လူ့အခွင့်အရေးချိုး ဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီ
ဖွဲ့စည်းခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၆ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ
ယုဒဿန် ခန်းမ၌ကျင်းပခဲ့ပြီး
အမျိုးသားရေးလှုပ်ရှားသူများ၊ ဒီမိုကရေစီ အရေးလှုပ်ရှားသူများ၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီ ဖွဲ့စည်း ခြင်းအခမ်းအနားကို နာယက အဖြစ် ရွှေဝါ ရောင် သံဃာ့လှုပ်ရှားမှု ဆရာတော်များနှင့် စည်းလုံးညီညွတ်သောဒီမိုကရေစီအဖွဲ့မှ ဒေါက်တာ
သက်မင်း၊ ဦးလေးမြင့်၊ ဦးအုန်း မောင် အစရှိသည့် လူ့အခွင့်အရေးဆိုင်ရာ တက်ကြွ လှုပ်ရှားသူများပါဝင်ပြီး ဥက္ကဋ္ဌအ ဖြစ် ဦးစောနိုင်းနိုင်း(၁၉၉ဝ)၊ရှေ့နေများကွန် ရက်မှ ဦးကြီးမြင့်က ဒုဥက္ကဋ္ဌအဖြစ် တာဝန် ယူပြီး အဖွဲ့ဝင်ပေါင်း ၄၄ဦးခန့်ပါဝင်ကြောင်း သိရသည်။
အခမ်းအနားနှင့်ပတ်သက်၍ မင်္ဂ လာတောင်ညွန့် ရွှေတောင်ကျောင်းတိုက်မှ ဆရာတော် ဦးပညာဝံသက ''မြန်မာ့ဆိုရှယ် လစ် လမ်းစဉ်ခေတ်လောက်တုန်း ကတည်းက မြန်မာနိုင်ငံမှာ အာဏာရှင်လူတန်းစားတွေ ကနေ အခြေခံလူတန်းစားတွေကို လူ့အခွင့် အရေးချိုးဖောက်တာ ခံခဲ့ကြရတယ်လို့ ဦး ဇင်းတို့မြင်ပါတယ်။
ဒါကြောင့် လက်ရှိအခြေ အနေမှာလဲ လူ့အခွင့်အရေး ချိုးဖောက်ခြင်းကို အလုပ်သမားတွေ၊ နိုင်ငံရေး သမားတွေနဲ့ အခြေခံလူတန်းစားတွေက ခံနေရတုန်းပဲလို့ မြင်ပါတယ်''ဟု မိန့်ကြားခဲ့သည်။
လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီ ဖွဲ့စည်း ခြင်း အခမ်းအနားသို့ လူ့အခွင့် အရေး ကာကွယ်မြှင့်တင်ရေးဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ပြည်သူ့ လှုပ်ရှား မှု မြှင့်တင်ရေးအဖွဲ့အစည်းများ၊ မြန် မာနိုင်ငံ အလုပ်သမားများသမဂ္ဂမှ တာဝန်ရှိ သူများ၊ ဗမာနိုင်ငံလုံး
ဆိုင်ရာ တောင်သူလယ် သမားများကွန်ရက်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
Yangon Media Group

No comments:
Post a Comment