Friday, January 23, 2015

၂၀၃၀ တွင် ဆင်းရဲသူများ၏ဘ၀ တိုးတက် ပြောင်းလဲမည်ဟု ဘီလ်ဂိတ်မောင်နှံပြော


လာမည့် ၁၅နှစ်တာကာလအကြာတွင်ကမ္ဘာပေါ်ရှိဆင်းရဲနွမ်း ပါးသူများ၏ ဘဝများသည်အလျင် အမြန်ပြောင်း လဲတိုးတက်လာ မည်ဖြစ်ကြောင်း ကမ္ဘာကျော် ဘီလျံနာဘီလ်ဂိတ်နှင့် ဇနီးဖြစ်သူ မီလင်ဒါတို့ ကပြောကြား လိုက်သည်။
နည်းပညာဆိုင်ရာ အခြေခံပြောင်းလဲ တိုးတက်မှုများကြောင့် ၂ဝ၃ဝ ပြည့်နှစ်  သို့ရောက်ရှိ ချိန်တွင် ဆင်းရဲနွမ်းပါးသူ  သန်းပေါင်း များစွာမှာ ဆင်းရဲတွင်းမှ လွတ်မြောက် မည်ဖြစ်ကြောင်း ဘီလ်ဂိတ်နှင့် ဇနီး ဖြစ်သူတို့ က ဇန်နဝါရီ ၂၂ ရက်က ၄င်းတို့၏နှစ်ပတ်လည် ထုတ်ပြန်ချက် တွင်ပြောကြား ထားသည်။

အဓိက တိုးတက်ပြောင်းလဲမှုများမှာ ကျန်းမာရေးကဏ္ဍတွင် အသိသာဆုံး တိုးတက်လာ မည်ဖြစ်ပြီး စိုက်ပျိုး ရေး၊ ဒစ်ဂျစ်တယ်ဘဏ် လုပ်ငန်းနှင့် အွန်လိုင်း ပညာသင်ကြားမှု ကဏ္ဍများတွင် တိုးတက် လာမည်ဟု ၄င်းတို့ ဇနီးမောင်နှံ ကဆိုသည်။

''ကျွန်မတို့ အသေ အချာ ယူဆတာ  ကတော့ လာမယ့် ၁၅  နှစ်ကြာရင် ဆင်းရဲ နွမ်းပါး သူတွေရဲ့ ဘဝတွေ ဟာကမ္ဘာ့ သမိုင်း တစ်လျှောက် ဘယ်လို အချိန် မျိုးနဲ့မှ မတူဘဲ တိုးတက်လာမှာ ဖြစ်ပါတယ်''ဟု မီလင်ဒါ က ပြောကြားသည်။

ကလေး ငယ်များ ၏သေဆုံးမှုနှုန်း သည်လည်း ယင်းကာလများ အရောက်တွင် ထက်ဝက် ခန့်လျှော့ချ သွားနိုင် ဖွယ်ရှိပြီး ပိုလီ ယိုရောဂါဖြစ် ပွားမှု ကိုတား ဆီးနိုင် မည်ဖြစ်ကာ အာဖရိကဒေသတွင် လူသေဆုံးမှုများပြား သော ငှက်ဖျားရောဂါကို ကာကွယ်ဆေးများ၊ ကုသဆေးများဖြင့် တိုက်ဖျက်နိုင် မည်ဟု၎င်းတို့ ကပြောသည်။

လယ်သမား များကို ကူညီနိုင်ရန်  စိုက်ပျိုးရေး ကဏ္ဍတွင်  နည်းပညာ တီထွင်  ဆန်းသစ်မှု များဖြင့်  လာမည့် ၂ဝ၃ဝ ၌ အာဖရိကတွင် အစား အစာ ဖူလုံနိုင် မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ်မှ စ၍ နှစ်စဉ်ထုတ် ပြန်လာခဲ့သော ထင်မြင်ချက် အစီရင်ခံစာ ၌ပြောကြား ထားသည်။

''အာဖရိကမှာ လူကြီး ၁ဝ ယောက်မှာ ခုနစ်ယောက်က လယ်သမားတွေပါ၊ မိုး ခေါင်ရေရှားဖြစ်တဲ့အချိန် မှာ ရေပြတ်လပ်မှု ဒဏ်ခံနိုင်ရည်ရှိတဲ့ မျိုးစေ့တွေကို လယ်သမားရရှိမယ်ဆိုရင် သီးနှံထွက်ရှိမှုနှုန်းက အရင် အတိုင်းပဲ ထွက်ရှိနေမှာဖြစ်ပါတယ်''ဟု မီလင်ဒါက ပြောသည်။

အွန်လိုင်း ပညာ သင်ကြား မှုစနစ်နှင့် ဆရာများ၊ ကျောင်းသား များကို  ကူညီ နိုင်မည့် ဆဲလ်ဖုန်းများ တိုးတက် တီထွင် နိုင်မည် ဆိုပါ ကလည်း ဆင်းရဲနွမ်းပါး မှုနှုန်းကို ကူညီလျှော့ ချနိုင်မည်ဖြစ်ကြောင်း ၄င်း ကပြောသည် ။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List