Wednesday, January 21, 2015

ဓမ္မစေတီခေါင်းလောင်းရှာဖွေမှုအား ဆယ်ရက်ခန့် ခေတ္တရပ်နား ထား မည် ဖြစ်ကြောင်း ရှာဖွေသူ ဦးကျော်ဝင်းပြော


ဓမ္မစေတီ ခေါင်းလောင်းကို ရှာဖွေလျက်ရှိ သည့် ဦးကျော်ဝင်း က လတ်တလော တွင် ခေါင်းလောင်း ရှာဖွေ မှုကို ခေတ္တရပ်နားကာ ဆယ်ရက်ခန့်ဝစီပိတ်ကျင့်ပြီး သာသနာ့အလုပ်များကို လုပ် ဆောင်ရန် စီစဉ် ထားကြောင်း ဇန်နဝါရီ ၂ဝရက်က ဒီမိုကရေစီတူဒေး သတင်းစာ သို့ပြောသည်။
ခေါင်းလောင်းရှာဖွေမှုကို ဇန်နဝါရီ ၁၉ရက်အထိ ပြုလုပ်ခဲ့ပြီး ပုံရိပ်များအရ ဆင်ကျုံးဆိပ်ခံတွင် တည်ရှိရမည် ဟုယုံကြည်ကြောင်း လတ်တလောမှာတော့ ရှာဖွေမှုများ မပြုလုပ်ဘဲ အနားယူမည်ဖြစ်ကြောင်း သိရသည်။

''တံခါးကိုတွေ့နေပြီဆိုတော့ ဖွင့်ရမှာ။ တံခါးကိုဖွင့်ဖို့အတွက် သော့ရှိမှ ဖွင့်လို့ရ မှာလေ။ အထက်က ဆရာ ကြီးများရဲ့အမိန့်နဲ့တစ်ပတ်၊ ဆယ်ရက်ဝ စီပိတ်ကျင့် ပြီး သာသနာ့ အလုပ်ကိုလုပ်မယ်၊ စိတ်ကိုနုပျိုစေ အောင် လုပ်ရမယ်။ ဘက်ပေါင်းစုံ က နေကြိုးစားပြီး ရှာဖွေ သွားမယ်။ အောင် မြင်ဖို့ အတွက် ၉၉ ဒသမ ၉၉၉ရာ ခိုင်နှုန်းမရောက်မချင်းပေါ့''ဟု ဦးကျော် ဝင်းက ပြောသည်။

ဓမ္မစေတီခေါင်းလောင်းတည် နေရာသည် သန်လျင်ရေနံချက်စက် ရုံ၏ ဆိပ်ခံတံတား(ဆင်ကျုံး)၏ အနောက်တောင်ဘက် ကိုက် ၁ဝဝ ကမ်းမှကိုက် ၂ဝဝခန့်အကွာ မြောက်ဘက် ၁၆ဒီဂရီ ၄၅ဒသမ ၁၅၈မိနစ်နှင့်အရှေ့ဘက် ဝ၉၆ဒီဂ ရီ ၁၂ ဒသမ ၉၆၄အရပ်တွင် တည်ရှိ နေကြောင်း၊ ကနဦးစမ်း သပ်ရှာဖွေ မှုများအရ ခန့်မှန်းထားကြောင်း၊ ယင်းကို GPS စနစ်ဖြင့် ရှာဖွေမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဦးကျော် ဝင်းက ဆက်လက်ပြောသည်။

ဇန်နဝါရီ ၁၉ရက်က စိတ်ဝင် စားဖွယ်ပုံရိပ်နှစ်ခုကြောင့် ရေငုပ်သ မားအဖွဲ့နှင့် သွားရောက်ရှာဖွေခဲ့ပြီး၊ လုပ်ငန်းခွင်ကို မွန်းလွဲ ၃နာရီတွင် စတင်ခဲ့ပြီးရေမှာ အမြင့်ဆုံး ၅၆ပေ အချိန်ဖြစ်ကာ ဆင်ကျုံး၏ အနောက် တောင်ကမ်းပါး၊ ဆင်ကျုံးတည့်တည့်၊ ဆင်ကျုံးအထက်သုံးနေရာတို့ကိုရေ ငုပ်ပြီးရှာဖွေခဲ့ကြောင်း ဦးကျော်ဝင်း ၏ လူမှုစာမျက်နှာတွင် ရေးသား ထားသည်။

ထိုနေရာတွင် ဓမ္မစေတီခေါင်း လောင်းရှိနေသည်ဟုယုံကြည်ပြီး ပိုမိုကောင်း မွန်တိကျသော GPS စနစ် ကိုကြံဆမည်ဖြစ်သလို၊ ရေငုပ် သမားနှင့်လည်း မရနိုင်၊ အားမကိုး နိုင်သေးပါက ကောင်းမွန်တိကျ စရိတ် သက်သာသေ ချာသောစနစ်ကို ကြံဆကာဆက်လက်ရှာဖွေမှုကိုဆက် လက်လုပ်ဆောင် မည်ဖြစ်ကြောင်း လည်း ယင်းကဆက်လက်ရေးသား ထားသည်။

ဓမ္မစေတီခေါင်းလောင်းကို ရှာဖွေရန်အတွက် ဦးကျော်ဝင်းမှာ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂၉ရက်က ခွင့် ပြု မိန့်ရရှိခဲ့ကာ စမ်းသပ်လေ့လာတိုင်း တာမှုများပြု လုပ်ထားပြီး တွေ့ရှိ ချက်အရ ခေါင်းလောင်းကြီး မှာ ရေ အောက် ကြမ်းပြင် ၏တစ်ဝက်ခန့်တွင် နစ်မြုပ်နေကြောင်း မီဒီယာများအား ပြောကြားထားသည်။

နှစ်ပေါင်း ၄ဝဝခန့်က နစ်မြုပ် ခဲ့သည်ဆိုသော ဓမ္မစေတီခေါင်း လောင်းကြီးကို ရှာဖွေသူများစွာရှိခဲ့ သလို အောင်မြင်မှုမရရှိသေးဘဲ ၂ဝ၁၄ ခုနှစ်အတွင်းက ဦးစံလင်းမှ လည်း ရန်ကုန်မြစ်၊ပုဇွန်တောင်မြစ် နှင့်ဒေါပုံမြစ်သုံးစင်းနေရာတွင် ရှာ ဖွေခဲ့ကာ အောင်မြင်မှုမရရှိခဲ့ချေ။

MTZ
Democracy today

No comments:

Post a Comment

My Blog List