Thursday, January 22, 2015

ဓားစာခံများအရေး ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဂျော်ဒန်အရာရှိများနှင့် ဆွေးနွေး


ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယာစူဟိုက်ဒီ နာကာယာမာဟာ ဂျော်ဒန်အရာရှိတွေနဲ့ ဖမ်းဆီးခံ ဂျပန် ဓားစာခံ ၂ ဦးအရေး ဆွေးနွေးခဲ့ပါတယ်။ ဇန်န၀ါရီ ၂၁ ရက်နေ့က ဂျော်ဒန်နိုင်ငံ အမ္မာန်မြို့တော်က ဂျပန်သံရုံးမှာ သွားရောက်ဆွေးနွေးခဲ့တာဖြစ်ပြီး အသေးစိတ်ကိုတော့ မထုတ်ပြန်ပါဘူး။
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဇန်န၀ါရီ ၂၁ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၀န်ကြီးချုပ် ရှင်ဇိုအဘေး က အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(အိုင်အက်စ်) အကြမ်းဖက်အဖွဲ့တွေ ဖမ်းထားတဲ့ ဂျပန်လူမျိုး ၂ ဦး ပြန်လည် လွတ်မြောက်ဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။

၆ ရက်ကြာ အရှေ့အလယ်ပိုင်း ခရီးစဉ်ကနေ မြို့တော်တိုကျိုကို ပြန်ရောက်ပြီးနောက် ၀န်ကြီးချုပ် အဘေး ဟာ ဓားစားခံ ၂ ယောက်အရေးကို အမြန်ဆောင်ရွက်တာဖြစ်ပါတယ်။

ဇန်န၀ါရီ ၂၀ ရက်နေ့က အိုက်အက်စ်အဖွဲ့က အွန်လိုင်းကတဆင့် ထုတ်ပြန်ခဲ့တဲ့ ဗွီဒီယိုထဲမှာ ဂျပန်လူမျိုး ဓားစားခံ ၂ ဦးကို အမေရိကန် ဒေါ်လာ သန်း ၂၀၀ နဲ့ ပြန်မရွေးရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထား ပါ တယ်။

DVB

No comments:

Post a Comment

My Blog List