Friday, January 23, 2015

လွှတ်တော်ကိုယ်စားလှယ်များ ဧပြီလမှစ၍ လစာ ဆယ်သိန်းရမည်

အရပ်သားလွှတ် တော်ကိုယ်စားလှယ်များ လာမည့်ဧပြီလမှစတင်၍ ချီးမြှင့်ငွေကျပ်၁၀ သိန်းကို စတင်ခံစား ခွင့်ရရှိမည် ဖြစ်ပြီး အဆိုပါတိုးမြှင့်ခံစားခွင့်ပြု မှုတွင် တပ်မတော်သားကိုယ်စား လှယ်များ ပါဝင်ခြင်းမ ရှိကြောင်း သတင်းရရှိသည်။
လွှတ်တော်ကိုယ်စားလှယ် များအား ချီးမြှင့်ငွေ (လစာ)ကျပ် ၁၀ သိန်းတိုးမြှင့်ပေးရေးကိစ္စကို သမ္မတက လက်ခံခြင်းမရှိဘဲ တစ် ပြိုင်တည်းတိုးမြှင့်ခြင်းအစား ဖြည်းဖြည်းချင်းတိုးမြှင့်ရန် သဘောထားမှတ်ချက်ပေးပို့ခဲ့ မှုကို လွှတ်တော်က ပယ်ချပြီး မူလအတိုင်းထားရှိရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် နိုင်ငံတော်သမ္မတမှ သ ဘောထား မှတ်ချက်ဖြင့် ပြန်လည် ပေးပို့မှုအပေါ် တပ်မတော်သား ကိုယ်စားလှယ်များ အပါအ၀င် အကြိတ်အ နယ်ဆွေးနွေးခဲ့ကြပြီး တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြု ချက်ရယူ မဲခွဲရာ ထောက်ခံမဲများ ပြီး သမ္မတ မှတ်ချက်များ ရှုံးနိမ့်ခဲ့ ခြင်း ဖြစ်သည်။

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်အချို့က သမ္မတ မှတ်ချက်အတိုင်း ကျပ်ဆယ်သိန်း ကို တစ်ကြိမ်တည်းမတိုးဘဲ ဖြည်း ဖြည်းချင်းသာ တိုးရန် ထောက် ခံ ဆွေးနွေးခဲ့ကြသည်။

အခြေခံ ဥပဒေအရ ပြည် ထောင်စုလွှတ်တော်မှ အတည်ပြု ထားသော ဥပဒေကြမ်းတစ်ရပ်ကို သမ္မတ အနေဖြင့် တစ်ကြိမ် သာ သဘောထားမှတ် ချက်ပေး ပိုင်ခွင့်ရှိသောကြောင့် အထက် ဖော်ပြပါ ကိစ္စရပ်အပေါ် ထပ်မံ သဘောထားမှတ်ချက်ပေးပိုင်ခွင့် မရှိတော့ဘဲ ခုနစ်ရက်အတွင်း ဥပ ဒေအဖြစ် အတည်ပြုအသက်ဝင် လာမည် ဖြစ်သည်။

ယခုအတည်ပြုလိုက်သည့် ဥပဒေကြမ်းပါ အချက်များအရ ပြည်ထောင်စုအဆင့် လွှတ်တော် ကိုယ်စားလှယ် များသည် တစ်လလျှင် ကျပ် ၁၀ သိန်း၊ တိုင်းဒေသ ကြီး၊ ပြည်နယ်အဆင့်ရှိ လွှတ် တော်ကိုယ်စားလှယ်များ သည် ကျပ်ငါးသိန်း အသီးသီးချီးမြှင့်ငွေ များ တိုးမြှင့်ရရှိမည် ဖြစ်သည်။

‘‘ဒီလိုတိုးပေးတယ်ဆိုတာ ဟာ ကိုယ်စားလှယ်တွေကို တိုး ပေးတယ်ဆိုတာ ထက် ပြည်သူ တွေကို တိုးပေးတာလို့ မြင်သင့်ပါ တယ်။ 

ဘာကြောင့်လဲဆိုတော့ ကိုယ်စားလှယ်တွေက ပြည်သူ့ ကိုယ်စားထောက်ပြပြောဆိုပေး နေတာ ဖြစ် ပါတယ်။ ဒီလိုပြည်သူ့ အတွက် ပြောပေးနေသူတွေကို ထမင်း အငတ်ထား၊ သွားစရာ လမ်းစရိတ်မရှိ ဘဲဖြစ်အောင် လုပ် မယ်ဆိုရင် ဒါဟာ ဒီမိုကရေစီ ထွန်းကားဖို့ကို ကန့်ကွက်နေတာနဲ့ အ တူတူပါပဲ’’ပြည် ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုးက ပြောသည်။

လက်ရှိတွင် ပြည်ထောင်စု ၀န်ကြီးများ လစာကျပ် သိန်း ၃၀ ရရှိနေပြီး လွှတ်တော် ကိုယ်စား လှယ်များ အနေဖြင့် ကျပ်သုံးသိန်း သာရရှိခြင်းမှာ နိုင်ငံတကာစံနှုန်း နှင့် ညီညွတ်ခြင်းမရှိသကဲ့သို့ အောက်ခြေရှိ အုပ်ချုပ်ရေးဆိုင်ရာ ၀န်ထမ်း များနှင့်ဆက်ဆံရာတွင်လည်း ယင်းကိစ္စသည် အခက်အခဲတစ်ခု ဖြစ်နေကြောင်း လွှတ်တော်ကိုယ် စားလှယ်များက ပြောသည်။

‘‘မြို့နယ်မှာ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေနဲ့ စကားပြောရ ပြီဆိုရင် တချို့တွေက လစာစကေးအပေါ်ကြည့်ပြီး ဆုံးဖြတ်တတ်ကြတယ်။ အဲဒါကြောင့် ကိုယ်စားလှယ်ရတဲ့ လစာကြည့်ရင် သူတို့ နဲ့ သိပ်မကွာတော့ မင်းတို့ အဆင့် မရှိပါဘူးကွာဆိုတဲ့ပုံစံမျိုးဆက်ဆံခံရတယ်’’ဟု အမတ်တစ်ဦးက ပြောသည်။

အဆိုပါချီးမြှင့်ငွေ (လစာ)တိုးမြှင့်မှုများမှာ ဥပဒေအရ ဖေ ဖော်ဝါရီလမှ စတင်အသက် ၀င်မည်ဖြစ်သော်လည်း ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်စတင်မည့် ဧပြီလမှသာ စတင်ခံစားခွင့်ရှိမည်ဖြစ် ကြောင်း ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော်မတီအ တွင်းရေးမှူး ဦးစောလှထွန်းက ပြောသည်။

လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ်အချို့ကို တွေ့ရစဉ်။ လွှတ်တော်ကိုယ်စားလှယ်များသည် လက်ရှိလစာ ကျပ်သုံးသိန်းမှ လာမည့်ဧပြီလမှစ၍ ကျပ်ဆယ်သိန်းထိတိုးမြှင့်ခံစားခွင့်ရတော့မည်ဖြစ်သည်။ (ဓာတ်ပုံ − စိုးသန်းဝင်း/အေအက်ဖ်ပီ)
7Day Daily

No comments:

Post a Comment

My Blog List