သစ်ထုတ်လုပ်ရေးလုပ်ငန်းကို စတင်လုပ်ဆောင်စဉ်မှ ယနေ့အထိ အခြားနိုင်ငံသို့ ခိုးထုတ်ရောင်းချမှု မပြု လုပ်ခဲ့ကြောင်း ထူးကုမ္ပဏီအုပ်စုဥက္ကဋ္ဌဦးတေဇက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။‘‘သစ်တော ၀န်ကြီးတွေရော သစ်ထုတ်လုပ်သူတွေရော မသေသေးဘူး။ မေး ကြည့်လို့ရပါ တယ်’’ဟု အထက်ပါပုဂ္ဂိုလ် က ပြောကြားသည်။
သစ်ထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်စဉ်က ဗြိတိသျှလက်ထက်က ကျင့်သုံး ခဲ့သော သစ်ထုတ်လုပ်ရေးနည်း အတိုင်းတစ်ပင်ခုတ်ပြီး သုံးပင်ပြန်စိုက်ခဲ့ကြောင်း ၎င်းကပြောကြားသည်။ ထို့အပြင် ထုတ်ယူပြီးသော သစ်များကိုလည်း နိုင်ငံတော် မှတစ်ဆင့်ပြန်လည်ဝယ်ယူ၍ ရောင်းချမှုများပြုလုပ်ခဲ့သည်ဟု ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ဦးတေဇ၏ ထူးကုမ္ပဏီက သစ်ထုတ်လုပ်ရေး လုပ်ငန်းများကို ကယားပြည်နယ်၊ ပဲခူးရိုးမ၊ ကျိုက်ထို၊ ကသာ၊ ရှမ်းပြည်နယ်တို့တွင် လုပ်ကိုင်ခဲ့သည်။
ဦးတေဇမှာလည်း သစ်လုပ်ငန်း ဖြင့် ချမ်းသာကြွယ်ဝလာသူတစ် ဦးဖြစ်သည်။
7Day Daily

No comments:
Post a Comment