Thursday, January 22, 2015

တရုတ်သံရုံးရှေ့ဆန္ဒပြသူများအား မြို့နယ်လေးခုမှ အမှုထပ်ဖွင့်


တရုတ်သံရုံးရှေ့ ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သူ ကိုနေမျိုးဇင် အပါအဝင် ခုနစ်ဦးအား မြို့နယ်လေးခုမှ အ မှုထပ်မံဖွင့်ထားသည်ဟု ရှေ့နေဦးရော ဘတ်စန်းအောင်က ပြောသည်။ လက်ပံတောင်းတောင် ပဋိပက္ခနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၂၉ ရက်က မြို့ တော်ခန်းမရှေ့မှ တရုတ်သံရုံးရှေ့သို့ ချီတက်ဆန္ဒပြစဉ် ဖြတ်သန်း ခဲ့သည့် ပန်းဘဲတန်း၊ လမ်းမတော်၊ ကျောက်တံတား နှင့် လသာ စသည့် မြို့နယ်ရဲစခန်းများမှ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့် လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် ထပ်မံအမှု ဖွင့်ထားသည်ဟု ၄င်းကဆိုသည်။
''လမ်းဖြတ်လျှောက်လို့ အမှုဖွင့်ထား တာတဲ့ဗျာ။ လမ်းမလျှောက်ကြနဲ့။ ဥပ ဒေနဲ့တော့ ညီပါတယ်။ တရားရုံး ကတော့ အမှုဖွင့်ရင်တော့ လက်ခံရမှာပဲလေ''ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။

ဇန်နဝါရီ ၂ဝ ရက်က ဒဂုံမြို့နယ် တရားရုံး၌ ကိုနေမျိုးဇင်၊ ကိုတင်ထွဋ်ပိုင်၊ ကိုသန်းဆွေ၊ ဒေါ်နော်အုံးလှ၊ ဒေါ် စိန် ထွေး၊ ဒေါ်စန်းစန်းမြင့်တို့ ခြောက်ဦးအား ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးအပြီး ဦးရောဘတ်စန်းအောင် က ထိုသို့ပြော ခြင်း ဖြစ်သည်။

ကိုနေမျိုးဇင်အပါအဝင် ခုနစ်ဦးကို ဒဂုံမြို့နယ်ရဲစခန်းမှ နိုင်ငံတော်အစိုးရ ၏ ဂုဏ်သိက္ခာကျဆင်းအောင် လှုံ့ဆော် မှု၊ လူစုလူဝေးဖြင့် ရုန်းရင်းဆန်ခတ်ဖြစ် အောင် ဟောပြောမှုနှင့် ခွင့်ပြုချက်မဲ့ စီ တန်းလှည့်လည်မှု စသည့် ပြစ်မှုပုဒ်မ များဖြစ်သည့် ပုဒ်မ ၅ဝ၅(ခ)/၁၁၄၊ ပုဒ်မ ၃၅၃၊ ပုဒ်မ ၁၄၇ စသည့် ပုဒ်မခုနစ်ခု ဖြင့် အမှုဖွင့်လှစ်ထားပြီး ယခုထပ်မံ၍ မြို့နယ်လေးခုမှ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် ခြင်းဖြစ်သည်။

လသာမြို့မရဲစခန်းမှူး ဒုရဲမှူးကျော် ကျော်အောင်က ''ဆန္ဒပြရင် ခွင့်ပြုချက် တင်ဖို့ ဥပဒေက ခွင့်ပြုထားပါတယ်။ ဒီ ဥပဒေ ပြဋ္ဌာန်းထားတာလဲကြာပြီ၊ တင် ပေါ့။ သိရက်နဲ့ မတင်ဘဲနဲ့ ဘယ်သူမှား တာလဲပေါ့''ဟု ပြောသည်။

တရုတ်သံရုံးရှေ့သို့ ချီတက်ဆန္ဒ ပြရာတွင် လသာမြို့နယ်အတွင်းသို့ လူ များ၊ ကားများ ခွင့်ပြုချက်မရှိဘဲ ဖြတ် သန်း သွားသည့်အတွက် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် ခြင်းဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

ရှေ့နေ ဦးရောဘတ်စန်းအောင်က ''တစ်နေ့တည်းဖြစ်တဲ့ အမှုချင်း အတူတူ ကို ပုဒ်မ ၁၈ နဲ့ဖွင့်လိုက်၊ ဟိုဘက်ကဖွင့် လိုက်၊ ဒီဘက်ကဖွင့်လိုက်နဲ့ လှည့်ဖွင့် နေတာပဲ''ဟု ပြောသည်။

အမှုအား ဆက်လက်စစ်ဆေးနိုင် ရန်အတွက် ဇန်နဝါရီ ၂၇ ရက်သို့ ချိန်း ဆိုထားပြီး အဆိုပါနေ့တွင် အာမခံ ရရှိ မည်၊ မရရှိမည်ကို တရားသူကြီးက ဆုံး ဖြတ်မည်ဟု ဦးရောဘတ်စန်းအောင်က ဆက်ပြောသည်။

No comments:

Post a Comment

My Blog List