Tuesday, January 20, 2015

အိုဘားမား၏ အိန္ဒိယခရီးစဉ်အတွင်း အကြမ်းဖက်မှုမဖြစ်ပွားစေရေး ပါကစ္စတန်ကို ကန် သတိပေး


အမေရိကန်သမ္မတ ဘားရက်အိုဘားမား အိန္ဒိယနိုင်ငံသို့လာရောက်မည့် ခရီးစဉ်အတွင်း နယ်စပ်ဖြတ်ကျော် အကြမ်းဖက် မှုများမဖြစ် ပွားစေရေး အလေးထား လုပ်ဆောင်ထားရန် အမေရိကန်က ပါကစ္စတန် အစိုးရ ကိုတောင်းဆို ခဲ့သည်။
အကြမ်းဖက်မှု များဖြစ်ပွားပါ ကဖြစ်ပေါ်လာမည့် အကျိုးဆက်များနှင့် ပတ်သက်၍လည်း အမေရိကန်က ပါကစ္စတန်ကို သတိပေး ခဲ့သည်။

ဇန်နဝါရီ ၂၆ ရက်တွင် ကျရောက်သည့် အိန္ဒိယနိုင်ငံ၏ ပြည်သူ့ သမ္မတနိုင်ငံနေ့ စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ရန် အမေရိကန် သမ္မတ သည်ယခုသီ တင်း ပတ်နှောင်းပိုင်းတွင် အိန္ဒိယသို့ သွားရောက် မည်ဖြစ်သည်။

အိုဘားမားသည်အိန္ဒိယနိုင်ငံ ရက်ပက်သ်လမ်းမကြီးရှိ လဟာပြင်စင်မြင့်ထက်တွင် နှစ်နာရီကျော်ကြာ ရှိနေမည်ဖြစ်ရာ၎င်း၏ လုံခြုံရေးအတွက် အမေရိကန်နှင့် အိန္ဒိယလုံခြုံရေးအေဂျင်စီများက အထူး လုပ်ဆောင်လျက် ရှိသည်။

ယခင်ကာလများက အမေရိကန်အဆင့်မြင့် ပုဂ္ဂိုလ်ကြီးများ၏ အလားတူ ခရီးစဉ်များနှင့် တိုက်ဆိုင်ကာ အိန္ဒိယတွင်အကြမ်းဖက် တိုက်ခိုက်မှုများကို လုပ်ဆောင် ထားခဲ့သော ပါကစ္စတန် အခြေစိုက် စစ်သွေးကြွ အုပ်စုများ၏ မှတ်တမ်းများကြောင့် အမေရိကန်က ယခုကဲ့သို့ သတိပေး ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်၂ဝဝဝ ပြည့်နှစ်၊ မတ်လ ၂ဝရက်က အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန် အိန္ဒိယခရီးစဉ် လာရောက်စဉ်အတွင်း ဂျမူးနှင့်ကက်ရှ် မီးယားပြည် နယ် ရှိ အေနန်နက်ဒေသတွင် စစ်သွေြး<ွကများ၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ဆစ်ခ် လူမျိုး ၃၆ ဦးသေဆုံး ခဲ့သည်။

ပါကစ္စတန်နှင့် အိမ်နီးချင်း အာဖဂန်နစ္စတန်ရှိ အမေရိကန် တပ်ဖွဲ့များ သည်လည်း ဒေသတွင်းရှိ အကြမ်း ဖက်အုပ်စုများ၏ လှုပ်ရှားမှုများကို အနီးကပ်စောင့် ကြည့်လျက် ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List