Wednesday, January 21, 2015

ယန်ဟီလီ ထုတ်ပြန်ချက် မြန်မာလူ့အခွင့်အရေး ကော်မရှင်တုံ့ပြန်


အခုလ အတွင်း မြန်မာ နိုင်ငံကို ဒုတိယအကြိမ် သွားရောက်ပြီး လူ့အခွင့်အရေးအခြေအနေ အရပ်ရပ် ကို လေ့လာ သုံးသပ်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာ နိုင်ငံ လူ့အခွင့် အရေးဆိုင်ရာ အထူး စုံစမ်း စစ်ဆေးရေးမှူး ယန်ဟီလီက သူ့ခရီးစဉ်နဲ့ ပတ်သက်တဲ့ တွေ့ရှိချက်တွေကို ဇန်နဝါရီလ ၁၉ ရက် ရက်စွဲနဲ့ သတင်း ထုတ်ပြန် လိုက်ပါတယ်။
မြန်မာ နိုင်ငံမှာ သတင်းမီဒီယာနဲ့ အရပ်သား အဖွဲ့ အစည်းတွေအပေါ် ကန့်သတ် ချုပ်ချယ်မှုတွေဟာ ပထမ တစ်ခေါက် သူ့ခရီးစဉ်ထက် ပိုမို ဆိုးရွားတဲ့ သဘော တွေ့ရတာကို စိုးရိမ်ကြောင်းနဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို နောက်ကြောင်း ပြန်လှည့် သွားစေနိုင်တယ်လို့ ထောက်ပြ သတိပေးထားပါတယ်။

မြန်မာ နိုင်ငံ လူ့ အခွင့် အရေး ကော်မရှင် ကတော့ လူ့အခွင့် အရေး မခြေ အနေတွေ တိုးတက်မှု ရှိတယ် လို့ ပြောပါတယ်။

မစ္စယန်ဟီလီရဲ့ ထုတ်ပြန်ချက် ထဲမှာပါတဲ့ ရခိုင်ပြည်နယ်မှာ မွတ်ဆလင်တွေကို ဘယ်မှ သွားလာခွင့် မပေး ဘဲ ဒုက္ခသည် စခန်းတွေမှာပဲ နေစေတာနဲ့ ပတ်သက်လို့ စာနာမိပေမဲ့ ဒါဟာ တည်ငြိမ် နေတဲ့ အခြေ အနေ ကို ပဋိပက္ခဖြစ်မှာ စိုးရိမ်ရတာနဲ့ လုံခြုံရေး အတွက်ကြောင့် ဒေသခံ အစိုးရက ထိမ်းသိမ်းတဲ့ သဘော ဖြစ် တယ်လို့ ကော်မရှင် ဒုတိယ ဥက္ကဌ ဦးစစ်မြိုင်က ပြောပါတယ်။

လွှတ်တော်မှာ ဆွေးနွေးကြဖို့ ရှိတဲ့ မျိုးစောင့် ဥပဒေ တွေနဲ့ ပတ်သက်လို့လည်း ဘာသာရေး အရ ခွဲခြား ဆက်ဆံတဲ့ သဘော မတွေ့ရဘဲ လွတ်လပ်စွာကိုးကွယ်ခွင့်ကို အကာအကွယ် ပေးထားတဲ့ သဘောတွေ့ရ တယ်လို့ သူက ဆိုပါတယ်။

မစ္စယန်ဟီလီ အနေနဲ့ နိုင်ငံရဲ့ ပကတိ အခြေ အနေကို အရှိ အတိုင်း ရှုမြင်ဖို့ လိုတယ်၊ ပြည်သူ့ဆန္ဒ သဘော ထားကို လေ့လာဖို့ လိုတယ်လို့ ဦးစစ်မြိုင် က ပြောပါတယ်။

BBC Burmese

No comments:

Post a Comment

My Blog List