Friday, January 23, 2015

မိချောင်းကန်သပိတ်ကူညီသူ ကိုဝေဠု တရားရုံးကို သပိတ်မှောက်



မိချောင်းကန်သပိတ်ကို အားပေးကူညီတဲ့အတွက် ထိန်းသိမ်းခံထားရတဲ့ ကိုဝေဠုက မြန်မာနိုင်ငံက တရားစီ ရင်ရေးဟာ လွတ်လပ်မှုမရှိပဲ ချုပ်ကိုင်ချယ်လှယ်သူတွေ ရှိနေတဲ့အတွက်၊ နောက်ထပ် တရားရုံး ရုံးချိန်းတွေ ကို လာရောက်တော့မှာမဟုတ်တော့ပဲ၊ ထောင်ထဲမှာပဲနေပြီး တရားရုံးကို သပိတ်မှောက်မယ်လို့ ပြောလိုက် ပါတယ်။

အဲ့ဒီလိုသပိတ်မှောက်တဲ့အကြောင်း ကိုဝေဠုက တရားရုံးရှေ့မှာ အခုလိုပြောဆိုခဲ့ပါတယ်။

"ရုံးချိန် ၄ ကြိမ်မြောက်ရှိပြီ၊ ကျနော်တို့အပါအဝင် မိချောင်းကန်ပြည်သူပြည်သားတွေဟာ ဥပဒေရဲ့ အကာ အကွယ်လုံးဝမရဘူးဖြစ်နေပါတယ်၊ အဲ့ဒီအတွက် ကျနော့်အနေနဲပ ၂၉ ရက်နေ့ ရုံးချိန်းချိန်းပါတယ်၊ တရားရေးစနစ်ကို လူတစ်စုကသော်လည်းကောင်း၊ တစ်ဦးတစ်ယောက်ကသော်လည်းကောင်း တရားစီ ရင်ရေးမဏ္ဍိုင်ကို လွှမ်းမိုးချုပ်ကိုထားပြီးတော့ ၁၁ ရက် ၁၂ လ၊ ၂ဝ၁၂ မှာ ကျနော်ကို ပုဒ်မ ၅ဝ၅(ခ)နဲ့ အာမခံပေးခဲ့ပေမယ့်လို့ ဒီနေ့မှာတော့ အာမခံမပေးနိုင်ဘူးဆိုပြီး ငြင်းဆိုတာဖြစ်တဲ့အတွက် တရားစီ ရင်ရေးရဲ့ တရားသူကြီးများရဲ့ မျှော်ခေါ်စဉ်းစားမှု၊ ဥပဒေအကြံပေးများရဲ့ မျှော်ခေါ်စဉ်းစားမှုကို လူတစ်စု တစ်ယောက်ကသော်လည်းကောင်း၊ လူတစ်စုတစ်ဖွဲ့ကသော်လည်းကောင်း လွှမ်းမိုးချုပ်ကိုင်ထားတယ်လို့ ယုံကြည်ယူဆတာဖြစ်တဲ့အတွက် ကျနော့်အနေနဲ့ တရားရုံးကို သပိတ်မှောက်ပြီး နောက်ထပ်ရုံးချိန်းတွေကို လုံးဝရင်ဆိုင်မှု လုံးဝမပြုပါဘူး"

ကိုဝေဠုကို မိချောင်းကန်ရပ်ကွက်သားတွေရဲ့ သပိတ်မှာနောက်ကွယ်ကနေ အားပေးကူညီနေသူအဖြစ် အာဏာပိုင်တွေကစွပ်စွဲပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့ညက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူ့ကို ဖမ်းဆီးထားတာ နဲ့ပတ်သက်လို့ ကိုဝေဠုက အခုလိုပြောပါတယ်။

'"ကျနော်ကိုသွေးထိုးလှုံ့ဆောင်လို့ဆိုပြီး ဖမ်းဆီးထားတဲ့ဟောဒီ့အမှုနဲ့ ဟောဒီ့တရားရုံးမှာ ကျနော်မေးကြည့် ချင်ပါတယ်၊ မိချောင်းကန်အဘိုးအဖွားများကို ကျနော်သွေးထိုးလှုံ့ဆော်ခဲ့ပါသလား၊ အဲ့ဒီ့အဘိုးအဖွားတွေဟာ လူသားတွေပါ၊ အထူးသဖြင့် ဒီနိုင်ငံသားတွေပါ၊ အိုးအိမ်နေရာမဲ့နေတဲ့ ကျနော်တို့ နိုင်ငံသားတွေရဲ့ဘဝကို ပြည်သူပြည်သားတွေ ကာကွယ်စောင့်ရှောက်ပေးကြပါ" ကိုဝေဠု ဟာ မနှစ်ကလဲ မိုးထိမိုးမိရွှေလုပ်သား အရေးနဲ့ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံ မယ့်အပေါ် ကန့်ကွက်ဆန္ဒပြခဲ့တာတွေကြောင့် တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ထောင် ၃ လ ချမှတ်ခံခဲ့ရပြီး၊ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁ဝ ရက်နေ့ မှာ အင်းစိန်ထောင်က ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

အဲ့ဒီနောက် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြနေတဲ့ မိကျောင်းကန် သပိတ်စခန်းက ပြည်သူတွေကို တခြားတက်ကြွလှုပ်ရှားသူတွေနဲ့အတူ ဝိုင်းဝန်းကူညီပေးခဲ့တာဖြစ်ပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List