Thursday, January 22, 2015

အဲအေးရှား လေယာဉ်ပျက်ကျမှု အကြိုအစီရင်ခံစာကိုလူသိရှင်ကြား ထုတ်ပြန်ကြေ ညာရန်မရှိဟုဆို


လေကြောင်းပို့ဆောင်မှု လုံခြုံရေးစီနီ ယာအရာရှိတစ်ဦး၏ ဗုဒ္ဓဟူးနေ့ ပြောကြားချက်အရ အဲအေးရှား လေ ယာဉ်ပျက်ကျမှု ရက် ၃ဝ ကြာ စုံစမ်းစစ်ဆေးရေး အကြိုအ စီရင်ခံစာကို ပြည်သူလူထုသိရှိစေရန် တရား ဝင် ကြေညာမည် မဟုတ်ကြောင်း သိရသည်။
အင်ဒိုနီးရှား ပို့ဆောင်ရေးဝန်ကြီး၏အင်္ဂါ နေ့ပြောကြားချက်အရ အဲအေးရှား လေ ယာဉ်သည် ပျက်မကျမီ မိနစ်ပိုင်းအချိန်တွင် အ ထက်အမြင့်ပေသို့ ပုံမှန်ထက် ပိုမြန်သောအ ရှိန်ဖြင့် ပျံသန်းခဲ့သည်ဟု သိရသည်။

ယင်းသို့ အတည်ပြုပြောဆိုနိုင်ခြင်းမှ ရေဒါအချက် အလက်များကြောင့် ဖြစ် သည်ဟု သိရပြီး စုံစမ်း စစ်ဆေး သူများက အကြမ်းဖက်လှုပ်ရှား မှုများ ပါဝင်ပတ်သက်နိုင်သည့် သက်သေအ ထောက်အထားများ မတွေ့ရှိ ရကြောင်း သိ ရသည်။

စုံစမ်းစစ်ဆေးသူများသည် လာမည့် သီတင်းပတ် အစောပိုင်းအချိန်၌ စုံစမ်းစစ် ဆေးမှု အကြိုအစီရင်ခံစာ ကို နိုင်ငံတကာအ ရပ်ဘက် လေကြောင်း လိုင်း အဖွဲ့(ICAO)သို့ တင်ပြသွားမည်ဖြစ်ကြောင်းလည်း သိ ရသည်။

ICAO ၏ စည်းမျဉ်းများအရ အကြို အစီရင်ခံစာကို မတော်တဆမှု ဖြစ်ပွားပြီး ရက် ၃ဝ အတွင်း တင်ပြရ မည်ဖြစ်သည်။ အင် ဒိုနီးရှား အမျိုးသားသယ်ယူပို့ဆောင်မှု လုံခြုံ ရေး ကော်မတီဥက္ကဋ္ဌဖြစ်သူက မတော်တဆ မှုဖြစ်ပွားပြီး တစ်လအတွင်း မိမိတို့အနေဖြင့် ကြိုတင်အစီရင်ခံ စာတင်ပြရုံသာဖြစ်ပြီး ထင် မြင်သုံးသပ်ချက် များ တင်ပြရန်မရှိဟု သတင်း ထောက်များကို ပြောကြားခဲ့သည်။

ထို့အပြင် အစီရင်ခံစာကို လူသိရှင်ကြား ထုတ်ဖော်ကြေညာမည် မဟုတ်ကြောင်းနှင့် ယင်းသို့ မကြေညာခြင်း မှာ လေကြောင်းလိုင်း ဈေးကွက် အတွက်ကြောင့်ဖြစ်ကြောင်း ဖြေ ကြားခဲ့သည်။

Ref: Reuters

No comments:

Post a Comment

My Blog List