Friday, January 23, 2015

ပိတ်မိနေသော အရပ်သားများ ပြောင်းရွှေ့ပေးရန်နှင့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အဖွဲ့အစည်းများ သွားရောက်နိုင်ရန် ကုလက ကာကွယ်ရေး ၀န်ကြီးထံ တောင်းဆို


ကချင်ပြည်နယ်တိုက်ပွဲ ဖြစ်ပွားရာနေရာမှ အရပ်သားဒုက္ခသည်များကို ဖားကန့်၊လုံးခင်းသို့ ပြောင်းရွှေ့ပေးရေးနှင့် စစ်ပွဲဖြစ်ရာနေရာသို့ လူသားချင်းစာ နာ ထောက်ထားမှုဆိုင်ရာ အဖွဲ့အ စည်းများ သွားရောက်နိုင်ရေး အထူးခရီးသွား အမိန့်ကို မြန်မာ့တပ်မ တော်က အမြန်ဆုံး ထုတ်ပေးစေ လိုကြောင်း ကုလ သမဂ္ဂက မြန်မာ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ် ကြီး ဝေလွင်ထံသို့တောင်း ဆို လိုက်သည်။
ဇန်န၀ါရီ ၂၁ ရက်တွင် ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ဝေလွင်ထံသို့ ကုလသမဂ္ဂ လူသား ချင်းစာနာထောက် ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး မစ္စရီတာနာလော့ ဒက်စလီယန် လာရောက်တွေ့ဆုံ တောင်း ဆိုခဲ့ခြင်း ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးကမူ ကချင်ပြည်နယ် ကိစ္စကို တပ်မ တော်က ရာနှုန်းပြည့်ထောက်ပံ့ကူ ညီမည်ဖြစ်ပြီး တစ်ဖက်တွင်လည်း လက်နက်ကိုင်တပ်ဖွဲ့ (KIA ကိုဆို လိုသည်)နှင့် နှစ်ဖက်ညှိနှိုင်းမှသာ အဆင်ပြေနိုင်ကြောင်း၊ တပ်မ တော်က ခွင့်ပြုလိုသော်လည်း တစ် ဖက်က ခွင့်မပြုပါက အဆင်မပြေ နိုင်ကြောင်း ကုလကိုယ်စားလှယ် အား ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။

ပဋိပက္ခဖြစ်ပွားရာအနီးဒုက္ခ သည်များကို လုံးခင်း၊ ဖားကန့်သို့ ပြောင်းရွှေ့ပေးစေ လိုပြီး အစားအ သောက်နှင့် ရိက္ခာပစ္စည်းပေးပို့ မည့် လူသားချင်း စာနာထောက် ထားမှုအဖွဲ့များကို ဒုက္ခသည်များ ထံ သွားရောက်နိုင်ရေး အထူးခရီး သွားအမိန့် အမြန်ထုတ်ပေးရန် ကုလကိုယ်စားလှယ်က တောင်းဆိုခဲ့ ခြင်း ဖြစ်သည်။ ထို့ပြင် ပဋိပက္ခ ဖြစ်ပွားရာ ဒေသမှ ကလေးများအတွက် ၀က်သက်ဂျိုက်သိုးကာ ကွယ်ဆေးဖြန့်ဝေခွင့်ပြုရန်လည်း ၎င်းက ပြောသည်။

တပ်မတော်နှင့် ကေအိုင်အေ တို့ ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲ များဖြစ်ပွား ရာဒေသတွင် ဒေသခံနှစ်ထောင် ခန့်ပိတ်မိနေပြီး ဒေသခံများ၏ စားဝတ်နေရေးနှင့် လုံခြုံ ရေးကို ကေအိုင်အေက တာဝန်ယူ မည်ဖြစ်ကြောင်း ပြောကြားမှုများ ရှိခဲ့သည်။ လက်ရှိ အချိန်တွင် တိုက်ပွဲဖြစ်ပွားရာအနီး ဒေသခံများ ပိတ်မိနေ သည့် ကချင်ပြည် နယ် အောင်ဘာလေကျေးရွာသို့ တပ်မတော် စစ်ကြောင်းက ၀င် ရောက်ရှင်းလင်းပြီး တပ်စွဲ ထားသည်။

ကုလကိုယ်စားလှယ်က က ချင်ပြည်နယ်အရေးအပြင် တပ်မ တော်အတွင်း ကလေးစစ်သားပ ပျောက်ရေးကို အဓိကထားဆောင်ရွက်ရန်နှင့် ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့များအား လူ့အခွင့် အရေးနှင့် ပဋိပက္ခ ညင်သာစွာ ဖြေရှင်းရန် သင်တန်းပေးနေပါက နိုင်ငံတကာကသိရှိအောင် သတင်း ထုတ်ပြန်ပေးစေ လိုကြောင်း ကာကွယ်ရေးဝန်ကြီးအား တိုက်တွန်းခဲ့သည်။

‘‘တချို့ကိစ္စတွေက ပြဿနာကို ဖြေရှင်းရာမရောက်ဘဲ မီးမွှေး ရာရောက်တယ်လို့ ၀န်ကြီးက ပြန် ထောက်ပြ တယ်။ ဒါဟာ ရခိုင်အ ရေးနဲ့ပတ်သက်ရင် ပြည်ပနိုင်ငံ ကြီးတွေ၊ အခြေစိုက်လူ့အခွင့်အ ရေးသမားတွေ ပုံကြီးချဲ့စွက်ဖက် မှုတွေလည်းရှိနေတာကို သွယ် ၀ိုက်ပြောလိုက်တာပဲလို့ မြင်ပါ တယ်’’ဟု တပ်မတော် အရာရှိကြီး တစ်ဦးက ပြောကြားသည်။

ယခုအခါ မြန်မာ့တပ်မတော် နှင့် KIA တို့ကြား တိုက်ပွဲများ ရပ်ဆိုင်းသွားပြီဟု နှစ်ဖက်စလုံးက ပြောကြား ထားသည်။


7Day Daily

No comments:

Post a Comment

My Blog List