ဗိုလ်ချုပ် အောင်ဆန်းနှစ် (၁ဝဝ)ပြည့်အထိမ်း အမှတ်အဖြစ် ဗိုလ်ချုပ်ရုပ်တု သုံးမျိုး ကို မန္တလေးမြို့မှ ပန်းပုဆရာ တစ်ဦး ကထုလုပ်ရောင်းချပေးနေရာ ဝယ်ယူ စုဆောင်းသူများပြားနေကြောင်း သိရသည်။
မန္တလေးမြို့မှ ပန်းပုဆရာ ဦး အောင်ကျော်၏ အောင်ပန်းပုလုပ်ငန်းက တပ်မတော်၏ ဖခင်ကြီးဗိုလ်ချုပ်အောင် ဆန်း ၏ ပုံတူသုံးမျိုး အား ပန်းပု ပညာဖြင့် ဆန်းသစ်စွာ ပုံဖော်ပေးခဲ့ပြီး ကြေးနီရောင်ဖယောင်း ရုပ်တု သုံးမျိုး အား ယခုနှစ် ဇန်နဝါရီလတွင် ဈေးကွက်အတွင်းသို့ ရောက်ရှိခဲ့ရာ လူကြိုက် များခဲ့ရသည်။
ဗိုလ်ချုပ်၏ ဦးခေါင်းပုံကို အသွင် သုံးမျိုးဖြင့် ထုလုပ်ခဲ့ရာ ဗိုလ်ချုပ်ရုပ် တုများမှာ ဂျပန်တော်လှန်ရေးကာလ က လှုပ်ရှားခဲ့သောဓာတ်ပုံ၏ပုံတူ ရုပ်တု၊ ခေါင်းတုံး ပုံစံဖြင့် ထုလုပ်ထားသည့်ပုံတူနှင့် မောင့်ကျက် သရေ ခေါင်းပေါင်းနှင့် အသရေ တင့်လှစွာ သော ပုံတူတို့ကို ရုပ်လုံးသွင်းထု လုပ်ထားသဖြင့် ဗိုလ်ချုပ် အား ချစ် မြတ်နိုးတန်ဖိုးထားကြသူများက ဧည့် ခန်းများ၌ ချိတ်ဆွဲရန် ဝယ်ယူ ခဲ့ကြ ခြင်းဖြစ်သည်။
တစ်ခုလျှင် ကျပ် ၇ဝဝဝ ဖြင့် နယ်မြို့များတွင် အရောင်းသွက် နေကြောင်း သိရသည်။
YYT (NB)
#Democracytoday
No comments:
Post a Comment