Wednesday, January 21, 2015

သမ္မတအိမ်နှင့် ယီမင်မြို့တော် သူပုန်လက်ထဲကျရောက်






ဇန်န၀ါရီ ၂၀ ရက်က သမ္မတအိမ်တော်နဲ့ အစိုးရ အဆောက်အဦတွေကို စီးနင်းခဲ့ပြီးတဲ့နောက်မှာတော့ ယီမင်နိုင်ငံ မြို့တော် ဆန်နာက ရှီးရား စစ်သွေးကြွ သူပုန်တွေလက်ထဲ ကျရောက်သွားပါတယ်။

၂ ရက်ကြာ အပြင်းအထန် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် သူပုန်တွေက ယီမင်မြို့တော်ကို ၀င်ရောက် စီးနင်းခဲ့ တာ ဖြစ်ပါတယ်။

ရွေးချယ်ခံ သမ္မတ အာဘက်မန်ဆော ဟာဒီရဲ့ အခြေအနေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် အိမ်မှာ ပိတ်မိနေတယ်လို့ ယုံကြည်ရတဲ့ အကြောင်း သတင်းတွေက ရေးပါတယ်။

သမ္မတ အိမ်တော်မှာလည်း ပေါက်ကွဲသံတွေကြားနေရသလို သမ္မတ ကိုယ်ရန်တော်တွေက ခုခံနေတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေကို အာဏာသိမ်းမှု တခုအဖြစ် ယီမင် ပြန်ကြားရေးဝန်ကြီးနဲ့ အဆင့်မြင့်အရာရှိတွေက သတ်မှတ်ထားသလို သမ္မတ အိမ်တော် ကျသွားတာဟာလည်း ယီမင်မှာ အန္တရာယ်ရှိတဲ့ ကာလတခု အဖြစ် သတ်မှတ်ထားပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ တိုက်ပွဲတွေကို ရှုတ်ချလိုက်ပြီး လုံခြုံရေး ကောင်စီအစည်းအဝေးမှာ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

စက်တင်ဘာလက ဆန်နာမြို့ကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် သူပုန်တွေရဲ့ လွမ်းမိုးမှုက ပိုမို ကြီးမားလာတာ လည်း ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List