Tuesday, January 20, 2015

IS အဖွဲ့က မိန်းမလျှာများအားမျှော်စင်ပေါ်မှ တွန်းချသတ်ဖြတ်



ISIS စစ်သွေးကြွအဖွဲ.မှ လူမြင်ကွင်းတွင် သတ်ဖြတ်မှုများ ဆက်တိုက်ပြုလုပ် နေပြီး ၄၈ နာရီအတွင်း လူ ၁၇ ဦးအား သတ်ဖြတ်ရာတွင်၊ မိန်းမလျှာနှစ်ဦးအား မျှော်စင်ပေါ်မှတွန်းချ သတ်ဖြတ်ခဲ့သကဲ့သို့ အမျိုးသမီးတစ်ဦးအားလည်း ခဲများဖြင့် ပစ်ပေါက်သတ်ဖြတ်ခဲ့သည်။ 
စိတ်ခြောက်ခြားဖွယ်ရာ ကွပ်မျက်သည့်ဓာတ်ပုံများမှာ ထိုအဖွဲ.နှင့်ဆက်စပ်သည့် အင်တာနက်လှုမှုကွန်ယက်သုံးစွဲသူများ၏ စာမျက်နှာများတွင် လွန်ခဲ့သည့် အပတ်ကြာသာပတေးနေ့က ထွက်ပေါ်လာခြင်းဖြစ်သည်။ 

ထို့ပြင် ၄င်းတို့အဖွဲ.ကပင် ဂျပန်လူမျိုးဓားစာခံနှစ်ဦးအား သတ်ရန်ခြိမ်းခြောက် ထားသည်ဟု ယုဆရသော ရုပ်သံဗီဒီယိုအား ထုတ်ပြန်ခဲ့ပြီး ဂျပန်အစိုးရက ဒေါ်လာသန်း ၂၀၀ မပေးပါက ၄င်းတို့နှစ်ဦးအား သတ်ပစ်မည်ဟုဆိုသည်။ 

ထိုစစ်သွေးကြွအဖွဲ.မှာ အီရတ်နိုင်ငံအနောက်ပိုင်းနှင့် ဆီးရီးယားအရှေ.ပိုင်း တို့အား သိမ်းပိုက်ထားပြီး သတင်းစာဆရာများ၊ ဖမ်းဆီးရမိသောစစ်သည် များအား ခေါင်းဖြတ်သတ်သဖြင့် နိုင်ငံတကာက အမျက်ထွက်ကာ အမေရိကန် ဦးဆောင်သော ညွှန့်ပေါင်းအဖွဲ.က လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှု များပြုလုပ်နေသည်။ 

The Yangon Globe

No comments:

Post a Comment

My Blog List