Friday, January 23, 2015

မိဘနဲ့မိသားစု တိုက်တွန်းလို့ နှာခေါင်းခွဲစိတ်ပြုပြင်လိုက်တယ်ဆိုတဲ့ ၀ါဆိုမိုးဦး


ခွဲစိတ်ပြုပြင်ရမှာကြောက်သော်လည်း မိဘနှင့် မိသားစုဝင်များက နှာခေါင်း ခွဲစိတ်ပြုပြင်ရန် တိုက်တွန်းကြ သဖြင့် နှာခေါင်းခွဲစိတ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သရုပ်ဆောင်ဝါဆိုမိုးဦးက ပြောသည်။ အနုပညာရှင် တယောက်ဖြစ်သည့်အတွက် လှပမှုနှင့်ပြည့်စုံရန်နှင့် ပရိသတ်မေတ္တာ ပိုမိုရရှိစေရန်အတွက် မျက်နှာတွင် လိုအပ်သည့်အစိတ်အပိုင်းဖြစ်သည့် နှာခေါင်းကို ပြုပြင်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“၀ါဆို ဘာလုပ်လုပ် ပရိသတ်ကို မလိမ်ညာချင်ပါဘူး။ ၀ါဆိုနှာခေါင်းခွဲစိတ် ပြုလုပ်ခဲ့ပါတယ်။ ၀ါဆိုမိဘတွေက ၀ါဆို အတွက် လိုအပ်တယ်လို့ တိုက်တွန်းလို့ ခွဲစိတ်လိုက်တာပါ။ နဂိုကတည်းက ပရိသတ်သိတဲ့မျက်နှာကိုပဲ ၀ါဆိုပိုလှသွား အောင် ပြုပြင်လိုက်တာဖြစ်ပါတယ်။ တချို့ ပရိသတ်တွေက ၀ါဆိုကို မလိုဘဲနဲ့ ပြုပြင်မှု တွေ လုပ်တယ်လို့ ပြောတယ်။ ၀ါဆိုလည်း ထင်ပါတယ်။ ပြုပြင်ဖို့ မလိုအပ်ဘူး။ ဒါပေမဲ့ ၀ါဆိုလည်း မိန်းကလေး တယောက်ဖြစ်လို့ ပိုလှချင်လို့ ပြုပြင်လိုက်တာပါ”ဟု သရုပ်ဆောင်ဝါဆိုမိုးဦးက ပြောသည်။

၎င်းအနေဖြင့် ပြုပြင်မှုနှင့်ပတ်သက်သည့် ဆိုးကျိုးများကို မသိသေးသော်လည်း ပြုပြင်ချိန်၌ အရမ်းကြောက် လန့်မိကြောင်း ခွဲစိတ်ပြုပြင်မှုများလုပ်သည့်အခါ အန္တရာယ်များရှိသည့်အတွက် ခွဲစိတ်ခန်းဝင်သည့်အခါ အရမ်းကြောက်ရွံ့ မိကြောင်း ခွဲစိတ်ပြုပြင်မှုပြီးသွားမှသာလျှင် ၎င်းအနေနှင့် စိတ်အေးချမ်းသာ သွားကြောင်း လည်း ၀ါဆိုမိုးဦးက ပြောသည်။

“၀ါဆိုထင်ပါတယ်။ ယနေ့ခေတ် က အလှအပနဲ့ပတ်သက်လို့ရှိရင် ခွဲစိတ်ပြုပြင်မှုလုပ်တာ မဆန်းတော့ ဘူး။ နိုင်ငံ ခြားတွေမှာဆို ခွဲစိတ်ပြုပြင်မှုက ထမင်းစား ရေသောက်ထက်တောင် လွယ်သေးတယ်”ဟု ၀ါဆိုမိုးဦးက ပြောလိုက်ပါသေးသည်။

စည်သူမင်းချို
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List