Wednesday, January 21, 2015

အမျိုးသားပညာရေးဥပဒေ ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများကို ထောက်ခံလှုပ်ရှားမှု မုံရွာတွင်ပြုလုပ်


ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် အမျိုးသားပညာရေး ဥပဒေအား ကန့်ကွက်သည့် ဆန္ဒ ထုတ်ဖော်မှုများ ကို ထောက်ခံသည့်အနေဖြင့် ဇန်န၀ါရီ ၂၀ ရက် နံနက်က တက္ကသိုလ်ကျောင်းသား သမဂ္ဂ(တကသများ ကွန်ရက်-မုံရွာ)အဖွဲ့ဝင်ကျောင်းသား၊ ကျောင်းသူများက လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

‘‘မန္တလေးက ကျောင်းသား၊ ကျောင်းသူတွေ ရန်ကုန်ကို စတင်ချီတက်နေပါပြီ။ ကျွန်တော်တို့ မုံရွာမှာလည်း အမျိုးသားပညာ ရေး ဥပဒေကန့်ကွက်တဲ့ ဆန္ဒထုတ်ဖော်မှုတွေကို ထောက်ခံတဲ့ အနေနဲ့ လှုပ်ရှား မှုတွေ ဆောင် ရွက်ရင်း ကျောင်းသား၊ ကျောင်းသူများ ၀ိုင်းဝန်း ပါဝင်လာအောင်နှိုးဆော်တာပါ။ အခုနှိုးဆော် မှုတွေအပြီး ရန်ကုန်၊ မန္တလေးက ဆန္ဒထုတ်ဖော်တဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပူးပေါင်းသွားမှာပါ’’ဟု မုံရွာတက္ကသိုလ်အတွင်း အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သည့် သပိတ်မှောက်ကျောင်းသားတစ်ဦး က ပြောသည်။

မုံရွာ တက္ကသိုလ်အတွင်း ဘွဲ့ နှင်းသဘင် ခန်းမဆောင်ရှေ့ ဓာတုဗေဒဌာနနှင့် ရူပဗေဒဌာန အနီးတွင် ဇန်န၀ါရီ ၂၀ ရက် နံနက် ၉ နာရီမှစတင်ကာ အမျိုးသားပညာရေးဥပဒေ ကန့်ကွက် ဆန္ဒထုတ်ဖော်မှု များကို ထောက်ခံသည့် လှုပ်ရှားမှုကို စတင်ခဲ့ခြင်း ဖြစ်သည်။ ဆန္ဒထုတ်ဖော်သူများသည် အမျိုးသားပညာရေး ဥပဒေတွင် ပါဝင်သောအချက်များကိုကန့်ကွက်ကြောင်း ပြောကြားခဲ့ပြီးကျောင်းသား၊ ပြည်သူအခြေမခံသော အမျိုး သားပညာရေးဥပဒေ အလိုမရှိ၊ ဒီမိုကရေစီပညာရေး ရရှိရေး၊ ကျောင်းသားသမဂ္ဂ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိရေးစသည့် တောင်းဆိုချက်များ တောင်းဆိုခဲ့ သည်။

ကျောင်းသား၊ ကျောင်းသူ များ မုံရွာတက္ကသိုလ်အတွင်း လှည့်လည်ဆန္ဒထုတ်ဖော်နေစဉ် နံနက်၁၀ နာရီခွဲ တွင် မုံရွာ တက္ကသိုလ် ဒုတိယပါမောက္ခချုပ် အပါအ၀င်တာဝန်ရှိသူများက ဆန္ဒထုတ်ဖော်နေသည့် ကျောင်း သားများအား အသံချဲ့စက် အသုံးမပြုရန်နှင့် ခွင့်ပြုချက်တောင်းခံပြီးမှ ဆောင်ရွက်ကြရန် လာရောက်တားမြစ် ခဲ့သည်။

‘‘အခုဖြစ်နေတာက ကျောင်းတာဝန်ရှိသူတွေဆီမှာ ခွင့်ပြုချက် တောင်းထားတာ မရှိဘူး။ ခွင့်ပြု ချက် နဲ့ ဆောင်ရွက်မယ်ဆိုရင် သီးသန့်နေရာမှာ လွတ်လပ်စွာ ဟောပြောခွင့်၊ ဆန္ဒထုတ်ဖော်ခွင့် ပြုသွားမှာ ဖြစ် တဲ့အတွက် နား ထောင်ချင်တဲ့သူတွေက ခွင့်ပြု ထားတဲ့နေရာမှာ သွားနားထောင် နိုင်သလို စာသင်လို သူတွေက စာ သင်ခန်းထဲမှာ အနှောင့်အယှက် မဖြစ်ဘဲ စာသင်နိုင်မှာ ဖြစ်ပါ တယ်’’ ဟု မုံရွာတက္ကသိုလ် ဒုတိ ယပါမောက္ခချုပ်ဒေါက်တာကျော် ထွန်းက သတင်းထောက်များ အား ရှင်းလင်းပြောကြားသည်။

မုံရွာတက္ကသိုလ်အတွင်း စာ သင်ဆောင်များရှေ့တွင် အသံချဲ့ စက်အသုံးပြု ဆန္ဒထုတ်ဖော်ခြင်း ကြောင့် စာသင်ခန်းအတွင်း ပညာသင်ကြားနေသော ကျောင်း သား၊ ကျောင်းသူများကို အနှောင့် အယှက်ဖြစ်စေနိုင် သဖြင့် သက် ဆိုင်ရာ တာဝန်ရှိသူများက တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း ဒုပါမော က္ခချုပ်က ပြောသည်။

7Day Daily

No comments:

Post a Comment

My Blog List