Friday, January 23, 2015

တယ်လီနောက ဒေသလေးခုတွင် ကွန်ရက်ထပ်မံချဲ့လိုက်ပြီး လစဉ်ဆင်းမ်ကတ် တစ်သန်းခွဲရောင်းမည်

တယ်လီနောမြန်မာအနေ ဖြင့် ပြည်နယ်နှင့် တိုင်းလေးခုတွင်မိုဘိုင်းကွန်ရက် ထပ်မံတိုးချဲ့ဖွင့် လှစ်လိုက်ပြီး ဇန်န၀ါရီလမှစ၍ နိုင် ငံတစ်ဝန်း၌ ဆင်းမ်ကတ် ၁ဒသမ၅ သန်းကို လစဉ်ရောင်းချပေးသွား မည်ဖြစ်ကြောင်း သတင်းထုတ် ပြန် သည်။
‘‘ကျွန်တော်တို့အနေနဲ့ အ ရည်အသွေးကို အဓိကထားတဲ့အ တွက် လိုင်းတွေကို စိတ်ချရပြီဆိုမှ အခုလို ဖွင့်ပေးလိုက်တာပါ။ ဆင်းမ်ကတ်ရောင်းချပေးတာ နည်းနေတဲ့အတွက် မှောင်ခိုဈေးကွက် ဖြစ်နေတာကြောင့် ဒီလကစပြီး လစဉ် ၁ဒသမ၅ သန်းအထိ တိုး ချဲ့ဖြန့်ဖြူးပေးသွားပါမယ်’’ဟု တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ် ပီတာဖာဘတ်ကဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာနှင့် ဒီဇင်ဘာလက ၎င်းတို့၏ ကွန်ရက်အ ခြေအနေကြောင့် ဆင်းမ်ကတ် အရေအတွက် ကို လျှော့ရောင်းခဲ့ ရသော်လည်း လက်ရှိတွင် တာဝါ တိုင်အများအပြား တိုးချဲ့တည် ဆောက် ပြီး ဖြစ်သောကြောင့် ဆင်းမ်ကတ်များ တိုးချဲ့၍ ဖြန့် ဖြူးပေးသွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာမှ သတင်းရရှိသည်။

တယ်လီနောက ဇန်န၀ါရီ ၂၂ အထိ မိုဘိုင်းကွန်ရက်တရားဝင် ဖွင့်လှစ် လိုက်သော ပြည်နယ်နှင့် တိုင်းများမှာ စစ်ကိုင်း၊ ပဲခူး၊ မကွေးနှင့် ဧရာဝတီတိုင်း တို့ ဖြစ်သည်။ ယခင်ပေးခဲ့သော ရန်ကုန်၊ မန္တ လေး၊ နေပြည်တော် တို့တွင် မိုဘိုင်းကွန်ရက်ရှိပြီ ဖြစ်သည်။

‘‘နောက်လဆိုရင် ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ကွန်ရက်ဆက် ပြီး ချဲ့ထွင်သွားမှာ ဖြစ်ပါတယ်။ ဒီပြည် နယ်နှစ်ခုပါမယ်ဆိုရင် တယ်လီနောရဲ့ ကွန်ရက်က မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ ပြည်နယ်နဲ့ တိုင်း ကိုးခုမှာ ရောက်ရှိနေမှာ ဖြစ်ပါ တယ်’’ဟု ပီတာဖာဘတ်က ကွန်ရက်ချဲ့ထွင်သော ပဲခူးမြို့ခရီးစဉ် တွင် ပြောသည်။

မြန်မာနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးမြို့ဖြစ်သည့် ရန်ကုန်မြို့ တွင် မိုဘိုင်းကွန်ရက် ကောင်းမွန်စေရန် တာဝါတိုင် ၈၀၀ ခန့် လိုအပ်ပြီး လက်ရှိတွင် တာဝါတိုင်ပေါင်း ၅၃၅ တိုင် တည်ဆောက်ထားပြီး အရေ အတွက်ကို မကြာမီပြည့်မီအောင် ဆောင်ရွက်နိုင်တော့မည် ဖြစ်ကြောင်း တယ်လီနောက ဆိုသည်။

နိုင်ငံတစ်ဝန်း တာဝါတိုင် ပေါင်း ၂၀၀ မှ ၃၀၀ အတွင်း လစဉ်တည်ဆောက်၍ တိုးချဲ့သွားမည်ဟု ဆိုသည်

တယ်လီနောမြန်မာအမှုဆောင်အရာရှိချုပ်ပီတာဖာဘတ် မေးခွန်းများ ဖြေဆိုနေစဉ် (ဓာတ်ပုံ - နိုင်လင်းအောင်)
7Day Daily

No comments:

Post a Comment

My Blog List