Tuesday, January 20, 2015

ယူကရိန်း အရှေ့ပိုင်းတွင် တိုက်ပွဲများ အရှိန်မြင့် လာခြင်းကို ထိတ်လန့် တုန်လှုပ် မိကြောင်း ကုလအကြီး အကဲပြော


ယူကရိန်းနိုင်ငံ အရှေ့ခြမ်းရှိဒိုးနက်စ် လေဆိပ်ဝန်းကျင်တွင် အစိုးရတပ်ဖွဲများနှင့် ရုရှလိုလားသော သူပုန်များ အကြား တိုက်ပွဲများပြင်း ထန်နေမှုအပေါ်ထိတ်လန့် တုန်လှုပ်မိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဇန်နဝါရီ ၁၈ရက်တွင် သတိပေးပြော ကြားလိုက်ပြီး တိုက်ခိုက်နေမှုများကို ချက်ချင်းရပ်တန့် ကြရန်တောင်းဆို လိုက်သည်။
ယူကရိန်း တပ်ဖွဲ့ များက တင့်ကား များဖြင့် ရှေ့တန်းစစ် မျက်နှာသို့ ချီတက် လာကြပြီး ရုရှလို လားသော သူပုန် များကိုလေဆိပ် ဧရိယာထဲမှ တိုက်ထုတ် မည် ဟုကြေညာ ထားရာ ဒိုးနက်စ်မြို့မှာလည်း လက်နက်ကြီးများ ကျရောက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ ရှိနေသည်။ တိုက်ပွဲများ အရှိန်မြင့်လာခြင်း ကိုထိတ်လန့် ပူ ပန်မိကြောင်း ကုလ အကြီးအကဲက ကြေညာချက် တစ်ရပ် ထုတ်ပြန်ပြော ကြားသည်။

ယခုတိုက်ပွဲ များသည် ၂ဝ၁၄ စက်တင် ဘာလ အပစ်အခတ် ရပ်စဲရေး သဘော တူညီမှုတစ်ခု အပြည့်အဝ အသက်ဝင် လာရေး အပေါ် ခြိမ်းခြောက်နေသည့်အ တွက်နှစ် ဖက်စလုံးက ရန်လိုမှုများကို လျှော့ချကာ တိုက်ပွဲများ ရပ်တန့်ကြရန် ကုလအကြီးအကဲ ကတောင်း ဆိုခဲ့သည်။

ယခုတစ်ပတ် အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများအတွင်း ယူကရိန်း စစ်သားလေးဦး အပါအဝင် အနည်းဆုံး ၁၄ ဦး ကျဆုံးသွားခဲ့သည်။ ဒိုနက်စ်ဒေသနေရာများစွာတွင်လည်း လက်နက်ကြီးများ ကျရောက်မှုကြောင့်နေ အိမ်များ ပျက်စီးခဲ့ပြီး လျှပ်စစ်မီးများလည်း ပြတ်တောက်ခဲ့ ရခြင်းကြောင့် စီးပွားရေး လုပ်ငန်းများကို ထိခိုက် နစ်နာစေခဲ့သည်။

တိုက်ပွဲများကို ပြန်လည်အရှိန်လျှော့ချရေးအတွက် ကူညီထောက်ပံ့မှု များပေး သွားရန် ကုလ သမဂ္ဂက အဆင့် သင့်ရှိကြောင်း၎င်း ကပြောသည်။ လစ်သူရေးနီးယားနိုင်ငံ၏တောင်းဆိုမှုအရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သည်ယူကရိန်းနိုင်ငံရှိ အကျပ် အတည်းများနှင့် ပတ်သက်၍ ဇန်နဝါရီ ၂၁ ရက် တွင်ဆွေးနွေး သွားမည်ဖြစ်သည်။

ယမန်နှစ် ဧပြီလ ကတည်းက ယူကရိန်း အစိုးရ တပ်ဖွဲ့ များနှင့် ရုရှလို လားသော သူပုန် အဖွဲ့များ အကြား ဖြစ်ပွား ခဲ့သော တိုက်ပွဲ များအတွင်း လူပေါင်း ၄,၈ ဝဝကျော်သေဆုံး ခဲ့ရပြီး ယင်းပဋိပက္ခ တိုက်ပွဲများသည် ၁၉၉ဝ ပြည့်နှစ်က ဘော် ကန်စစ်ပွဲများ နောက်ပိုင်း ဥရောပဒေသ၏ အဆိုးရွားဆုံး လူသားချင်း စာနာမှု ဆိုင်ရာ အကျပ်အတည်း စစ်ပွဲတစ်ရပ် လည်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List