Wednesday, January 21, 2015

လူ​တွေ​ကို ကယ်​ခဲ့​တဲ့ သူ​ကို ပြင်​သစ်​နိုင်ငံသား ပေး​အပ်


အသက် ၂၄ နှစ် အရွယ် မစ္စတာ ဘာ့ချီလီ ဟာ မွတ်ဆလင်မ် တစ်ဦး ဖြစ်ပြီး အခင်း ဖြစ်ပေါ် စဉ် ဈေးဝယ် အများအပြား ကို မြေအောက်ထပ် စားသောက် ကုန် တွေ သိုလှောင်ရာ အအေးခန်းထဲ မှာ ပုန်းအောင်း စေခဲ့ ပါတယ်။
ပြင်သစ် နိုင်ငံမှာ ဖြစ်ပေါ် ခဲ့တဲ့ ဂျူး ပိုင် ကုန်တိုက် ကို အစ္စလာမ်မစ် လက်နက်ကိုင် တစ်ဦး က စီးနင်းခဲ့ တဲ့ အဖြစ် အပျက် မှာ၊ အခင်း ဖြစ်ရာ မှာ ရှိနေ ခဲ့တဲ့ ဈေးဝယ်တွေ ကို ဘေးလွတ်အောင် စီစဉ် ပေးခဲ့တဲ့ မာလီ နိုင်ငံက လာတဲ့ ကုန်တိုက် ဝန်ထမ်း လာဆာနာ ဘာ့ချီလီ ကို ပြင်သစ် နိုင်ငံသား ပေးအပ် လိုက် ပါတယ်။

မစ္စတာ ဘာ့ချီလီ ကို ပြင်သစ် နိုင်ငံသား ပေးအပ်တဲ့ အခမ်းအနား ကို ပြင်သစ် ဝန်ကြီးချူပ် နဲ့ ပြည်ထဲရေး ဝန်ကြီး တို့ တက်ရောက် ပြီး သူ့ရဲ့ သူရ သတ္တိ အတွက် ပြင်သစ် နိုင်ငံကိုယ်စား ကျေးဇူးတင်ရှိကြောင်း ပြော ဆို ခဲ့ကြပါတယ်။

အသက် ၂၄ နှစ် အရွယ် မစ္စတာ ဘာ့ချီလီ ဟာ မွတ်ဆလင်မ် တစ်ဦး ဖြစ်ပြီး၊ အခင်း ဖြစ်ပေါ်စဉ် က ဈေးဝယ် အများအပြားကို မြေအောက်ထပ် စားသောက်ကုန် တွေ သိုလှောင်ရာ အအေးခန်းထဲမှာ ပုန်းအောင်း စေ ခဲ့ပြီး ရဲတပ်ဖွဲ့ ကို ဆက်သွယ် ခဲ့ပါတယ်။

ဒီလို စွမ်းဆောင်ခဲ့မှုအပေါ် သူ့ အနေနဲ ဂုဏ်ယူကြောင်း ပြောပေမယ့်၊ သူ့ အပေါ် သူရဲကောင်းတစ်ဦး အဖြစ် တော့ မသတ်မှတ်ကြဖို့ မစ္စတာ ဘာ့ချီလီ က ပြောပါတယ်။

‘လွတ်လပ်မှု အဓွန့် ရှည် ပါစေ၊ ပြင်သစ်ပြည်ကြီး အဓွန့်ရှည် ပါစေ’ ဆိုတာ နဲ့ အဆုံး သတ်ခဲ့တဲ့ သူ့ရဲ့ မိန့်ခွန်း အဆုံး မှာတော့ လူအများ က မတ်တပ်ရပ် ဩဘာ ပေးခဲ့ ကြပါတယ်။

BBC

No comments:

Post a Comment

My Blog List