင် အတည်ဖြစ် သွားတတ်သဖြင့် ယခုကိစ္စတွင်လည်း လွှတ်တော်ကိုယ်စားလှယ်များ လစာတိုးမြှင့်ရေးကိစ္စမှာအ တည်ဖြစ်နိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်သည်။

‘‘ပြောရမယ်ဆိုရင် အခုပေး ထားတဲ့လစာက ဘယ်လိုမှ မလောက်ဘူး။ တစ်လသုံးသိန်း ဆိုတာလေ။ လွှတ်တော်ပြီးလို့ ကိုယ့်မဲဆန္ဒနယ်ကို ပြန်ဆင်းရတယ်ဆိုရင် အဲဒီစရိတ်တွေက ကိုယ့်ဟာကိုယ်ကျခံရတာ။ အဲဒါကြောင့် ချီးမြှင့်ငွေတွေတိုးဖို့ဆိုတာ ဖြစ်သင့်ပါတယ်’’ဟု ကွန်ဟိန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်နန်းဝါနု ကဆိုသည်။

လက်ရှိတွင် ပြည်ထောင်စု ဝန်ကြီးများ လစာကျပ် သိန်း ၃၀  ရရှိနေပြီး လွှတ်တော်ကိုယ်စားလှယ် များ အနေဖြင့် ကျပ်သုံးသိန်းသာရရှိခြင်းမှာ နိုင်ငံတကာစံနှုန်းနှင့် ညီ ညွတ်ခြင်းမရှိသကဲ့သို့ အောက်ခြေရှိ အုပ်ချုပ်ရေး ဆိုင်ရာဝန်ထမ်းများနှင့် ဆက်ဆံရာတွင်လည်း ယင်းကိစ္စသည် အခက်အခဲတစ်ခု ဖြစ်နေကြောင်း လွှတ်တော်ကိုယ် စားလှယ်များကပြောသည်။

‘‘မြို့နယ်မှာအုပ်ချုပ်ရေး အဖွဲ့အစည်းတွေနဲ့ စကားပြောရပြီဆိုရင် တချို့တွေက လစာ စကေးအပေါ်ကြည့်ပြီး ဆုံးဖြတ် တတ်ကြတယ်။ အဲဒါကြောင့် ကိုယ်စားလှယ်ရတဲ့လစာကြည့်ရင် သူတို့နဲ့သိပ်မကွာတော့ မင်းတို့ အဆင့် မရှိပါဘူးကွာဆိုတဲ့ပုံစံ မျိုးဆက်ဆံခံရတယ်’’ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ထိုကဲ့သို့ချီးမြှင့်ငွေ (လစာ)၊ စရိတ်များတိုးမြှင့်ရေးကိစ္စမှာ မိမိတို့ ဥပဒေပြုရေး မဏ္ဍိုင်တစ်ခု တည်းဆုံးဖြတ်ခြင်း မဟုတ်ဘဲ အုပ်ချုပ်ရေးအဖွဲ့အစည်းမှ တာဝန်ရှိသူများပါအကျေအလည် ဆွေးနွေးအတည်ပြုထားခြင်းဖြစ်၍ လွှတ်တော်၏ဆုံးဖြတ်ချက် အတိုင်းသာထားရှိသင့်ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ အစီရင်ခံစာ တွင်ဖော်ပြသည်။

7Day News Journal

No comments:

Post a Comment

My Blog List