လူမိုက်ဂိုဏ်း ဖွဲ့စည်းထားပြီး နာမည်ကျော် သတင်းစာ တစ်စောင်၏ အယ်ဒီတာတစ်ဦးအား သတ်ဖြတ်ရန် အမိန့်ပေးစေ ခိုင်းခဲ့ကြောင်း စွပ်စွဲခံရမှုဖြင့် သီရိလင်္ကာ သမ္မတဟောင်း မဟိန္ဒ ရာဇပက်ဆာ၏ ညီဖြစ်သူတစ် ဦးအား စုံစမ်းစစ်ဆေး လျက်ရှိကြောင်း ရဲအရာ ရှိတစ်ဦးက ဇန်နဝါရီ ၁၈ရက် တွင်ပြောကြား လိုက်သည်။
သမ္မတဟောင်း၏ ညီဖြစ်သူ ကာကွယ်ရေးဝန်ကြီးဟောင်း ဂိုတာဘယရာဇ ပက်ဆာက အယ်ဒီတာ လာဆန်သာ ဝစ်ကရီမာ တွန်ဂါအား သတ်ဖြတ်ရန် ၂ဝဝ၉ ခုနှစ်၊ ဇန်နဝါရီလ အတွင်း ကစေခိုင်း ခဲ့ကြောင်းပြည်သူ့ ဆက်ဆံရေး ဝန်ကြီးဟောင်း မာဗင်ဆေးလ်ဗား ကရဲဌာန သို့ ဇန်နဝါရီ ၁၇ ရက်က တိုင်ချက်ဖွင့် လိုက်ခြင်းဖြစ်သည်။
၂ဝဝ၉ ခုနှစ်က ကာကွယ်ရေးဝန်ကြီးဟောင်းက သတင်းစာတိုက်အား အသရေ ဖျက်မှုဖြင့် တရားစွဲ ဆိုထား သည့်အမှုတွင် အယ်ဒီတာ ဝစ်ကရီမာ တွန်ဂါမှာ တရားရုံး ထွက်ဆိုမှု မပြုလုပ်မီ ရက်အနည်းငယ် အလိုတွင် ပစ်သတ်ခံခဲ့ ရခြင်းဖြစ်သည်။
''ဂိုတာဘ ယရာဇပက် ဆာဟာ အတင်း အဓမ္မဖမ်းဆီး မှု၊စော်ကား တိုက်ခိုက်မှု၊ လူသတ် မှုတွေမှာ ပတ်သက်နေတယ်ဆိုတဲ့ တိုင်ကြားမှု တစ်ခုရရှိ ထားပါ တယ်။ လူသတ်မှု သုံးခုဖြစ်ပြီး တစ်မှုကတော့ အယ်ဒီတာ ဝစ်ကရီမာတွန်ဂါသေ ဆုံးမှုပဲ ဖြစ်ပါတယ်။ ရာဇပက် ဆာဟာ လူမိုက်ဂိုဏ်း ကိုလည်း ဖွဲ့ထားတယ် လို့သိရ ပါတယ်'' ဟု ရဲအရာရှိ အာဂျစ်ရိုဟန်နာ ကပြော ကြားသည်။
အယ်ဒီတာ ဝစ်ကရီမာ တွန်ဂါနှင့် သူ၏ Sunday Leader သတင်းစာသည် ယခင် အစိုးရ အားဝေ ဖန်ရေး သားမှုများ ပြုလုပ် ခဲ့ပြီး ဂိုတာဘယ သည်လည်း စစ်တပ် အတွက်လေ ယာဉ်ဟောင်း များနှင့် လက်နက်များ ၀ယ်ယူမှုတွင် အကျင့်ပျက် ခြစားမှုများ ရှိခဲ့ကြောင်း စွပ်စွဲရေး သားခဲ့သည်။
လူသတ်မှုနောက် ကွယ်တွင် ဂိုတာဘယ မပါဝင်ကြောင်း ယခင်သီရိလင်္ကာ အစိုးရက ငြင်းဆို ခဲ့သော ကြောင့် လက်ရှိ အစိုးရ လက်ထက်တွင် အမှုပြန် ဖွင့်ခြင်းဖြစ်သည်။
Mizzima - News in Burmese

No comments:
Post a Comment