Friday, January 23, 2015

ခရီးရှည်ချီတက်သပိတ်မှောက်ကျောင်းသားများ မန်းနယ်လုံဝန်ကြီးတားမြစ်သော် လည်း ဆက်လက်ချီတက်


အမျိုးသားပညာရေး ဥပဒေကို မန္တလေးမြို့မှ ရန်ကုန် မြို့အထိ ခရီးရှည်ခြေလျင် ချီတက် သပိတ်မှောက်ကြ သည့် တက္ကသိုလ်ကျောင်းသားများအား တတိယမြောက်နေ့ ဇန်န၀ါရီ ၂၂ ရက် နံနက်တွင် မန္တလေးတိုင်းနယ် /လုံဝန်ကြီး ဗိုလ်မှူးကြီး အောင် ကျော်မိုးက လာရောက်တားမြစ် ခဲ့သော်လည်း ဆက်လက်ချီတက် လာကြ ပြီး မြစ်သားမြို့တွင် ညအိပ်ရပ်နားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
အဆိုပါသပိတ်မှောက် ကျောင်းသားများသည် တတိယ မြောက်နေ့ အဖြစ် ကျောက်ဆည် မြို့မှ မြစ်သားမြို့ အထိ ချီတက် လာပြီး မြစ်သားမြို့ရှိ သိမ်တောင် ကျောင်းတိုက်၌ ညအိပ်ရပ်နား၍ ဇန်န၀ါရီ ၂၃ ရက် နံနက်တွင် မြင်းခြံမြို့သို့ ဆက်လက်ချီတက် သွားမည်ဖြစ်ကြောင်း သပိတ် မှောက်ဆန္ဒပြရာတွင်ဦးဆောင် သည့် ဒီမိုကရေစီပညာရေးလှုပ် ရှားမှုကော်မတီမှ သိရသည်။

‘‘လမ်းတစ်လျှောက် အခက် အခဲတော့မရှိဘူး။ မနက်က ကျောက်ဆည်က ထွက်ခါနီး မန္တ လေးတိုင်း နယ်/လုံဝန်ကြီး ဗိုလ် မှူးကြီး အောင်ကျော်မိုးက ပုဒ်မ ၁၈ နဲ့ ခွင့်ပြုချက်ယူပြီးမှ လုပ်ဖို့ လာတားတယ်။ ဒါပေမဲ့ ကျွန် တော်တို့က ခွင့်ပြုချက်မယူဘဲ ဆက်လက်ဆန္ဒပြလမ်းလျှောက် ကြတယ်။ မနက်ဖြန်မြင်းခြံအထိ ချီတက်ဖို့ အစီအစဉ်ရှိပေမယ့် လမ်းလျှောက်တဲ့ အချိန်နဲ့ မြို့ကို ရောက်မယ့်အချိန်ကို ကြည့်ပြီး လမ်း က နွားထိုးကြီးတို့မှာလည်း ညအိပ်နားဖြစ်ချင်နားဖြစ်မယ်’’ ဟု သပိတ်မှောက်ဆန္ဒပြရာတွင် ဦးဆောင်သည့် ဒီမိုကရေစီပညာ ရေးလှုပ်ရှားမှုကော်မတီမှ ပြန် ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော် ကပြောသည်။

သပိတ်မှောက်ဆန္ဒပြသည့် ကျောင်းသားများ၏ ရက် ၆၀ တောင်းဆိုမှုအလွန်တွင် မန္တလေး -ရန်ကုန်ခရီးရှည် သပိတ်မှောက် ခြေလျင်ချီတက်မှုအနေဖြင့် မန္တ လေးမြို့မှ ဇန်န၀ါရီ ၂၀ ရက်က စတင်ထွက်ခွာလာပြီး လမ်းတစ် လျှောက်တွင် ပုလိပ်မြို့နှင့် ကျောက်ဆည်မြို့များ၌ ညအိပ်ရပ်နားခဲ့ကြသည်။

အဆိုပါ သပိတ်မှောက် တက္ကသိုလ်ကျောင်းသားများ သည် ကျောက်ဆည်၊ မြင်းခြံ၊ ပခုက္ကူ၊ မကွေး၊ ပြည်မြို့ များကို ဖြတ်သန်းသွားကာ ရန်ကုန်မြို့တွင်၁၅ ရက်အတွင်း သပိတ်စခန်း ဖွင့်လှစ်သွားရန် စီစဉ်ထား ကြောင်း သပိတ်မှောက်ဆန္ဒပြ ရာတွင် ဦးဆောင်သည့် ဒီမိုကရေ စီပညာရေးလှုပ်ရှားမှုဦးဆောင် ကော်မတီမှ သိရ သည်။

အလားတူပင် မုံရွာ၊ ပခုက္ကူ၊ ထားဝယ်မြို့နှင့် ကလေးမြို့များရှိ တက္ကသိုလ်ကျောင်းသားများသည် အမျိုးသား ပညာရေးဥပဒေ ကို သပိတ်မှောက်ဆန္ဒပြခဲ့ကြပြီး မန္တလေးမှ သပိတ်မှောက် ကျောင်းသားများ ရန်ကုန်မြို့ သို့ ရောက်ရှိ ချိန်တွင် သပိတ်စခန်းဖွင့်လှစ်ရန် သွားရောက်ပူးပေါင်းကြမည်ဖြစ် သည်။အမျိုးသားပညာရေး ဥပဒေ ကို သပိတ်မှောက်ဆန္ဒပြကြမည့် တက္ကသိုလ်ကျောင်းသားများ သည် အစိုးရအဖွဲ့၊ လွှတ်တော်၊ မြန် မာနိုင်ငံပညာရေးစနစ်ပြုပြင် ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER)နှင့် သပိတ် မှောက်ဆန္ဒပြ ရာတွင် ဦးဆောင်ခဲ့ သည့် ဒီမိုကရေစီပညာရေးလှုပ် ရှားမှုဦးဆောင်ကော်မတီတို့ လေး ပွင့်ဆိုင်တွေ့ဆုံ ညှိနှိုင်း၍ အမျိုး သားပညာရေးဥပဒေတွင် ၎င်းတို့ ပြင်ဆင်လိုသည့်အချက်များကို ပြင်ဆင်နိုင်သည်အထိ သပိတ် မှောက်ဆန္ဒပြသွားမည်ဖြစ်သည်။

အဆိုပါသပိတ်မှောက် ကျောင်းသားများကို ထောက်ခံ သည့်အနေဖြင့် ပညာရေးဥပဒေ မူကြမ်းအား ကန့်ကွက်သည့် လက်မှတ် ရေးထိုးတောင်းဆိုမှုကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ဇန်န၀ါရီ ၂၁ ရက်က စတင်၍ လိုက်လံကောက်ယူနေပြီး ဟိုပုံးမြို့နှင့် ညောင်ရွှေမြို့များတွင်ပါ တစ်ပတ်ကြာ လိုက်လံကောက်ယူ သွား မည်ဖြစ်ကြောင်း တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ပြောသည်။

‘‘ကျောင်းသားတွေရဲ့ အမျိုး သားပညာရေးဥပဒေကို ကန့် ကွက်ပြီး သပိတ်မှောက်ချီတက် တာကို ထောက် ခံတဲ့အနေနဲ့ လက်မှတ်တွေ ကို ကောက်ခံတာ ပါ။ ကျောင်းသားတွေ ရန်ကုန်ကို ရောက်တဲ့အခါကျရင် အဲဒီလက် မှတ်တွေကို သွားရောက်ပေး ဆောင်သွားမှာပါ’’ဟု ဦးတင်မောင်တိုးကပြောသည်။

အမျိုးသားပညာရေးဥပဒေ ကို ပြန်လည်ပြင်ဆင်ပေးရန် တောင်းဆိုမှုများရှိလာ ၍ ပြည် ထောင်စုလွှတ်တော် က အမျိုးသားပညာရေးဥပဒေပါ ပြဋ္ဌာန်းချက် များအပေါ် ပြန်လည်သုံးသပ်ပြင် ဆင်ပေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇန်န၀ါရီ ၁၉ ရက်စွဲဖြင့် ဇန်န၀ါရီ ၂၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ် လွှာပေးပို့ ထားသော်လည်း တစ်စုံတစ်ရာထူးခြားမှု မရှိသေးပေ။

သပိတ်မှောက်ကျောင်းသားများ ကျောက်ဆည်မြို့မှ ထွက်ခွာလာစဉ် (ဓာတ်ပုံ−ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီ)
7Day Daily

No comments:

Post a Comment

My Blog List