၂၀၁၅ ဇန်န၀ါရီ ၁၇ ရက် ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့ သည့် ပြည်ထောင်စု လွှတ်တော် ၏ခြောက်ပွင့်ဆိုင် အဆိုအပေါ် သမ္မတ ၏ သဘောထား သဝဏ်လွှာမှာ ရှင်းလင်းတိကျမှု ရှိသင့်သည် ဟု ဒေါ်အောင်ဆန်း စုကြည်ကပြောသည်။
ဇန်နဝါရီ ၁၉ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက မှတ်တမ်းတင်ခဲ့သည့် သမ္မတ၏ သ၀ဏ် လွှာတွင် “နိုင်ငံတော် သမ္မတ ဦးဆောင်၍ ခြောက်ပွင့်ဆိုင် တွေ့ဆုံရန် တိုက်တွန်းလာသောကိစ္စ သည် ကောင်းမွန်သော လုပ်ငန်းတစ်ရပ် ဖြစ်ပါသည်။” ဟု ပါဝင်သော်လည်း “သို့ရာတွင် ….
တိုင်းရင်းသားပြည်သူအားလုံး လူထုလူတန်းစားအဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများက လက်ခံသော ကိုယ်စားပြုမှု ဖြစ်စေရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးတို့ အတွက် စီမံဆောင်ရွက်နိုင်ပါက ပိုမို ပြည့် စုံ ကောင်း မွန်မည်ဟု အကြံပြုလိုပါသည်။” ဟုလည်း ဝေဖန်ထောက်ပြထားသည်။
ထို့အပြင် “ဤကိစ္စနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ ဆုံးဖြတ်ချက်၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်၏ ဆုံးဖြတ်ချက်နှင့် ချင်းပြည်နယ် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ၏ သဘောထား ထုတ်ဖော်မှုများကိုလည်းကောင်း၊ ကျန်တိုင်းရင်းသားများ၏ သဘောထားများကိုလည်းကောင်း အလေးထား ထည့်သွင်း စဉ်းစားရပါမည်။” ဟုလည်း ရေးသားညွှန်ပြထားသည်။
ထို့အတူ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁၂) ပါ ဥပဒေပြင် ဆင်ရေး ပြဌာန်းချက်များအတိုင်း လွှတ်တော်က ပြင် ဆင်ပါက သမ္မတအနေဖြင့်လိုက်နာဆောင်ရွက်သွား မည်သာ ဖြစ်ကြောင်း၊ ပြ ဌာန်းထားသောဥပဒေကို ကျော်လွန် ဆောင်ရွက်၍ မရနိုင်ပါကြောင်းလည်း သဘောထား သဝဏ်လွှာတွင်ပါရှိသည်။
ထို့ကြောင့် သမ္မတသည် ပြည်ထောင်စု လွှတ်တော်၏ ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး အဆိုကို လက်ခံသည့် သဘောထက် လက်မခံသည့် သဘောက ပိုများနိုင်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များအကြား ဝေ ဖန်ပြော ကြားလျက်ရှိသည်။
Mizzima - News in Burmese

No comments:
Post a Comment