Wednesday, January 21, 2015

သစ်ခိုးထုတ်မှုဖြင့်ထိန်းသိမ်းထားသော နိုင်ငံသားများကို လုံခြုံစွာစောင့်ရှောက်ပေးရန် တရုတ်အစိုးရ တောင်းဆိုထား

မကြာမီက တရားမ၀င် သစ်ခိုးထုတ်မှုဖြင့် ဖမ်းဆီးခံထားရသော တရုတ်နိုင်ငံသားများကိုလုံခြုံ စွာ စောင့်ရှောက်ထားရန်နှင့် တရားဥပဒေဆိုင်ရာအခွင့်အရေးများအကာ အကွယ်ပေးရန် မြန်မာအစိုးရကို တရုတ်အစိုးရက တောင်းဆိုကြောင်း သတင်းရရှိသည်။
မန်မာနိုင်ငံမှ တရုတ်သံရုံး နှင့် ကောင်စစ်ဝန်ရုံးတို့ကလည်း ထိန်းသိမ်းခံတရုတ်နိုင်ငံသားများ နှင့် သွားရောက်တွေ့ဆုံမည် ဖြစ်ပြီး ထိန်းသိမ်းခံ မိမိတို့ နိုင်ငံသားများအတွက် လိုအပ်သည့် ကူညီ ထောက် ပံ့ပေးမှုများ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စ တာဟောင်းလီက တရုတ်နိုင်ငံတွင် ဇန်န၀ါရီ ၁၉ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြား သည်။

ကချင်ပြည်နယ်ရှိ ပဋိပက္ခ များ ဖြစ်ပွားရာနယ်မြေတွင် တရားမ၀င်သစ်ထုတ်မှုကြောင့် ဇန်န၀ါရီ၎ ရက်က ဖမ်းဆီးခံထားရသူ ၁၄၆ ဦး၌ တရုတ်နိုင်ငံသား ၁၂၆ ဦး ပါဝင်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကမ္ဘာ့သတင်း များကို ကိုးကား၍ ယမန်နေ့က ပြောကြားခဲ့သည်။

ထိန်းသိမ်းခံထားရသည့် တရုတ်နိုင်ငံသားများအားလုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များနှင့် သင့် လျော်သည့် ဆေးဝါးကုသမှုများ ရရှိရန်၊ ဖမ်းဆီးခံထားရမှုအပေါ် တရုတ်အစိုးရ၏ စိုးရိမ်ပူပန် မှုကိုလည်း မြန်မာအာဏာပိုင်တို့ကို ထုတ်ဖော်ပြောကြားကြောင်းနှင့် မြန်မာအစိုးရကလည်း ထိန်းသိမ်း ထားသူများအား ကောင်းမွန်စွာဆက်ဆံမည်ဟု ပြန်လည်တုံ့ပြန်ပြောကြားကြောင်း မစ္စတာဟောင်းလီ က ပြောကြားသည်။

ကချင်ပြည်နယ်အတွင်း သစ် တင်ယာဉ် ၅၀၀ စီး၊ သစ်မှောင်ခိုဂိုဏ်းသား ၂၀၀ နီးပါးနှင့် မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာအစိုးရက သတင်း ထုတ်ပြန်ထားပြီး တရုတ်နိုင်ငံသားများကို ပြည်သူပိုင် ပစ္စည်းအလွဲသုံးမှု အပက (၃)၊ တရားမ၀င် ၀င်ရောက်မှု လူဝင်မှုကြီးကြပ်ရေး ဥပဒေများဖြင့် တရားစွဲဆို ထားပြီး ဖြစ်သည်။

လက်တလောဖြစ်ပွားနေ သော မြန်မာ့တပ်မတော်နှင့် ကေအိုင်အေတို့ကြား တိုက်ပွဲဖြစ်ပွားရာနေရာတွင် ဒေသခံများပိတ်မိနေရာ တရုတ်နိုင်ငံ သားများလည်း ပါဝင်ကြောင်း တရုတ်အစိုးရအာဘော်သတင်းစာ The Global Times က ဖော်ပြထားသည်


7Day Daily

No comments:

Post a Comment

My Blog List