Wednesday, January 21, 2015

ဒေါက်တာထွန်းအောင် ပြန်လွှတ်မှု သမ္မတကို အမေရိကန် ချီးကျူး


နှစ်ရှည်ထောင်ဒဏ် စီိရင်ခံထားရတဲ့ ရခိုင်ပြည်နယ်က ဒေါက်တာ ထွန်းအောင်ကို သမ္မတ ဦးသိန်းစိန်က အထူးလွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တာဟာ အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှာ အခန်းကဏ္ဍ သစ် ဖွင့်လိုက်တာပါပဲလို့ မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ အမေရိကန် အောက်လွှတ်တော်အမတ် Aaron Schock က ပြောကြားလိုက်ပါတယ်။
မှားယွင်းပြီး ထောင်ချခံနေရတယ်လို့ အမေရိကန်အစိုးရက ယုံကြည်ထားတဲ့ အကျဉ်းသားကို သမ္မတ ဦးသိန်းစိန်က သဘောထားကြီးကြီးထားပြီး ပြန် လွှတ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။ နှစ်နိုင်ငံ အကြား ကောင်းမွန်နေတဲ့ဆက်ဆံရေးကို ပိုပြီးတိုးတက်လာအောင် ဆောင်ရွက်ပေးတာလို့ ယုံကြည်ပါ တယ်လို့ သူက ပြောသွားပါတယ်။

ဒါ့အပြင် Aaron Schock က အောက်လွှတ်တော် အမတ်တစ်ဦိးအနေနဲ့ အမေရိကားကို ပြန်ရောက်သွားတဲ့ အခါမှာ လွှတ်တော်ထဲက လုပ်ဖေါ်ကိုင် ဖက်တွေကို ဒီသတင်းကောင်းပြောပြပြီးတော့ သူလာရင်း အကြောင်းဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ရေးအစီအစဉ်ကို ထောက်ခံပေးကြဖို့ တိုက်တွန်း မှာဖြစ်ကြောင်း ဆက်လက်ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံမှာရောက်နေတဲ့ Prague Freedon Foundation ဥက္ကဌ John Todoroki ကလည်း ဒေါက်တာ ထွန်းအောင်ကို ပြန်လွှတ်ပေးလိုက်တာဟာ လူ့အခွင့်အရေးဆိုင်ရာ သဘောထားပြောင်းလဲမှုအတွက် ခြေ လှမ်းကြီး တစ်ရပ်ဖြစ်လို့ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နဲ့ ဒီကိစ္စဖြစ်မြောက်အောင်ကြိုး ပမ်းခဲ့တဲ့ လွှတ်တော် အမတ် Aaron Schock တို့ကို ကျေးဇူးတင်ရှိပါတယ် လို့ ပြောပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List