Wednesday, January 21, 2015

သမ္မတ၏ သ၀ဏ်လွှာကို ဒေါ်အောင်ဆန်းစုကြည် တရားဝင်တုံ့ပြန်မည်


ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးနှင့် ပတ်သက်၍ နိုင်ငံ တော်သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ ပြန်ကြား သည့် သ၀ဏ်လွှာနှင့် ပတ်သက်၍ တရားဝင် တုံ့ပြန်ပြော ကြားသွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။
သမ္မတ၏ သ၀ဏ်လွှာသည် အကြောင်းအရာကို တိတိကျကျ ဖော်ပြသင့် သည်ဟု ဒေါ်အောင် ဆန်းစုကြည် ကပြောသည်။

ယခုလ ၂၀ ရက်တွင် ပြု လုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးမစတင်မီ မီဒီယာများနှင့် တွေ့ဆုံ စဉ်ပြည်သူ့လွှတ် တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က အထက်ပါအ တိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘ရှင်းရှင်းလင်းလင်းပြော သင့်တာပေါ့။ အန်တီတို့ကတော့ ပြောရင် ရှင်းရှင်းလင်းလင်းပဲ ပြောမယ်။ ဒီကိစ္စက အရေးကြီးတဲ့ အတွက် ဒီလိုအလွတ်သဘော ပြောလို့တော့ ဘယ်ကောင်းမလဲ။ တရားဝင်ပြောမယ်။ အဲဒီ အခါ စောင့်နားထောင်ပါ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နိုင်ငံတော်သမ္မတက ဇန်န၀ါ ရီ ၁၇ ရက်စွဲဖြင့် ပြည်ထောင်စု လွှတ်တော် သို့ ပြန်လည်ပေးပို့ သော သ၀ဏ် လွှာတွင် လွှတ် တော်က တောင်းဆို သည့် ခြောက် ပွင့်ဆိုင်ကို လက်ခံခြင်းပြု၊ မပြု တိတိကျကျပြန်ကြား ထားခြင်းမရှိ ဘဲ ငြင်းဆိုသော သဘောသက် ရောက်သည့် အသုံးအနှုန်းများသုံးစွဲရေး သားထားခြင်း ဖြစ် သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြုပြင်ပြောင်းလဲရေးတွင် အကျပ်အတည်း မဖြစ်ပေါ်စေရန် သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်း စုကြည်၊လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စား လှယ်များအား ကိုယ်စားပြုသူတစ်ဦးတို့ ဆောလျင်စွာ တွေ့ဆုံ ဆွေးနွေးရေး ကို နိုဝင်ဘာ ၂၅ ရက်ကကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ် သည်။

ပြည်ထောင်စု လွှတ်တော် က တောင်းဆိုထားသော ခြောက် ပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးရေး ထက် တိုင်းရင်းသားများ၊ လူထုလူတန်းစား အဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများဖြင့် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေး ရေး ပြု လုပ်ခြင်းသည် ပိုမိုကောင်းမွန်ပြည့်စုံနိုင်ကြောင်း နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာတွင်ဖော်ပြ သည်။

အဆိုပါအကြောင်းပြန်ကြား သည့် သ၀ဏ်လွှာတွင် ရန်ကုန်နှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ် တော်တို့က အတည်ပြုထားသည့် (၁၂) ပွင့်ဆိုင်တွေ့ဆုံရေး၊ ချင်း ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ ၏ သဘော ထားထုတ်ဖော်မှုများအစရှိသည် တို့ကို အလေးထားထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း သမ္မတ ကဆိုသည်။


7Day Daily

No comments:

Post a Comment

My Blog List