Tuesday, January 20, 2015

လုံခြုံရေး အခြေအနေအရ ဘင်္ဂလားဒေ့ရှ် အစိုးရက ဗိုက်ဘာနှင့် တန်ဂို အသုံးပြုမှုကို ပိတ်ပင်


ဘင်္ဂလားဒေ့ရှ် အစိုးရသည် နိုင်ငံတွင်အွန်လိုင်း ဆက်သွယ်ရေး ဝန်ဆောင်မှု များပေးသော Viber နှင့် Tango တို့အသုံးပြုမှုကို လုံခြုံရေး အခြေအနေများအရ ပိတ်ပင်တားဆီး လိုက်သည်။ ဘင်္ဂလားဒေ့ရှ် ဆယ်သွယ်ရေး လုပ်ငန်း စည်းကမ်း ထိန်းသိမ်းရေး ကော်မရှင်  BTRC က အထက်ပါ ကိစ္စနှင့် ပတ်သက်၍ သက် ဆိုင်ရာ လုပ်ငန်းဌာနများသို့ လမ်းညွှန်ချက် တစ်စောင် ကိုပေးပို့ ခဲ့သည်။


လုံခြုံရေး အခြေအနေများအရ ယခုကဲ့သို့ဆောင်ရွက်ပေး ရန်ထောက် လှမ်းရေးအေဂျင်စီများ ကတောင်းဆို ခဲ့ကြောင်း BRTC ၏အတွင်းရေး မှူးနှင့်ပြောရေး ဆိုခွင့်ရှိသူ ဆာဝါအလမ် ကပြောသည်။

ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီ ခေါင်းဆောင်ပိုင်းက ဗုံးခွဲခြင်းနှင့် မီးရှို့ တိုက်ခိုက်ခြင်းများ အပါအဝင် အဖျက်အမှောင့် လုပ်ငန်းများလုပ်ဆောင်ရန် Viber နှင့် Tamgp တို့ကိုအသုံးပြု၍ ညွှန်ကြားနေသည့် အထူးသတင်းများ အစိုးရက ရရှိထားကြောင်း တာဝန်ရှိရဲတစ်ဦး ကပြောသည်။

''အဖျက်အမှောင့်လုပ်ငန်းတွေ လုပ်ဖို့ မိုဘိုင်းဖုန်းတွေကနေ ညွှန်ကြားနေတဲ့ သူတွေက ခုချိန်မှာ သူတို့ဖုန်း တွေကို မသုံးတော့ဘဲ Viber နဲ့ Tango ကိုပြောင်း သုံးလာနေ တယ်လို့ ကျွန်တော်တို့ သတင်းရ ထားပါ တယ်''ဟု ဘင်္ဂလားဒေ့ရှ် ရဲတစ်ဦး ကပြောသည်။

''ကျွန်တော်တို့ ရဲ့ထောက် လှမ်းရေးအေ ဂျင်စီတွေ အလွယ် တကူ စောင့်ကြည့် လို့မရတဲ့ ဒီ ဠ နွဲှ့ညေါသ တို့ကို သုံးပြီးတော့ အကြမ်းဖက် သမားတွေ ကအမှု အခင်းတွေ ဖန်တီးနေပါတယ်''ဟု ပြည်ထဲရေး ဝန်ကြီး အစာဒူဇာ မန်ခန်ခါမယ် ကဒေးလီး စတားသတင်းဌာန ကိုပြောကြားသည်။

ထောက်လှမ်းရေး အေဂျင်စီများသည် မိုဘိုင်းဖုန်းမှတစ်ဆင့် ပုံမှန်ဖုန်းခေါ်ဆိုမှု တစ်ခုပြုလုပ်ချိန်တွင် ခေါ်ဆို သူ၏ တည်နေရာကို သိရှိထောက် လှမ်းနိုင်သော် လည်း Viber နှင့် Tango တို့ကိုသုံးကာ ဆက်သွယ် ချိန်တွင်ခေါ် ဆိုသူ၏ တည်နေရာ ကိုထောက်လှမ်းနိုင်ခြင်း မရှိကြောင်း တယ်လီကွန် ကုမ္ပဏီ တစ်ခုမှတာ ဝန်ရှိသူတစ်ဦး ကပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List