Monday, January 19, 2015

အိုင်အက်စ်အရေး နိုင်ငံပေါင်း ၂၀ ပါဝင်သည့် ဆွေးနွေးပွဲတစ်ခု လန်ဒန်တွင် ပြုလုပ်မည်


အစ္စလာမ္မစ်သွေးကြွအဖွဲ့ နှိမ်နင်းရေး မဟာမိတ်အဖွဲ့၏ဆွေးနွေးပွဲတစ်ရပ်ကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဖိလစ်ဟမ်မွန်နှင့် အမေရိကန်နိုင် ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့ ဦးဆောင်၍ လန်ဒန်မြို့၌ ဇန်နဝါ ရီ ၂၂ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်း အဝေးသို့ အာရပ်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၂ဝခန့်မှ နိုင် ငံခြားရေး ဝန်ကြီးများက အီရတ်နှင့် ဆီးရီးယား နယ်မြေများတွင် ခြေကုပ်ယူ ထားသည့် စစ်သွေးကြွများအား တိုက်ခိုက်နေသည့် အခြေအနေနှင့် ပတ်သက် ၍ဆွေးနွေး သွားကြ မည်ဖြစ်ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဟမ်မွန်က ''အိုင်အက်စ်အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်နေ မှုတွေအပေါ်မှာ   ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင် ရွက်မှုဟာဘယ် အတိုင်း အတာ အထိ ရောက်နေပြီလဲဆိုတာ သုံးသပ်အ ကဲဖြတ်ဖို့ အခွင့်အရေး တစ်ခုကို ဒီဆွေးနွေး ပွဲကနေ ရရှိမှာဖြစ်ပါတယ်''  ဟုပြော ကြားသည်။

ပြည်ပတိုက်ခိုက်ရေးသမားများ ပြဿနာကိုဖြေရှင်းရေး၊ အိုင်အက်စ်အဖွဲ့ သို့ ငွေကြေးထောက်ပံ့နေသည့် လမ်းကြောင်းများကို ဖြတ်တောက်ရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီမှုများပေးရေး နှင့် မဟာမိတ် အဖွဲ့၏ စစ်ရေး တိုက်ခိုက်မှု များဆက်လက် လုပ်ဆောင်မည့် အခြေအနေတို့ ကိုဆွေးနွေး သွား မည်ဖြစ်သည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် တို့ ပြီးခဲ့သည့်သီတင်းပတ် အတွင်းက ဝါရှင်တန်မြို့တွင် တွေ့ဆုံခဲ့ပြီးနောက် ယခုဆွေးနွေးပွဲ ကျင်းပရန် အစီအစဉ် ထွက်ပေါ် လာခြင်း ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List