Tuesday, January 20, 2015

ဒေါက်တာ ထွန်းအောင် အထူးလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်



အင်းစိန် အကျဉ်းထောင်မှာ ထောင်ဒဏ်နှစ်ရှည် ကျခံနေရတဲ့ ဒေါက်တာ ထွန်းအောင်ကို နိုင်ငံတော်သမတရဲ့ အထူး လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ဒီကနေ့ ညနေ ၄ နာရီမှာ လွှတ်ပေးလိုက်ပါတယ်။
ဒီလို လွတ်မြောက်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်ပေးသူကတော့ အမေရိကန် အောက်လွှတ်တော်အမတ် Aaron Schock ဖြစ်ပြီး ၀ိုင်းဝန်းကူညီခဲ့တဲ့ အဖွဲ့အစည်းကတော့ ချက်နိုင်ငံအခြေစိုက် Prgaue Freedom Foundation ဖြစ်ပါ တယ်။

ဒေါက်တာ ထွန်းအောင်ဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ အကြား ပဋိပကနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ မူလက ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရာကနေ နောက်ပိုင်းမှာ ပြစ်ဒဏ်ကို ၉ နှစ်လျှော့ပေါ့ သတ်မှတ်ခဲ့ပါတယ်။

သူ လွတ်မြောက်ဖို့အတွက် ကြိုးစားခဲ့တဲ့ အောက်လွှတ်တော်အမတ်က အခုလို လွှတ်ပေးလိုက်တဲ့အတွက် မြန်မာ အစိုးရ ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ကြိုးစားနေတာ ဖြစ်တယ်ဆိုတာ သက်သေပြတာ ဖြစ်ကြောင်း အမေရိကန် နဲ့မြန် မာဆက်ဆံရေး ကောင်းမွန်လာတဲ့ သက်သေဖြစ်ကြောင်း အောက်လွှတ်တော်အမတ် Aaron Schock က ပြောပါတယ်။

ဒီနေ့ညနေမှာ လွှတ်မြောက်လာတဲ့ ဒေါက်တာထွန်းအောင်ဟာ သမီးဖြစ်သူနဲ့ ပြန်လည်တွေ့ဆုံခဲ့ပြီး အမေရိကန်အောက် လွှတ်တော် အမတ် Aaron Schock နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒေါက်တာထွန်းအောင် ဟာ RFA သတင်းဌာနနဲ့ လည်း သီးသန့်အင်တာဗျုးပြုလုပ်ခဲ့ပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List