Friday, January 23, 2015

နိုင်ငံတော်သမ္မတဦးဆောင်သော ခြောက်ဦးအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ ဆောလျင်စွာပြုလုပ်ရန် တိုက်တွန်းကြောင်း ပြည်ထောင်စု လွှတ်တော် နာယ က သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတထံ သဝဏ်လွှာပေးပို့


နိုင်ငံ တော်တည်ငြိမ်အေးချမ်းခြင်းနှင့်ဖွံ့ ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားစည်း လုံးညီညွတ်ရေး၊ အမျိုးသားပြန် လည် သင့်မြတ်ရေး ၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် ပိုမိုကောင်း မွန်သော အကျိုးရ လဒ် များ ဖြစ်ထွန်းလာရေးတို့အတွက် နိုင်ငံတော်သမ္မတ ဦးဆောင်သော ခြောက်ဦးအဖွဲ့ ဆောလျင်စွာတွေ့ဆုံ ရန် ပြည်ထောင်စုလွှတ်တော် နာယ ကမှ နိုင်ငံတော် သမ္မတထံသို့တိုက် တွန်းသည့် သဝဏ်လွှာကို ပေးပို့ ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း က ယနေ့ကျင်း ပသည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန် အစည်းအဝေး တတိယနေ့တွင်ပြော ကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဆောင် သော ခြောက်ဦးတွေ့ဆုံဆွေးနွေးရေး တိုက်တွန်းချက်ကို ကြိုဆိုပါကြောင်း နှင့် ကောင်းမွန်သော နိုင်ငံရေးလုပ် ငန်းစဉ်ဖြစ်၍ တွေ့ဆုံဆွေးနွေးပွဲကို မည်သို့ဆောင်ရွက်ပေးနိုင်မည် ကို ပြန်ကြားပေးရန် ရည်ညွှန်း(၂)တွင် ပါရှိသည့် အတွက် ယခုကဲ့သို့ပြန်ကြား ရခြင်းဖြစ်ပါသည်။ 

ရည်ညွှန်း(၁)ပါ ပြည်ထောင်စုလွှတ်တော်ကအတည် ပြုခဲသည့် အရေးကြီး အဆိုမှာ ခေတ် စနစ်အချိန် အခါနှင့်ညီညွတ်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်ပေါ် လာ ရေး ပစ္စုပ္ပန်နှင့်အနာဂတ် မြန်မာနိုင် ငံ တည်ဆောက်ရေး အတွက် အခြေ အနေကောင်းများ ဖန်တီးလမ်းခင်း ပေးနိုင်ရန် နိုင်ငံတော် သမ္မတ၊ ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား ဒီမိုက ရေစီဥက္ကဋ္ဌ၊ တိုင်းရင်သားအစုအဖွဲ့ မှ လွှတ်တော်ကိုယ်စား လှယ် တစ် ဦးနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ ဆောလျင် စွာတွေ့ဆုံ ညှိ နှိုင်းဆွေးနွေးရေး ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းကြောင်း ဖြစ် ပါသည်။ 

အဆိုတွင် ပါရှိသည့်အတိုင်း ပစ္စုပ္ပန်နှင့် အနာဂတ် မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် အခြေ အနေကောင်းများလမ်းခင်းပေးနိုင် ရန် နိုင်ငံတော်သမ္မတဦးဆောင် သော ခြောက်ဦးအဖွဲ့ဆောလျင်စွာတွေ့ဆုံ ခြင်းအားဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းခြင်းနှင့် ဖွံ့ဖြိုးတိုး တက်ရေး အတွက်လည်းကောင်း၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေး အမျိုး သားပြန်လည်သင့်မြတ်ရေးအတွက် လည်းကောင်း ၊ ပြည်တွင်းငြိမ်းချမ်း ရေး အတွက် လည်းကောင်း၊ ဒီမိုက ရေစီပြုပြင်ပြောင်း လဲရေး လုပ်ငန်း စဉ်အတွက်လည်းကောင်း ပိုမို ကောင်း မွန်သော အကျိုးရလဒ်များ ဖြစ် ထွန်းလာမည်ဖြစ်ပါသည်။ 

သို့ဖြစ်ပါ၍ ပထမအကြိမ်တွေ့ ဆုံပြီး ဆွေးနွေးပွဲ မူဘောင်အပါ အဝင် ရှေ့လုပ်ငန်းစဉ်များဆွေးနွေး ညှိနှိုင်းမှု များသတ်မှတ်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတဦးဆောင်သော ခြောက်ဦးအဖွဲ့ တွေ့ဆုံရေးကို ဆော လျင် စွာ ပြုလုပ်ရန်လိုအပ်ပါကြောင်း ပြန်ကြားအပ်ပါသည် ဟု ပြည်ထောင် စုလွှတ်တော် နာယကက သဝဏ် လွှာကို ဖတ်ကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဆောင် သောခြောက်ဦးအဖွဲ့ တွေ့ ဆုံရေး ကိုဆောလျင်စွာပြုလုပ် ရန်လိုအပ်ပါ ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကမှ နိုင်ငံတော် သမ္မတထံသို့ ပြန်လည်ပေးသော သဝဏ်လွှာ ကို ပြည်ထောင်စုလွှတ်တော်က မှတ်တမ်း တင်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ကြေညာခဲ့ သည်။

နိုင်ငံတော်သမ္မတ ဦးဆောင် သော ခြောက်ဦးတွေ့ဆုံဆွေးနွေး ပွဲ ပြုလုပ် ရန် ပြည်ထောင်စု လွှတ်တော် နာယကမှ နိုင်ငံတော်သမ္မတထံ သို့ ၂၆.၁၁.၂၀၁၄ ရက်က ပေးပို့ခဲ့ပြီး နိုင်ငံတော် သမ္မတထံမှ ပြည်ထောင် စုလွှတ်တော် နာယကထံသို့ ၁၇.၁. ၂၀၁၅ ရက်စွဲဖြင့် ပေးပို့ လာသော သဝဏ်လွှာနှင့် ပတ်သက်ပြီး နိုင်ငံ တော်သမ္မတထံမှ ရည်ညွှန်း မှုဖြင့် ပေး ပို့သော သဝဏ်လွှာကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၉ရက်တွင် ကျင်းပ ပြုလုပ်သည့် ပထမအကြိမ် ပြည် ထောင်စုလွှတ်တော် (၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေး တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ မှတ်တမ်းတင်ပြီး လွှတ်တော်ကိုယ် စားလှယ်များထံသို့ လည်း မိတ္တူဖြန့် အသိပေးပြီးဖြစ်ကြောင်းသိရသည်။

MO
#Democracytoday

No comments:

Post a Comment

My Blog List