Friday, January 23, 2015

ထောက်လှမ်းရေးအဆမတန်ပြုလုပ်သော်လည်းအကြမ်းဖက်ဝါဒကိုမတားဆီးနိုင်ဟု စနိုဒင်ကဆို


အမေရိကန်လျှို့ဝှက်သတင်းဖွင့်ချသူ အက်ဒွပ်စနိုဒင်က အဆမတန်ဝိုင်ယာလက်စ်ကြားဖြတ် နား ထောင်ခြင်း ၏ အကျိုး သက်ရောက်မှုအပေါ် သံသယရှိမှုအား ထပ်မံ အတည်ပြုပြောကြားလိုက်သည်။ ၎င်း က မကြာမီက ပဲရစ်တိုက်ခိုက်မှုကို ကိုးကားဖော်ပြခဲ့ခြင်းဖြစ်သည်။
ပြင်သစ်သည် ကြားဖြတ်နား ထောင်မှုများသောနိုင်ငံဖြစ်ကြောင်း ဥရောပ၌အကုန်အကျများ၍ ကျယ် ပြန့်သော ထောက်လှမ်းရေး ဥပဒေ ရှိကြောင်း၊ သို့ရာတွင် တိုက်ခိုက်မှု ကို မဟန့်တားနိုင်ခဲ့ကြောင်း စနိုဒင် က ဒတ်ခ်ျရုပ်သံ NOS ချင်နယ်နှင့် တွေ့ဆုံခန်း၌ပြောကြားလိုက်သည်။ ဤအရာမှာ နိုင်ငံတိုင်း၌ အဓိကကျ သည့် တွေ့ရှိရချက်ဖြစ်သည်ဟု ၎င်း က ဆိုသည်။

အမေရိကန်၌ တစ်ဦးချင်းတိုက် ခိုက်မှုအား ကြီးမားသောထောက်လှမ်း မှုက မဟန့်တားနိုင်ကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် လန်ဒန်၌ ဖြစ် စေ၊ စပိန်၌ဖြစ်စေ၊ ဘော်စတွန်၌ ဖြစ်စေ မဟန့်တားနိုင်ဟု ၎င်းကပြော ခဲ့သည်။

စနိုဒင်မှာ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) အတွက်ကန်ထရိုက်အလုပ်လုပ်နေစဉ် ၂၀၁၃ ခုနှစ် ဇွန်လထဲ၌ ၎င်းကြား ဖြတ်နားထောင်ဖမ်းယူထားသည့် လုံ ခြုံရေးအချက်အလက်များကို ဖော်ထုတ်ခဲ့၍ နိုင်ငံတကာမှ သိရှိခဲ့သူ ဖြစ်သည်။

၎င်းအား အမေရိကန်တွင် လျှို့ဝှက်ချက်များ ပေါက်ကြားမှုဖြင့် စွဲချက်တင်ထားပြီး ရုရှားက ၂၀၁၃ ခုနှစ် ဩဂုတ်လ၌ နိုင်ငံရေးခိုလှုံခွင့် ပေးခဲ့သည်။

လက်ရှိတွင် ဒတ်ခ်ျအစိုးရက ၎င်း၏ ထောက်လှမ်းရေး ဥပဒေသစ်ကို လေ့လာလျက်ရှိပြီး အီးမေး လ် နှင့်အင်တာ နက်ဆက်သွယ် မှုအား လုံးကို ဖမ်းယူနားထောင်ရန် ပါရှိ သည်ဟု ဆိုသည်။

စနိုဒင်က ဤသို့လုပ်ရန် မလို အပ်ကြောင်း အဆမတန်ထောက် လှမ်းခြင်းဖြင့် အကြမ်းဖက်တိုက်ခိုက်မှုကို မရပ်တန့်နိုင်သကဲ့သို့ ၎င်းတို့ ကို ဖမ်းဆီးမမိနိုင်ကြောင်း ၂၀၁၃ ခုနှစ် ဘော်စတွန်မာရသွန် ဗုံးခွဲ မှုကို NSA က လက်ဦးသိရှိခဲ့သော်လည်း မဟန့်တားနိုင် ခဲ့ဟု ဆိုသည်။

ပြသနာမှာ များပြားသောသတင်းအချက် အလက်များအတွက် လူမည်မျှတာ ဝန်ပေးထားနိုင်သလဲဆိုသည့် အချက် ဖြစ်သည်ဟု ၎င်းက ပြောခဲ့သည်။

စနိုဒင်သည် ၂၀၁၃ခုနှစ်က မော်စ ကိုနယ်သာလန်သံရုံး၌ ခိုလှုံခွင့်တောင်း ခဲ့သော်လည်း မရခဲ့ပေ။ ယခုရုရှား ၌ ၂၀၁ရခုနှစ်ထိ နေခွင့်ရသော်လည်း နယ်သာလန်သို့ လာလိုကြောင်း စနိုဒင်က ပြောခဲ့သည်။

Ref : Xinhua
‪#‎Democracytoday‬

No comments:

Post a Comment

My Blog List